သွဂုတျ 30, 2017
By 🌸
ရှမ်းပြည်နယ်အတွင်း H1N1 ဖြစ်ပွားမှုအခြေအနေမှာ လားရှိုးမြို့ ပြည်သူ့ဆေးရုံတွင် သြဂုတ်လ (၂၉)ရက်နေ့က H1N1 အတည်ပြုလူနာတစ်ဦး ကုသမှုခံယူနေပြီး သြဂုတ်လ (၃၀)ရက်နေ့တွင် သံသယလူနာတစ်ဦး၏အဖြေအား စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
ရှမ်းပြည်နယ်အတွင်း H1N1 စတင်တွေ့ရှိသည့် ဇူလိုင်လ (၃၁)ရက်နေ့မှစ၍  သြဂုတ်လ (၁၇)ရက်နေ့အထိ အတည်ပြုလူနာ (၁၅)ဦးရှိခဲ့ရာ လူနာအားလုံး ဆေးရုံမှ ဆင်းသွားနိုင်ပြီး သြဂုတ်လ (၂၄)ရက်နှင့် (၂၆)ရက် နေ့များတွင် ကျောက်မဲပြည်သူ့ဆေးရုံတွင် အတည်ပြုလူနာ(၂)ဦးရှိခဲ့ရာ ကျန်းမာရေးအခြေအနေ ကောင်းမွန်သွားပြီဖြစ်ကာ သြဂုတ်လ (၃၀)ရက်နေ့အခြေအနေမှာ လားရှိုးပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် အတည်ပြုလူနာ (၁)ဦးနှင့် သံသယလူနာ (၁)ဦး ရှိနေကြောင်း သိရသည်။
သတင်း #ချယ်ရီထိုက်
ဓါတ်ပုံ #ညီစေမင်း
~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုးတွင် H1N1 အတည်ပြုလူနာတစ်ဦးနှင့် သံသယလူနာတစ်ဦး တွေ့ရှိ
**********
ရှမ်းပြည်နယ်အတွင်း H1N1 ဖြစ်ပွားမှုအခြေအနေမှာ လားရှိုးမြို့ပြည်သူ့ဆေးရုံတွင် သြဂုတ်လ (၂၉)ရက်နေ့က H1N1 အတည်ပြုလူနာတစ်ဦး ကုသမှုခံယူနေပြီး သြဂုတ်လ (၃၀)ရက်နေ့တွင် သံသယလူနာတစ်ဦး၏အဖြေအား စောင့်နေဆဲဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
“ရှမ်းပြည်နယ်တစ်ခုလုံးမှာ အရင်ကုသမှုခံယူပြီး ဆေးရုံကဆင်းသွားကြတဲ့ H1N1 အတည်ပြုလူနာ (၁၅)ဦးနောက်ပိုင်းမှာ ကျောက်မဲပြည်သူ့ဆေးရုံက H1N1 အတည်ပြုလူနာ သားအမိနှစ်ယောက်ကလည်း ဆေးရုံက ဆင်းပါပြီ။ အခုလက်ရှိတော့ မနေ့က အတည်ပြုလိုက်တဲ့ လားရှိုးပြည်သူ့ဆေးရုံက အမျိုးသားလူနာတစ်ဦးရယ် နောက်ထပ် သံသယလူနာတစ်ဦးရယ် ရှိပါတယ်။ အားလုံး အခြေအနေကောင်းမွန်နေတယ်လို့ သိရပါတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လားရှိုးမြို့ ရပ်ကွက် (၈)မှ အမျိုးသားလူနာအား H1N1 အတည်ပြုလူနာအဖြစ် သြဂုတ်လ(၂၉)ရက်နေ့က အတည်ပြုလိုက်ခြင်းဖြစ်ပြီး ဒေသတွင်း စောင့်ကြည့်စစ်ဆေးခြင်းကို လုပ်ဆောင်ထားကြောင်း လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
“ရပ်ကွက်(၈)က အမျိုးသားတစ်ဦး H1N1 အတည်ပြုလူနာအဖြစ် လားရှိုးပြည်သူ့ဆေးရုံမှာ ကုသမှုခံယူနေတာပါ။ ဒေသတွင်း အသိပညာပေးနဲ့စောင့်ကြည့်ရေးလုပ်ငန်းတွေ လုပ်ဆောင်ထားပါတယ်”ဟု လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှမ်းပြည်နယ်အတွင်း H1N1 စတင်တွေ့ရသည့် ဇူလိုင်လ (၃၁)ရက်နေ့မှစ၍ သြဂုတ်လ (၁၇)ရက်နေ့အထိ အတည်ပြုလူနာ (၁၅)ဦးရှိခဲ့ရာ လူနာအားလုံး ဆေးရုံမှဆင်းသွားနိုင်ပြီး သြဂုတ်လ (၂၄)ရက်နှင့် (၂၆)ရက်နေ့များတွင် ကျောက်မဲပြည်သူ့ဆေးရုံတွင် အတည်ပြုလူနာ(၂)ဦးရှိခဲ့ရာ ကျန်းမာရေးအခြေအနေ ကောင်းမွန်သွားပြီဖြစ်ကာ သြဂုတ်လ (၃၀)ရက်နေ့အခြေအနေမှာ လားရှိုးပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် အတည်ပြုလူနာ (၁)ဦးနှင့် သံသယလူနာ (၁)ဦးရှိနေကြောင်း သိရသည်။
သတင်း #ချယ်ရီထိုက်
ဓါတ််ပုံ #ညီစေမင်း
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~