ေက်ာက္မဲျပည္သူ႔ေဆးရံုတြင္ H1N1 အတည္ျပဳလူနာတစ္ဦးႏွင့္ သံသယလူနာတစ္ဦးေတြ႔ရိွ

ေက်ာက္မဲျပည္သူ႔ေဆးရံုတြင္ H1N1 အတည္ျပဳလူနာတစ္ဦးႏွင့္ သံသယလူနာတစ္ဦးေတြ႔ရိွ
သြဂုတ် 24, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ျပည္သူ႔ေဆးရံုတြင္ ငါးႏွစ္အရြယ္ကေလးလူနာအား H1N1 အတည္ျပဳလူနာ အျဖစ္ ၾသဂုတ္လ (၂၄)ရက္ေန႔တြင္ အတည္ျပဳလုိက္ၿပီးေနာက္ ကေလးမိခင္အားလည္း သံသယလူနာအျဖစ္ ဓာတ္ခြဲခန္းစစ္ေဆးမႈလုပ္ေဆာင္ထားၿပီး သီးသန္႔ခြဲ၍ကုသေပးေနေၾကာင္း သိရသည္။

“ကေလးက ေဆးရံုကို ၾသဂုတ္ (၂၀)ရက္ေန႔ကတည္းက ေရာက္တယ္ ဒီေန႔မွ အေျဖရတာေပါ့။ ရာသီတုပ္ေကြး သံသယနဲ႔ အမ်ိဳးသားဓာတ္ခြဲခန္းကို ကေလးရဲ႕ ႏွာေခါင္းတို႔ပတ္ကို ၾသဂုတ္ (၂၀)ရက္ေန႔မွာ ပို႔စစ္ထားတာ ။သူ႔အေမကေတာ့ ၾသဂုတ္ (၂၁)ရက္ေန႔မွာ ပို႔စစ္ထားတာဆိုေတာ့ အေျဖရဖို႔ ေနာက္တစ္ရက္၊ ႏွစ္ရက္ေတာ့ ထပ္ေစာင့္ရမယ္ ထင္ပါတယ္။ ကေလးကေတာ့ ေနေကာင္းေနၿပီ။ ေဆးရံုဆင္းလို႔ရေနၿပီ။ သူ႔အေမေတာ့ အသားဝါ စီပိုးလည္းရိွတာရယ္ ၊ ဖ်ားတာသက္သာေနတာကို ဟိုတစ္ေန႔က အဝတ္ေတြ သြားေလွ်ာ္တာ ျပန္ဖ်ားေနေတာ့ ထပ္ကုေနရတယ္။ ခုေတာ့ သက္သာေနပါၿပီ” ဟု ေက်ာက္မဲျပည္သူ႔ေဆးရံုမွ ေဆးရံုအုုပ္ႀကီး ေဒါက္တာေအာင္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

H1N1 အတည္ျပဳလူနာမွာ ေက်ာက္မဲၿမိဳ႕နယ္ ဟူးကြက္ေက်းရြာအုပ္စု ပန္လင္ရြာမွ အသက္ငါးႏွစ္အရြယ္ ေယာက်္ားေလးလူနာျဖစ္ၿပီး ၎၏မိခင္ျဖစ္သူမွာ သံသယလူနာအျဖစ္ စစ္ေဆးထားဆဲျဖစ္ေၾကာင္း သိရသည္။

“ပန္လင္ရြာမွာ ၾသဂုတ္လ (၁၈)ရက္ေန႔က ဖ်ားတာေတြရိွတယ္ဆိုေတာ့ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးကတစ္ဆင့္ အေၾကာင္းၾကားလာတာေၾကာင့္ က်န္းမာေရးအဖြဲ႕ေတြ ေက်းရြာမွာဆင္းၿပီး စစ္ေဆးကုသတယ္။ ေလးေယာက္ စစ္ေဆးရာမွာ အခုေဆးရံုတက္တဲ့ကေလးကို သံသယေတြ႔တာနဲ႕ ေခၚလာတာ။ လက္ရိွမွာလည္း ဒီရြာမွာလည္း ဖ်ားတဲ့သူေတြ ေစာင့္ၾကည့္စစ္ေဆးတာေတြ လုပ္ေပးေနပါတယ္။ က်န္းမာေရးအဖြဲ႕က ရြာမွာပဲ အထုိင္ခ်ၿပီး ေန႔တုိင္း စစ္ေဆးမႈေတြ လုပ္ေပးေနပါတယ္”ဟု ေဒါက္တာေအာင္ေအာင္က ေျပာသည္။

