ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခုိင္ၿမိဳ႕ႏွင့္ ၇ မုိင္အကြာရြာရွိ ေက်ာက္ဂူတြင္ ဆင္းတုေတာ္ မ်ားစြာေတြ႕ရိွ

ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခုိင္ၿမိဳ႕ႏွင့္ ၇ မုိင္အကြာရြာရွိ ေက်ာက္ဂူတြင္ ဆင္းတုေတာ္ မ်ားစြာေတြ႕ရိွ
သြဂုတ် 22, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ကြတ္ခိုင္ၿမိဳ႕ႏွင့္ (၇)မိုင္ခန္႔အကြာ ကာလိုင္ေက်းရြာအနီးရွိ ေက်ာက္ဂူတစ္ခုတြင္ ေရွးေဟာင္း ဆင္းတုေတာ္မ်ားဟု ယူဆရသည့့္ ဆင္းတုေတာ္မ်ားအား ၾသဂုတ္လ(၂၁)ရက္ေန႔တြင္ ေဒသခံမ်ားက ေတြ႔ရိွရသျဖင့္ သက္ဆုိင္ရာသို႔ အေၾကာင္းၾကားထားေၾကာင္း သိရသည္။

“ေက်ာက္ဂူကေတာ့ အရမ္းေတာ့မႀကီးပါဘူး။ ဂူရဲ့ အလယ္တည့္တည့္ ေျမေပၚမွာ ဆင္းတုေတာ္(၅)ဆူကို ေတြ႔ရတယ္။ က်န္တဲ့ဆင္းတုေတာ္ေတြကေတာ့ ေနရာအႏွံ႔မွာရွိေနတာ ျဖစ္ပါတယ္။ က်ိဳးျပတ္ ေနတာေတြရယ္ ေကာင္းမြန္ေနဆဲ ေတြ႔ရွိရတာကေတာ့ ေျမေပၚမွာတင္(၁၂)ဆူေလာက္ရွိပါတယ္” ဟု ကြတ္ခိုင္ၿမိဳ႕ရွိ ျဗဟၼစိုရ္လူမႈကူညီေရးအသင္းမွ ကိုတင္ဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

ေဒသခံမ်ားမွ အေၾကာင္းၾကားသျဖင့္ ကြတ္ခိုင္ၿမိဳ႕ရွိ ျဗဟၼစိုရ္လူမႈကူညီေရးအသင္းႏွင့္ ေဒသတြင္း ယဥ္ေက်းမႈအဖြဲ႕အခ်ိဳ႕က သြားေရာက္ၾကည့္ရႈခဲ့ရာ ကာလိုင္ေက်းရြာမွ ေဒၚလံုေက်းရြာသို႔ သြားသည့္ လမ္းပိုင္းေဘးရွိ ေက်ာက္ဂူငယ္တစ္ခုအတြင္း ဆင္းတုေတာ္မ်ား ေတြ႔ရွိခဲ့ရျခင္းျဖစ္ေၾကာင္း ျဗဟၼစိုရ္လူမႈကူညီေရးအသင္းမွ သိရသည္။

ဆင္းတုေတာ္မ်ားမွာ အရြယ္အစားမ်ိဳးစံုရွိၿပီး ဥာဏ္ေတာ္(၄)ေပခန္႔အျမင့္ရွိ သစ္သားဆင္းတုေတာ္မွာ လတ္တေလာ ေတြ႔ရွိရသည့္အထဲတြင္ အႀကီးမားဆံုးျဖစ္ကာ ေျမေအာက္တြင္လည္း ရွိေနႏိုင္သည္ဟု ခန္႔မွန္းရေၾကာင္း သိရသည္။

