ကျောက်မဲမှ H1N1 အတည်ပြုလူနာ(၂)ဦး အခြေအနေ ကောင်းမွန်

ကျောက်မဲမှ H1N1 အတည်ပြုလူနာ(၂)ဦး အခြေအနေ ကောင်းမွန်
သွဂုတျ 13, 2017
By Tachileik News Agency

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ H1N1 အတည်ပြုလူနာ(၂)ဦးမှာ သြဂုတ်လ (၁၃)ရက်နေ့တွင် အခြေအနေ ကောင်းမွန်နေပြီဖြစ်ကြောင်း သိရသည်။


ကျန်းမာရေးအဖွဲ့က တော့ဆန်ကျေးရွာအုပ်စုတွင် သြဂုတ်လ (၇)ရက်နှင့် (၈)ရက်နေ့များတွင် ကွင်းဆင်းစစ်ဆေးကာ ဖျားနာလူနာများအား ကုသပေးရာ ယင်းတို့အနက်မှ သံသယရှိလူနာ(၂)ဦးအား ကျောက်မဲဆေးရုံတွင် သြဂုတ်လ (၉)ရက်နေ့ကတည်းက သီးခြားကုသပေးနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လူနာ(၂)ဦးအခြေအနေမှာ ကောင်းမွန်နေပြီး မကြာမီ ဆေးရုံမှ ဆင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်း - နေဖြိုးမြင့်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ H1N1 အတည်ပြုလူနာ(၂)ဦးမှာ သြဂုတ်လ (၁၃)ရက်နေ့တွင် အခြေအနေ ကောင်းမွန်နပြေီဖြစ်ကြောင်း သိရသည်။

“လူနာ(၂)ဦးကတော့ အဖျားရောဂါ သက်သာနေပါပြီ၊ ဆေးရုံက ဆင်းလို့ရတဲ့ အနေအထားထိ သက်သာ ပါတယ်။ သူတို့ စရောက်လာကတည်းက သီးသန့်အဆောင်နဲ့ သီးသန့် ကုသမှုတွေ လုပ်ထားတယ်။ ရောဂါ မပြန့်ပွားအောင် ကြိုတင်ကာကွယ်မှုတွေလည်း လုပ်ထားပါတယ်။ သူတို့ရွာတွေမှာလည်း ဖျားတဲ့သူတွေကို စာရင်းယူထားတယ်။ ကာကွယ်မှုတွေ လုပ်ထားတယ်”ဟု ကျောက်မဲပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျန်းမာရေးအဖွဲ့က တော့ဆန်ကျေးရွာအုပ်စုတွင် သြဂုတ်လ (၇)ရက်နှင့် (၈)ရက်နေ့များတွင် ကွင်းဆင်းစစ်ဆေးကာ ဖျားနာလူနာများအား ကုသပေးရာ ယင်းတို့အနက်မှ သံသယရှိလူနာ(၂)ဦးအား ကျောက်မဲဆေးရုံတွင် သြဂုတ်လ (၉)ရက်နေ့ကတည်းက သီးခြားကုသပေးနခြေင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လူနာ(၂)ဦးအခြေအနေမှာ ကောင်းမွန်နပြေီး မကြာမီ ဆေးရုံမှ ဆင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~