ရွမ္းျပည္နယ္အတြင္း H1N1 အတည္ျပဳ လူနာမ်ားကို ဇူလိုင္လ (၃၁)ရက္ေန႔မွစတင္ေတြ႔ရိွခဲ့ၿပီး ႏွစ္ပတ္ေက်ာ္ ကာလအတြင္း အတည္ျပဳလူနာ (၁၅)ဦးမွာ ေဆးရံုမွဆင္းသြားသျဖင့္ ေရာဂါထိန္းခ်ဳပ္ႏုိင္မႈ အေျခအေနမွာ တိုးတက္ေကာင္းမြန္ေနေၾကာင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕က ၾသဂုတ္လ (၁၇)ရက္ေန႔တြင္ သတင္းထုတ္ျပန္ထားျခင္း ျဖစ္သည္။

ျပည္နယ္အတြင္း H1N1 ပထမဆံုးေတြ႔ရသည့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုမွ လူနာ (၂)ဦးမွာ ၾသဂုတ္လ (၈)ရက္ႏွင့္ (၉)ရက္ေန႔မ်ားတြင္လည္းေကာင္း၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္၊ ေတာ့ဆန္ေက်းရြာမွ လူနာ (၂)ဦးမွာ ၾသဂုတ္လ (၁၅)ရက္ေန႔တြင္လည္းေကာင္း၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ရိွ ေဆးရံုမ်ားမွ အတည္ျပဳလူနာ (၁၁)ဦးတို႔မွာ ကုသမႈေအာင္ျမင္၍ ေဆးရံုမွ ဆင္းသြားခဲ့ၾကၿပီးျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အတြင္း H1N1 အတည္ျပဳလူနာမ်ား ရိွခဲ့သည့္ က်ိဳင္းတံု၊ ဟဲဟိုးႏွင့္ ေတာ့ဆန္တို႔တြင္ က်န္းမာေရးဌာနမွ အဖြဲ႕မ်ားျဖင့္ ေစာင့္ၾကည့္စစ္ေဆးမႈမ်ားလည္း ဆက္လက္လုပ္ေဆာင္ေနၿပီး ထပ္မံေတြ႔ရိွရသည့္ ပန္လင္ေက်းရြာတြင္လည္း ေစာင့္ၾကည့္စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ပြည်သူ့ဆေးရုံတွင် ငါးနှစ်အရွယ်ကလေးလူနာအား H1N1 အတည်ပြုလူနာ အဖြစ် သြဂုတ်လ (၂၄)ရက်နေ့တွင် အတည်ပြုလိုက်ပြီးနောက် ကလေးမိခင်အားလည်း သံသယလူနာအဖြစ် ဓာတ်ခွဲခန်းစစ်ဆေးမှုလုပ်ဆောင်ထားပြီး သီးသန့်ခွဲ၍ကုသပေးနေကြောင်း သိရသည်။

“ကလေးက ဆေးရုံကို သြဂုတ် (၂၀)ရက်နေ့ကတည်းက ရောက်တယ် ဒီနေ့မှ အဖြေရတာပေါ့။ ရာသီတုပ်ကွေး သံသယနဲ့ အမျိုးသားဓာတ်ခွဲခန်းကို ကလေးရဲ့ နှာခေါင်းတို့ပတ်ကို သြဂုတ် (၂၀)ရက်နေ့မှာ ပို့စစ်ထားတာ။သူ့အမေကတော့ သြဂုတ် (၂၁)ရက်နေ့မှာ ပို့စစ်ထားတာဆိုတော့ အဖြေရဖို့ နောက်တစ်ရက်၊ နှစ်ရက်တော့ ထပ်စောင့်ရမယ် ထင်ပါတယ်။ ကလေးကတော့ နေကောင်းနပြေီ။ ဆေးရုံဆင်းလို့ရနပြေီ။ သူ့အမေတော့ အသားဝါ စီပိုးလည်းရှိတာရယ်၊ ဖျားတာသက်သာနေတာကို ဟိုတစ်နေ့က အဝတ်တွေ သွားလျှော်တာ ပြန်ဖျားနေတော့ ထပ်ကုနေရတယ်။ ခုတော့ သက်သာနေပါပြီ” ဟု ကျောက်မဲပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

