တောင်ကြီးမြို့တွင် H1N1 သံသယလူနာ(၂)ဦး ထပ်မံတွေ့ရှိ
တောင်ကြီးမြို့တွင် H1N1 သံသယလူနာ(၂)ဦး ထပ်မံတွေ့ရှိ
သွဂုတျ 9, 2017
By Tachileik News Agency
ရှမ်းပြည်နယ်အတွင်း သြဂုတ်လ (၈)ရက်နေ့အထိ H1N1 လူနာတွေ့ရှိမှုမှာ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ၊ စဝ်စံထွန်းဆေးရုံနှင့် အမျိုးသမီးနှင့်ကလေးဆေးရုံတို့တွင် အတည်ပြု လူနာ (၄)ဦးနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ တပ်မတော်ဆေးရုံမှ H1N1 အတည်ပြု လူနာ(၂)ဦးအနက် (၁)ဦးသာ အခြားရောဂါဆက်လက်ကုသမှု ခံယူနေခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
တောင်ကြီးမြို့ အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံနှင့် စဝ်စံထွန်းဆေးရုံတို့တွင် H1N1 အတည်ပြုလူနာနှင့် သံသယလူနာများအား သီးသန့်အခန်းများတွင် ကုသပေးနေပြီး လူနာအားလုံး၏ လက်ရှိအခြေအနေမှာ ကောင်းမွန်နေကြောင်း သြဂုတ်လ (၉)ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးက အတည်ပြု ပြောကြားသည်။
တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် တစ်ကိုယ်ရေသန့်ရှင်းမှုကို အထူးဂရုပြု ဆောင်ရွက်ခြင်းအပါအဝင် လက်ကို ဆပ်ပြာဖြင့် ရေများများသုံး၍ မကြာခဏ ဆေးကြောခြင်း၊ နှာချေ ချောင်းဆိုးလျှင် ဖုံးအုပ်ခြင်း၊ လူထူထပ်သောနေရာများအား ရှောင်ကြဉ်ပြီး မဖြစ်မနေသွားလာရပါက ပါးစပ် နှာခေါင်းစည်း တပ်ဆင်ခြင်း၊ ကောင်းစွာအိပ်စက်အနားယူခြင်း၊ အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်ခြင်း၊ လေကောင်းလေသန့်ရရှိအောင် ဆောင်ရွက် နေထိုင်ခြင်း၊ အရက်လွန်ကဲစွာ သောက်သုံးခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း၊ ရောဂါဖြစ်ပွား နေသူများနှင့် သံသယရှိနေသူများ၏ (၆) ပေ အကွာတွင် နေထိုင်ခြင်း၊ ရောဂါကူးစက် ခံထားရသူအား ပါးစပ်နှာခေါင်းစည်း (Surgical Mask) ကို အသုံးပြုစေခြင်း၊ ရောဂါရှိသူ၏ နေအိမ်နှင့် ဆေးရုံများသို့ မလိုအပ်ဘဲ သွားရောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မိမိတွင် ရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်ကုသမှုခံယူခြင်းနှင့် ရောဂါ လက္ခဏာများ စတင်ခံစားရသည့် အချိန်မှ စတင်၍ (၁၀) ရက်အတွင်း မိမိ၏နေအိမ်၌သာ နေထိုင်ခြင်းတို့ လုပ်ဆောင်ရန် ကျန်းမာရေးဌာနက တိုက်တွန်းထားသည်။
သတင်း - ချယ်ရီထိုက်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် သြဂုတ်လ (၉)ရက်နေ့က H1N1 သံသယလူနာ(၂)ဦး ထပ်မံတွေ့ရှိပြီး အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံမှ H1N1 အတည်ပြု ကိုယ်ဝန်ဆောင်ခွဲစိတ်မွေးဖွားမှုမှာလည်း မိခင်ရော ကလေးပါ အခြေအနေကောင်းမွန်နေကြောင်း သိရသည်။
“ကလေးအမေကတော့ ခွဲလိုက်တယ်။ ကလေးကတော့ ပေါင်မပြည့်တဲ့ ကလေးမွေးတဲ့ Incubator ထဲ ထည့်ထားရတယ်။ ကလေးနဲ့အမေတော့ ခွဲထားရတာပေါ့။ နှစ်ယောက်လုံး အခြေအနေ ကောင်းပါတယ်။ စဝ်စံထွန်းဆေးရုံမှာတော့ ဒီနေ့ သံသယလူနာ(၂)ယောက် ထပ်တွေ့တယ်။ ဟဲဟိုးမြို့နယ် လက်ပံပင် ရွာကပါ။ လာတာတော့ သုံးယောက်ပဲ။ ဒီထဲက နှစ်ယောက်မှာ Rapid Test Kit နဲ့ စမ်းသပ်လိုက်တော့ (၂)ယောက်တွေ့လို့ စစ်ဆေးအတည်ပြုဖို့ အမျိုးသားဓာတ်ခွဲခန်းကို ဒီနေ့ပို့ထားတယ်”ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဟဲဟိုးမြို့နယ် အတွင်းရှိ ကျေးရွာများတွင် ကျန်းမာရေးဌာနမှ ကွင်းဆင်း၍ ဖျားနာလူနာရှိ/မရှိ စစ်ဆေးခြင်း၊ တုပ်ကွေးဖြစ်ပွားသည်နှင့် ဆေးရုံဆေးခန်းများတွင် ပြသရေးတို့ကို ပညာပေးဟောပြောခြင်းများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