“အဲဒီရြာက အသက္(၈၀)ေက်ာ္ အဖိုးအိုတစ္ေယာက္ေျပာျပတာကေတာ့ သူ႔မိဘေတြ ေျပာျပထားဖူးတဲ့ အတိုင္းဆိုရင္ လြန္ခဲ့တဲ့ႏွစ္ေပါင္း(၁၀၀)ေက်ာ္က ( လာ ) လူမ်ိဳးႏြယ္စုေတြရဲ့ ပစၥည္းေတြျဖစ္ႏိုင္တယ္လို႔ ေျပာတယ္။ သူ႔ဆီမွာလည္း ေကာက္ရထားတဲ့ ဆြဲျပားလို ေရွးေဟာင္းပစၥည္းေလးေတြကို ျပတယ္၊ ဆင္းတုေတာ္ေတြကို ေတြ႔ရွိတာနဲ႔ ပတ္သက္ၿပီး သက္ဆိုင္ရာေတြကိုေတာ့ အေၾကာင္းၾကားထားပါတယ္ “ဟု ျဗဟၼစိုရ္လူမႈကူညီေရး အသင္းမွ ကိုတင္ဝင္းက ေျပာသည္။

နယ္ေျမလံုၿခံဳမႈ မရွိသည့္ ေဒသအတြင္းေတြ႕ရွိထားျခင္းျဖစ္သည့္အတြက္ လတ္တေလာတြင္ အဆိုပါ ဆင္းတုေတာ္မ်ားအား ေရႊ႕ေျပာင္းျခင္း မျပဳႏိုင္ေသးဘဲ ယဥ္ေက်းမႈဌာနမ်ားမွ တာဝန္ရွိသူမ်ားႏွင့္ ေကာ္မတီအဖြဲ႔ ဖြဲ႔၍ ဆက္လက္လုပ္ေဆာင္သြားရန္ စီစဥ္ေနသည္ဟု ျဗဟၼစိုရ္လူမႈကူညီေရး အသင္းမွဆိုသည္။

“အဲဒီကိစၥကိုစံုစမ္းရပါဦးမယ္ခင္ဗ်။ ဘယ္လိုဆက္လုပ္သြားမယ္ ဆိုတာကေတာ့ ဆင္းတုေတာ္ေတြကို ေတြ႔ရွိတာနဲ႔ပတ္သက္ၿပီး ျပည့္ျပည့္စံုစံုသိရၿပီးမွ စီစဥ္ရမွာျဖစ္ပါတယ္ “ဟု ကြတ္ခိုင္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္လြင္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

လတ္တေလာ ဂူအတြင္းရွိေျမေပၚတြင္ေတြ႔ရွိရသည့္ ဆင္းတုေတာ္မ်ားမွာ ဥာဏ္ေတာ္(၄)ေပခန္႔ အျမင့္ရွိ ျခစားခံထားရသည့္ ရပ္ေတာ္မူဆင္းတုေတာ္တစ္ဆူ၊ ဥာဏ္ေတာ္(၁၀)လက္မခန္႔ရွိ ထိုင္ေတာ္မူ ေက်ာက္သား ဆင္းတုေတာ္(၅)ဆူ ႏွင့္ ပ်က္စီးေနသည့္ ဆင္းတုေတာ္မ်ားအပါအဝင္ စုစုေပါင္း(၁၂)ဆူခန္႔ ရိွေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓာတ္ပံု - ကိုေဝယံ (ျဗမၼာစိုရ္ လူမႈကူညီေရးအသင္း ကြတ္ခိုင္ )



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နှင့် (၇)မိုင်ခန့်အကွာ ကာလိုင်ကျေးရွာအနီးရှိ ကျောက်ဂူတစ်ခုတွင် ရှေးဟောင်း ဆင်းတုတော်များဟု ယူဆရသည့် ဆင်းတုတော်များအား သြဂုတ်လ(၂၁)ရက်နေ့တွင် ဒေသခံများက တွေ့ရှိရသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားထားကြောင်း သိရသည်။

“ကျောက်ဂူကတော့ အရမ်းတော့မကြီးပါဘူး။ ဂူရဲ့ အလယ်တည့်တည့် မြေပေါ်မှာ ဆင်းတုတော်(၅)ဆူကို တွေ့ရတယ်။ ကျန်တဲ့ဆင်းတုတော်တွေကတော့ နေရာအနှံ့မှာရှိနေတာ ဖြစ်ပါတယ်။ ကျိုးပြတ် နေတာတွေရယ် ကောင်းမွန်နေဆဲ တွေ့ရှိရတာကတော့ မြေပေါ်မှာတင်(၁၂)ဆူလောက်ရှိပါတယ်” ဟု ကွတ်ခိုင်မြို့ရှိ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းမှ ကိုတင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