H1N1 အတည်ပြုလူနာမှာ ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာအုပ်စု ပန်လင်ရွာမှ အသက်ငါးနှစ်အရွယ် ယောကျာ်းလေးလူနာဖြစ်ပြီး၎င်း၏မိခင်ဖြစ်သူမှာ သံသယလူနာအဖြစ် စစ်ဆေးထားဆဲဖြစ်ကြောင်း သိရသည်။

“ပန်လင်ရွာမှာ သြဂုတ်လ (၁၈)ရက်နေ့က ဖျားတာတွေရှိတယ်ဆိုတော့ မြို့နယ်အုပ်ချုပ်ရေးကတစ်ဆင့် အကြောင်းကြားလာတာကြောင့် ကျန်းမာရေးအဖွဲ့တွေ ကျေးရွာမှာဆင်းပြီး စစ်ဆေးကုသတယ်။ လေးယောက် စစ်ဆေးရာမှာ အခုဆေးရုံတက်တဲ့ကလေးကို သံသယတွေ့တာနဲ့ ခေါ်လာတာ။ လက်ရှိမှာလည်း ဒီရွာမှာလည်း ဖျားတဲ့သူတွေ စောင့်ကြည့်စစ်ဆေးတာတွေ လုပ်ပေးနေပါတယ်။ ကျန်းမာရေးအဖွဲ့က ရွာမှာပဲ အထိုင်ချပြီး နေ့တိုင်း စစ်ဆေးမှုတွေ လုပ်ပေးနေပါတယ်”ဟု ဒေါက်တာအောင်အောင်က ပြောသည်။

ရှမ်းပြည်နယ်အတွင်း H1N1 အတည်ပြု လူနာများကို ဇူလိုင်လ (၃၁)ရက်နေ့မှစတင်တွေ့ရှိခဲ့ပြီး နှစ်ပတ်ကျော် ကာလအတွင်း အတည်ပြုလူနာ (၁၅)ဦးမှာ ဆေးရုံမှဆင်းသွားသဖြင့် ရောဂါထိန်းချုပ်နိုင်မှု အခြေအနေမှာ တိုးတက်ကောင်းမွန်နေကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့က သြဂုတ်လ (၁၇)ရက်နေ့တွင် သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

ပြည်နယ်အတွင်း H1N1 ပထမဆုံးတွေ့ရသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမှ လူနာ (၂)ဦးမှာ သြဂုတ်လ (၈)ရက်နှင့် (၉)ရက်နေ့များတွင်လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာမှ လူနာ (၂)ဦးမှာ သြဂုတ်လ (၁၅)ရက်နေ့တွင်လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ ဆေးရုံများမှ အတည်ပြုလူနာ (၁၁)ဦးတို့မှာ ကုသမှုအောင်မြင်၍ ဆေးရုံမှ ဆင်းသွားခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း H1N1 အတည်ပြုလူနာများ ရှိခဲ့သည့် ကျိုင်းတုံ၊ ဟဲဟိုးနှင့် တော့ဆန်တို့တွင် ကျန်းမာရေးဌာနမှ အဖွဲ့များဖြင့် စောင့်ကြည့်စစ်ဆေးမှုများလည်း ဆက်လက်လုပ်ဆောင်နပြေီး ထပ်မံတွေ့ရှိရသည့် ပန်လင်ကျေးရွာတွင်လည်း စောင့်ကြည့်စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~