ေတာင္ႀကီးတြင္ H1N1 သံသယရိွ ငါးႏွစ္ကေလးလူနာေတြ႔ရွိသျဖင့္ ဓာတ္ခြဲခန္းတြင္ စစ္ေဆးေန

ေတာင္ႀကီးတြင္ H1N1 သံသယရိွ ငါးႏွစ္ကေလးလူနာေတြ႔ရွိသျဖင့္ ဓာတ္ခြဲခန္းတြင္ စစ္ေဆးေန
သြဂုတ် 4, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ အမ်ဳိးသမီးႏွင့္ ကေလးအထူးကုေဆးရံုတြင္ H1N1 သံသယရွိ (၅ ) ႏွစ္အရြယ္ကေလး တစ္ဦးအား ၾသဂုတ္လ (၄)ရက္ေန႔က စမ္းသပ္ေတြ႔ရိွရသျဖင့္ ရန္ကုန္ၿမိဳ႕ရိွ အမ်ိဳးသား က်န္းမာေရးဓာတ္ခဲြဌာနတြင္ ဆက္လက္စစ္ေဆးေနေၾကာင္း သိရသည္။

“၅ ႏွစ္အရြယ္ကေလး လူနာတစ္ဦးက ေလာေလာဆယ္အဖ်ားႀကီးၿပီး ေရာက္လာေတာ့ ကၽြန္ေတာ္တို႔ Rapid Test Kit နဲ႔ စမ္းသပ္တာမွာေတာ့ Positive ေတြ႔တယ္။ ဒါေပမဲ့ H1N1 ဆိုၿပီး အတည္ျပဳေျပာလို႔ မရေသးဘူး။ အခုေလာေလာဆယ္ေတာ့ ႏွာေခါင္းစည္း ပတ္ထားခိုင္းပါတယ္။ စစ္ေဆးခ်က္ေတြကိုလည္း ကၽြန္ေတာ္တို႕ အမ်ဳိးသားက်န္းမာေရး ဓာတ္ခြဲဌာနကို ပို႕ထားပါတယ္။ အဲဒီကေနမွ Positive ေသခ်ာတယ္ဆိုမွ အေျဖအတိအက် ေျပာနိုင္မွာပါ။ အခုေလာေလာဆယ္ကေတာ့ ဓာတ္ခြဲအေျဖမရမခ်င္း သံသယလူနာ အေျခအေနမွာပဲ ထားထားတယ္။ ကေလးကလည္း အဖ်ားႀကီးတာကလြဲလို႕ တျခားဘာမွမျဖစ္ပါဘူး။ အေျခအေနေကာင္းပါတယ္”ဟု ရွမ္းျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ ဌာနမွဴး ေဒါက္တာ ၀င္းေဇာ္လိႈင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေဆးရံုတြင္ ျပင္းထန္စြာဖ်ားနာသည့္လူနာမ်ားအား Rapid Test Kit ျဖင့္ ကနဦး စမ္းသပ္ စစ္ေဆးေနျခင္းျဖစ္ၿပီး အဆိုပါ ကေလးငယ္တြင္ H1N1 Positive သံသယရိွသျဖင့္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲဌာနတြင္ ဆက္လက္ စစ္ေဆးေနျခင္းျဖစ္ရာ ၾသဂုတ္လ (၅)ရက္ေန႔တြင္ ထုတ္ျပန္ႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

