သီပေါမြို့နယ်အတွင်း H1N1 သံသယလူနာ ၆ ဦးတွေ့ရှိ

သီပေါမြို့နယ်အတွင်း H1N1 သံသယလူနာ ၆ ဦးတွေ့ရှိ
သွဂုတျ 31, 2017
By Tachileik News Agency

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ ပြည်သူ့ဆေးရုံတွင် သြဂုတ်လ (၃၀)ရက်နေ့က ရာသီတုပ်ကွေး သံသယလူနာ (၆)ဦးတွေ့ရသဖြင့် ဓာတ်ခွဲခန်းပို့ စစ်ဆေးနေပြီး သီးသန့်ကုသမှုပေးနေကြောင်း သိရသည်။




သတင်း - နေဖြိုးမြင့်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ ပြည်သူ့ဆေးရုံတွင် သြဂုတ်လ (၃၀)ရက်နေ့က ရာသီတုပ်ကွေး သံသယလူနာ (၆)ဦးတွေ့ရသဖြင့် ဓာတ်ခွဲခန်းပို့ စစ်ဆေးနပြေီး သီးသန့်ကုသမှုပေးနေကြောင်း သိရသည်။

“လူနာတွေကတော့ အဖျားရောဂါသက်သာပါတယ်။ သြဂုတ်(၃၁)ရက်နံနက်မှာ သွေးစစ်ကြည့်တဲ့အခါမှာ positive တွေ့တဲ့အတွက် ရာသီတုပ်ကွေး သံသယလူနာအဖြစ် သတ်မှတ်ပြီး သီးသန့်ကုသခန်းမှာ ကုသမှုပေးနေပါတယ်။ ရောဂါကူးစက်ပြန့်ပွားမှုမရှိအောင် ကြိုတင်ကာကွယ်မှုတွေနဲ့ ကုသမှုတွေ ပေးနေပါ တယ်” ဟု သီပေါ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာလှထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လူနာများမှာ သီပေါမြို့နယ် ဘော်ကြိုကျေးရွာအုပ်စု တွန်ကာကျေးရွာမှ အသက် (၁)နှစ်(၁၀)လအရွယ်နှင့် အသက်(၈)နှစ်အရွယ်ကြားရှိ ကလေး(၆)ဦးဖြစ်ပြီး သီပေါပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ကျောက်မဲမြို့နယ်အတွင်း H1N1 အတည်ပြုလူနာ(၄)ဦးမှာ သြဂုတ်လ အတွင်း ဆေးရုံမှ ဆင်းသွားကြပြီဖြစ်ပြီး သြဂုတ်လ(၂၈)ရက်နေ့တွင် လားရှိုးမြို့ပြည်သူ့ဆေးရုံ၌ တစ်ဦးတွေ့ရှိခဲ့ကာ သီပေါမြို့ နယ်အတွင်း၌ သြဂုတ်(၃၁)ရက်နေ့နံနက်ပိုင်းတွင် သံသယလူနာ(၆)ဦး ထပ်မံတွေ့ရှိရခြင်းဖြစ်သည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~