ဒေသခံများမှ အကြောင်းကြားသဖြင့် ကွတ်ခိုင်မြို့ရှိ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းနှင့် ဒေသတွင်း ယဉ်ကျေးမှုအဖွဲ့အချို့က သွားရောက်ကြည့်ရှုခဲ့ရာ ကာလိုင်ကျေးရွာမှ ဒေါ်လုံကျေးရွာသို့ သွားသည့် လမ်းပိုင်းဘေးရှိ ကျောက်ဂူငယ်တစ်ခုအတွင်း ဆင်းတုတော်များ တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းမှ သိရသည်။

ဆင်းတုတော်များမှာ အရွယ်အစားမျိုးစုံရှိပြီး ဉာဏ်တော်(၄)ပေခန့်အမြင့်ရှိ သစ်သားဆင်းတုတော်မှာ လတ်တလော တွေ့ရှိရသည့်အထဲတွင် အကြီးမားဆုံးဖြစ်ကာ မြေအောက်တွင်လည်း ရှိနေနိုင်သည်ဟု ခန့်မှန်းရကြောင်း သိရသည်။

“အဲဒီရွာက အသက်(၈၀)ကျော် အဖိုးအိုတစ်ယောက်ပြောပြတာကတော့ သူ့မိဘတွေ ပြောပြထားဖူးတဲ့ အတိုင်းဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း(၁၀၀)ကျော်က ( လာ ) လူမျိုးနွယ်စုတွေရဲ့ ပစ္စည်းတွဖြေစ်နိုင်တယ်လို့ ပြောတယ်။ သူ့ဆီမှာလည်း ကောက်ရထားတဲ့ ဆွဲပြားလို ရှေးဟောင်းပစ္စည်းလေးတွေကို ပြတယ်၊ ဆင်းတုတော်တွေကို တွေ့ရှိတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတွေကိုတော့ အကြောင်းကြားထားပါတယ် “ဟု ဗြဟ္မစိုရ်လူမှုကူညီရေး အသင်းမှ ကိုတင်ဝင်းက ပြောသည်။

နယ်မြေလုံခြုံမှု မရှိသည့် ဒေသအတွင်းတွေ့ရှိထားခြင်းဖြစ်သည့်အတွက် လတ်တလောတွင် အဆိုပါ ဆင်းတုတော်များအား ရွှေ့ပြောင်းခြင်း မပြုနိုင်သေးဘဲ ယဉ်ကျေးမှုဌာနများမှ တာဝန်ရှိသူများနှင့် ကော်မတီအဖွဲ့ ဖွဲ့၍ ဆက်လက်လုပ်ဆောင်သွားရန် စီစဉ်နေသည်ဟု ဗြဟ္မစိုရ်လူမှုကူညီရေး အသင်းမှဆိုသည်။

“အဲဒီကိစ္စကိုစုံစမ်းရပါဦးမယ်ခင်ဗျ။ ဘယ်လိုဆက်လုပ်သွားမယ် ဆိုတာကတော့ ဆင်းတုတော်တွေကို တွေ့ရှိတာနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံသိရပြီးမှ စီစဉ်ရမှာဖြစ်ပါတယ် “ဟု ကွတ်ခိုင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

လတ်တလော ဂူအတွင်းရှိမြေပေါ်တွင်တွေ့ရှိရသည့် ဆင်းတုတော်များမှာ ဉာဏ်တော်(၄)ပေခန့် အမြင့်ရှိ ခြစားခံထားရသည့် ရပ်တော်မူဆင်းတုတော်တစ်ဆူ၊ ဉာဏ်တော်(၁၀)လက်မခန့်ရှိ ထိုင်တော်မူ ကျောက်သား ဆင်းတုတော်(၅)ဆူ နှင့် ပျက်စီးနေသည့် ဆင်းတုတော်များအပါအဝင် စုစုပေါင်း(၁၂)ဆူခန့် ရှိကြောင်း သိရသည်။

သတငျး - နဖွေိုးမွငျ့
ဓာတျပုံ - ကိုဝယေံ (ဗွမ်မစိုရျ လူမှုကူညီရေးအသငျး ကှတျခိုငျ )

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~