“Rapid Test Kit စစ္ေဆးခ်က္က (၈၀)ရာခုိင္ႏႈန္းပဲမွန္တယ္။ (၂၀)ရာခိုင္ႏႈန္း မွားနိုင္ေသးတယ္။ အမ်ဳိးသားက်န္းမာေရး ဓာတ္ခြဲဌာနက အေျဖမလာမခ်င္း အတိအက်မေျပာနိုင္ေသးပါဘူး။ အေျဖကိုေတာ့ မနက္ျဖန္မွာ အတိအက်ရမွာပါ” ဟု ရွမ္းျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ ဌာနမွဴး ေဒါက္တာ ၀င္းေဇာ္လိႈင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တစ္ႏုိင္ငံလံုး အတုိင္းအတာျဖင့္ ဇူလိုင္လ(၂၁) ရက္ေန႔မွ ၾသဂုတ္လ(၂)ရက္ေန႔ မြန္းလြဲ (၂) နာရီအထိ ဓာတ္ခြဲစမ္းသပ္စစ္ေဆးခဲ့သည့္ သံသယလူနာ (၃၀၅)ဦးအနက္ H1N1 ပိုးေတြ႕လူနာ (၁၁၀) ဦးရွိၿပီး ေသဆံုးသူ (၁၄)ဦးရိွေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၏ ၾသဂုတ္လ (၃)ရက္ေန႔ သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အဆိိုပါ တုပ္ေကြးေရာဂါျဖစ္ပြားမႈမွ ႀကိဳတင္ကာကြယ္ႏုိင္ရန္အတြက္ တစ္ကိုယ္ေရသန္႔ရွင္းမႈကို အထူးဂ႐ုျပဳ ေဆာင္ရြက္ျခင္း အပါအဝင္ လက္ကို ဆပ္ျပာျဖင့္ ေရမ်ားမ်ားသုံး၍ မၾကာခဏ ေဆးေၾကာျခင္း၊ ႏွာေခ်ေခ်ာင္းဆိုးလၽွင္ ဖုံးအုပ္ျခင္း၊ လူထူထပ္ေသာေနရာမ်ားအား ေရွာင္ၾကဥ္ၿပီး မျဖစ္မေနသြားလာရပါက ပါးစပ္ႏွာေခါင္းစည္း တပ္ဆင္ျခင္း၊ ေကာင္းစြာအိပ္စက္အနားယူျခင္း၊ အာဟာရျပည့္ဝသည့္ အစားအစာမ်ား စားသုံးျခင္း၊ ကိုယ္လက္လႈပ္ရွားမႈပုံမွန္ျပဳလုပ္ျခင္း၊ ေလေကာင္းေလသန္႔ရရွိေအာင္ ေဆာင္ရြက္ေနထိုင္ျခင္း၊ အရက္လြန္ကဲစြာ ေသာက္သုံးျခင္းႏွင့္ မူးယစ္ေဆးဝါးသုံးစြဲျခင္းမွ ေရွာင္ၾကဥ္ျခင္း၊ ေရာဂါျဖစ္ပြား ေနသူမ်ားႏွင့္ သံသယရွိေနသူမ်ား၏ (၆) ေပ အကြာတြင္ ေနထိုင္ျခင္း၊ ေရာဂါကူးစက္ ခံထားရသူအား ပါးစပ္ႏွာေခါင္းစည္း (Surgical Mask) ကို အသုံးျပဳေစျခင္း၊ ေရာဂါရွိသူ၏ ေနအိမ္ႏွင့္ ေဆး႐ုံမ်ားသို႔ မလိုအပ္ဘဲ သြားေရာက္ျခင္းမွ ေရွာင္ၾကဥ္ျခင္း၊ မိမိတြင္ ေရာဂါလကၡဏာမ်ား ခံစားရပါက နီးစပ္ရာ က်န္းမာေရးဌာနသို႔ သြားေရာက္ကုသမႈခံယူျခင္းႏွင့္ ေရာဂါ လကၡဏာမ်ား စတင္ခံစားရသည့္ အခ်ိန္မွ စတင္၍ (၁၀) ရက္အတြင္း မိမိ၏ေနအိမ္၌သာ ေနထိုင္ျခင္းတို႔ လုပ္ေဆာင္ရန္ လိုအပ္ေၾကာင္း သိရသည္။

ရာသီတုပ္ေကြးေရာဂါကို ေဆာလ်င္စြာ ေတြ႕ရွိကုသလၽွင္ ေရာဂါျပင္းထန္မႈနွင့္ အသက္ဆုံးရႈံးမႈတို႔မွ ကာကြယ္နိုင္ၿပီး လူနာအား Tamiflu (Oseltamivir) ႏွင့္ Relenza (Zanamivir) ေဆး (၂) မ်ိဳးျဖင့္ ကုသမႈေပးႏိုင္ေၾကာင္း သိရသည္။

သတင္း -  #ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံတွင် H1N1 သံသယရှိ (၅ ) နှစ်အရွယ်ကလေး တစ်ဦးအား သြဂုတ်လ (၄)ရက်နေ့က စမ်းသပ်တွေ့ရှိရသဖြင့် ရန်ကုန်မြို့ရှိ အမျိုးသား ကျန်းမာရေးဓာတ်ခွဲဌာနတွင် ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