“အဓိက ကတော့ ဟဲဟိုးဘက်က ရွာတွေမှာ ကွင်းဆင်းလုပ်ဆောင်ပေးနေပါတယ်။ အဓိကကတော့ အဲဒီနားတစ်ဝိုက်မှာပဲ ဖြစ်နေတာ။ကျန်တဲ့ဒေသတွေမှာတော့ ဘာမှ ထူးထူးခြားခြား မရှိသေးပါဘူး”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။
ရှမ်းပြည်နယ်အတွင်း သြဂုတ်လ (၈)ရက်နေ့အထိ H1N1 လူနာတွေ့ရှိမှုမှာ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံနှင့် အမျိုးသမီးနှင့်ကလေးဆေးရုံတို့တွင် အတည်ပြု လူနာ (၄)ဦးနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ တပ်မတော်ဆေးရုံမှ H1N1 အတည်ပြု လူနာ(၂)ဦးအနက် (၁)ဦးသာ အခြားရောဂါဆက်လက်ကုသမှု ခံယူနခြေင်းဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
ရှမ်းပြည်နယ်အတွင်း ပထမဆုံး H1N1 အတည်ပြုလူနာ(၂)ဦးကို ကျိုင်းတုံမြို့ အမှတ်(၃) ကုတင်(၃၀၀)ဆံ့ တပ်မတော်ဆေးရုံတွင် ဇူလိုင်လ (၃၁)ရက်နေ့က စတင်တွေ့ရှိခဲ့ပြီးနောက် တောင်ကြီးမြို့တွင် H1N1 အတည်ပြုလူနာ(၂)ဦးအား သြဂုတ်လ (၆)ရက်နေ့က စတင်တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
တောင်ကြီးမြို့ အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံနှင့် စဝ်စံထွန်းဆေးရုံတို့တွင် H1N1 အတည်ပြုလူနာနှင့် သံသယလူနာများအား သီးသန့်အခန်းများတွင် ကုသပေးနပြေီး လူနာအားလုံး၏ လက်ရှိအခြေအနေမှာ ကောင်းမွန်နေကြောင်း သြဂုတ်လ (၉)ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးက အတည်ပြု ပြောကြားသည်။
ပြည်နယ်တွင်း H1N1 အခြေအနေများကို ရှမ်းပြည်နယ်အစိုးရထံ ချက်ချင်းသတင်းပို့ရန် စီစဉ် ဆောင်ရွက်ထားကြောင်း သိရသည်။
ရာသီတုပ်ကွေးရောဂါကို Tamiflu (Oseltamivir) နှင့် Relenza (Zanamivir) ဆေး (၂) မျိုးဖြင့် ကုသမှုပေးနိုင်သဖြင့် ဆေးရုံဆေးခန်းများထံ အချိန်မီပြသရန် လိုအပ်ကြောင်း ကျန်းမာရေးဌာနက တိုက်တွန်းထားသည်။
တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် တစ်ကိုယ်ရေသန့်ရှင်းမှုကို အထူးဂရုပြု ဆောင်ရွက်ခြင်းအပါအဝင် လက်ကို ဆပ်ပြာဖြင့် ရေများများသုံး၍ မကြာခဏ ဆေးကြောခြင်း၊ နှာချေ ချောင်းဆိုးလျှင် ဖုံးအုပ်ခြင်း၊ လူထူထပ်သောနေရာများအား ရှောင်ကြဉ်ပြီး မဖြစ်မနေသွားလာရပါက ပါးစပ် နှာခေါင်းစည်း တပ်ဆင်ခြင်း၊ ကောင်းစွာအိပ်စက်အနားယူခြင်း၊ အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်ခြင်း၊ လေကောင်းလေသန့်ရရှိအောင် ဆောင်ရွက် နေထိုင်ခြင်း၊ အရက်လွန်ကဲစွာ သောက်သုံးခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း၊ ရောဂါဖြစ်ပွား နေသူများနှင့် သံသယရှိနေသူများ၏ (၆) ပေ အကွာတွင် နေထိုင်ခြင်း၊ ရောဂါကူးစက် ခံထားရသူအား ပါးစပ်နှာခေါင်းစည်း (Surgical Mask) ကို အသုံးပြုစခြေင်း၊ ရောဂါရှိသူ၏ နေအိမ်နှင့် ဆေးရုံများသို့ မလိုအပ်ဘဲ သွားရောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မိမိတွင် ရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်ကုသမှုခံယူခြင်းနှင့် ရောဂါ လက္ခဏာများ စတင်ခံစားရသည့် အချိန်မှ စတင်၍ (၁၀) ရက်အတွင်း မိမိ၏နေအိမ်၌သာ နေထိုင်ခြင်းတို့ လုပ်ဆောင်ရန် ကျန်းမာရေးဌာနက တိုက်တွန်းထားသည်။
သတင်း - ချယ်ရီထိုက်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~