မေကြးတိုင္းေဆးရံုႀကီးတြင္ (၂)ႏွစ္အရြယ္ H1N1 လူနာ အေျခအေန ေကာင္းမြန္

မေကြးတိုင္းေဆးရံုႀကီးတြင္ (၂)ႏွစ္အရြယ္ H1N1 လူနာ အေျခအေန ေကာင္းမြန္
သြဂုတ် 4, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး ျပည္သူ႔ေဆးရံု၌ ကုသမႈ ခံယူေနသည့္ အသက္(၂)ႏွစ္အရြယ္ကေလးလူနာ၌ ရာသီတုပ္ေကြး H1N1 ပိုး ေတြ႔ရွိရေႀကာင္း ၾသဂုတ္လ (၃)ရက္ေန႔က ရန္ကုန္ၿမိဳ႕ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲခန္း၏ ျပန္ၾကားခ်က္အရ အတည္ျပဳထားၿပီး ၾသဂုတ္လ(၄)ရက္ေန႔အထိ လူနာအေျခအေန မစိုးရိမ္ရေၾကာင္း သိရသည္။

“မေန႔က ရန္ကုန္အမ်ိဳးသားက်န္းမာေရး ဓာတ္ခဲြခန္းျပန္ၾကားခ်က္အရ ကေလးမွာ H1N1 ပိုးေတြ႔ရိွတာ မွန္ေပမယ့္ အေျခအေနက ေကာင္းမြန္ပါတယ္။ အရင္ဓာတ္ခဲြေပးပို႔ထားတဲ႔ ေဆးရံုမွာ ေသဆံုးသြားသူရဲ႕ အေျဖကေတာ႔ Negative ပါ”ဟု တိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွဴး ေဒါက္တာထြန္း ေအာင္ၾကည္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

H1N1 ပိုးေတြ႔ရိွသူမွာ မင္းလွၿမိဳ႕နယ္၊ ေရနံမတိုက္နယ္၊ ဓာတ္ကုန္းေက်းရြာမွ ကေလးျဖစ္ၿပီး ဇူလိုင္လ (၂၃)ရက္ေန႔ နံနက္ပိုင္းက ေရနံမတိုက္နယ္ေဆးရံုတြင္ စတင္၍ ကုသမႈခံယူေနရာမွ မသက္သာသျဖင့္ ညေနပိုင္းတြင္ မင္းလွေဆးရံုသို႔ လႊဲေျပာင္းပို႔အပ္ကာ ညပိုင္းတြင္ မေကြးေဆးရံုသို႔ ထပ္မံ လဲႊေျပာင္းပို႔အပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မေကြးတုိင္းေဒသႀကီးေဆးရံုမွ သံသယ လူနာ(၁၉)ဦးအား စစ္ေဆးရာ ယခုကေလးလူနာမွလြဲ၍ H1N1 မေတြ႔ရေၾကာင္း သိရသည္။

သတင္း - ဖီးနစ္

 တိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွဴး ေဒါက္တာထြန္း ေအာင္ၾကည္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံ၌ ကုသမှု ခံယူနေသည့် အသက်(၂)နှစ်အရွယ်ကလေးလူနာ၌ ရာသီတုပ်ကွေး H1N1 ပိုး တွေ့ရှိရကြောင်း သြဂုတ်လ (၃)ရက်နေ့က ရန်ကုန်မြို့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်း၏ ပြန်ကြားချက်အရ အတည်ပြုထားပြီး သြဂုတ်လ(၄)ရက်နေ့အထိ လူနာအခြေအနေ မစိုးရိမ်ရကြောင်း သိရသည်။

“မနေ့က ရန်ကုန်အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်းပြန်ကြားချက်အရ ကလေးမှာ H1N1 ပိုးတွေ့ရှိတာ မှန်ပေမယ့် အခြေအနေက ကောင်းမွန်ပါတယ်။ အရင်ဓာတ်ခွဲပေးပို့ထားတဲ့ ဆေးရုံမှာ သေဆုံးသွားသူရဲ့ အဖြေကတော့ Negative ပါ”ဟု တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်း အောင်ကြည်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

H1N1 ပိုးတွေ့ရှိသူမှာ မင်းလှမြို့နယ်၊ ရေနံမတိုက်နယ်၊ ဓာတ်ကုန်းကျေးရွာမှ ကလေးဖြစ်ပြီး ဇူလိုင်လ (၂၃)ရက်နေ့ နံနက်ပိုင်းက ရေနံမတိုက်နယ်ဆေးရုံတွင် စတင်၍ ကုသမှုခံယူနေရာမှ မသက်သာသဖြင့် ညနေပိုင်းတွင် မင်းလှဆေးရုံသို့ လွှဲပြောင်းပို့အပ်ကာ ညပိုင်းတွင် မကွေးဆေးရုံသို့ ထပ်မံ လွှဲပြောင်းပို့အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဆေးရုံမှ သံသယ လူနာ(၁၉)ဦးအား စစ်ဆေးရာ ယခုကလေးလူနာမှလွဲ၍ H1N1 မတွေ့ရကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~