“၅ နှစ်အရွယ်ကလေး လူနာတစ်ဦးက လောလောဆယ်အဖျားကြီးပြီး ရောက်လာတော့ ကျွန်တော်တို့ Rapid Test Kit နဲ့ စမ်းသပ်တာမှာတော့ Positive တွေ့တယ်။ ဒါပေမဲ့ H1N1 ဆိုပြီး အတည်ပြုပြောလို့ မရသေးဘူး။ အခုလောလောဆယ်တော့ နှာခေါင်းစည်း ပတ်ထားခိုင်းပါတယ်။ စစ်ဆေးချက်တွေကိုလည်း ကျွန်တော်တို့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနကို ပို့ထားပါတယ်။ အဲဒီကနေမှ Positive သေချာတယ်ဆိုမှ အဖြေအတိအကျ ပြောနိုင်မှာပါ။ အခုလောလောဆယ်ကတော့ ဓာတ်ခွဲအဖြေမရမချင်း သံသယလူနာ အခြေအနေမှာပဲ ထားထားတယ်။ ကလေးကလည်း အဖျားကြီးတာကလွဲလို့ တခြားဘာမှမဖြစ်ပါဘူး။ အခြေအနေကောင်းပါတယ်”ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဌာနမှူး ဒေါက်တာ ဝင်းဇော်လှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆေးရုံတွင် ပြင်းထန်စွာဖျားနာသည့်လူနာများအား Rapid Test Kit ဖြင့် ကနဦး စမ်းသပ် စစ်ဆေးနခြေင်းဖြစ်ပြီး အဆိုပါ ကလေးငယ်တွင် H1N1 Positive သံသယရှိသဖြင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနတွင် ဆက်လက် စစ်ဆေးနခြေင်းဖြစ်ရာ သြဂုတ်လ (၅)ရက်နေ့တွင် ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း သိရသည်။

“Rapid Test Kit စစ်ဆေးချက်က (၈၀)ရာခိုင်နှုန်းပဲမှန်တယ်။ (၂၀)ရာခိုင်နှုန်း မှားနိုင်သေးတယ်။ အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနက အဖြေမလာမချင်း အတိအကျမပြောနိုင်သေးပါဘူး။ အဖြေကိုတော့ မနက်ဖြန်မှာ အတိအကျရမှာပါ” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဌာနမှူး ဒေါက်တာ ဝင်းဇော်လှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဇူလိုင်လ(၂၁) ရက်နေ့မှ သြဂုတ်လ(၂)ရက်နေ့ မွန်းလွဲ (၂) နာရီအထိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့သည့် သံသယလူနာ (၃၀၅)ဦးအနက် H1N1 ပိုးတွေ့လူနာ (၁၁၀) ဦးရှိပြီး သေဆုံးသူ (၁၄)ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သြဂုတ်လ (၃)ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် တစ်ကိုယ်ရေသန့်ရှင်းမှုကို အထူးဂရုပြု ဆောင်ရွက်ခြင်း အပါအဝင် လက်ကို ဆပ်ပြာဖြင့် ရေများများသုံး၍ မကြာခဏ ဆေးကြောခြင်း၊ နှာချေချောင်းဆိုးလျှင် ဖုံးအုပ်ခြင်း၊ လူထူထပ်သောနေရာများအား ရှောင်ကြဉ်ပြီး မဖြစ်မနေသွားလာရပါက ပါးစပ်နှာခေါင်းစည်း တပ်ဆင်ခြင်း၊ ကောင်းစွာအိပ်စက်အနားယူခြင်း၊ အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်ခြင်း၊ လေကောင်းလေသန့်ရရှိအောင် ဆောင်ရွက်နေထိုင်ခြင်း၊ အရက်လွန်ကဲစွာ သောက်သုံးခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း၊ ရောဂါဖြစ်ပွား နေသူများနှင့် သံသယရှိနေသူများ၏ (၆) ပေ အကွာတွင် နေထိုင်ခြင်း၊ ရောဂါကူးစက် ခံထားရသူအား ပါးစပ်နှာခေါင်းစည်း (Surgical Mask) ကို အသုံးပြုစခြေင်း၊ ရောဂါရှိသူ၏ နေအိမ်နှင့် ဆေးရုံများသို့ မလိုအပ်ဘဲ သွားရောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မိမိတွင် ရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်ကုသမှုခံယူခြင်းနှင့် ရောဂါ လက္ခဏာများ စတင်ခံစားရသည့် အချိန်မှ စတင်၍ (၁၀) ရက်အတွင်း မိမိ၏နေအိမ်၌သာ နေထိုင်ခြင်းတို့ လုပ်ဆောင်ရန် လိုအပ်ကြောင်း သိရသည်။

ရာသီတုပ်ကွေးရောဂါကို ဆောလျင်စွာ တွေ့ရှိကုသလျှင် ရောဂါပြင်းထန်မှုနှင့် အသက်ဆုံးရှုံးမှုတို့မှ ကာကွယ်နိုင်ပြီး လူနာအား Tamiflu (Oseltamivir) နှင့် Relenza (Zanamivir) ဆေး (၂) မျိုးဖြင့် ကုသမှုပေးနိုင်ကြောင်း သိရသည်။

သတင်း၊  #နိုနို

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~