ေက်ာက္မဲ ျပည္သူ႔ေဆးရံုတြင္ H1N1 အတည္ျပဳလူနာ(၁)ဦး ထပ္တိုး

ေက်ာက္မဲ ျပည္သူ႔ေဆးရံုတြင္ H1N1 အတည္ျပဳလူနာ(၁)ဦး ထပ္တိုး
သြဂုတ် 26, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္ ျပည္သူ႔ေဆးရံုတြင္ ေဆးကုသမႈခံယူေနသည့္ H1N1 အတည္ျပဳ ကေလးလူနာ၏ မိခင္ျဖစ္သူကိုလည္း H1N1 အတည္ျပဳလူနာအျဖစ္ ၾသဂုတ္လ(၂၆)ရက္ေန႔၌ အမ်ိဳးသားဓာတ္ခြဲခန္းအေျဖရရိွထားေၾကာင္း သိရသည္။

“ဒီေန႔မနက္မွာပဲ H1N1 positive ျဖစ္ေၾကာင္း အေျဖရပါတယ္။ လူနာကေတာ့ အဖ်ားေရာဂါ သက္သာပါတယ္။ သူ႔မွာက နဂိုကတည္းက တျခားေရာဂါအခံလည္း ရွိထားေတာ့ သတိထားၿပီး ကုသမႈေပးေနပါတယ္။ သီးသန္႔ကုသမႈ ေဆာင္ရြက္ေပးေနတာျဖစ္ပါတယ္”ဟု ေက်ာက္မဲၿမိဳ႕ ျပည္သူ႔ေဆးရံုမွ ေဆးရံုအုပ္ႀကီး ေဒါက္တာေအာင္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေက်ာက္မဲျပည္သူ႔ေဆးရံုတြင္ ေက်ာက္မဲၿမိဳ႕နယ္ ပန္လင္ေက်းရြာအုပ္စုရွိ ပန္လင္ေက်းရြာမွ အသက္(၅)ႏွစ္အရြယ္ ကေလးငယ္တစ္ဦးအား သံသယလူနာအျဖစ္ ၾသဂုတ္လ(၂၀)ရက္ေန႔က စတင္ေတြ႔ရွိသျဖင့္ အဆိုပါ ကေလး၏ မိခင္ျဖစ္သူကိုလည္း သံသယလူနာအျဖစ္ ႏွာေခါင္းတို႔ပတ္အား ဓာတ္ခြဲခန္းပို႔ ၍ စစ္ေဆးထားခဲ့ရာ ကေလးလူနာအား ၾသဂုတ္လ(၂၄)ရက္ေန႔တြင္လည္းေကာင္း၊ ၎၏ မိခင္ျဖစ္သူအား ၾသဂုတ္လ(၂၆)ရက္ေန႔တြင္လည္းေကာင္း H1N1 အတည္ျပဳလူနာမ်ားအျဖစ္ အေျဖရရိွခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ကေလးလူနာမွာ လက္ရိွတြင္ ေဆးရံုမွဆင္းႏုိင္သည္အထိ က်န္းမာေရးေကာင္းမြန္ေနၿပီး မိခင္ျဖစ္သူမွာလည္း အေျခအေနေကာင္းမြန္ေနေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕နယ္တြင္ H1N1 လူနာကို ၾသဂုတ္လ(၉)ရက္ေန႔က ေက်ာက္မဲၿမိဳ႕နယ္ ေတာ့ဆန္ေက်းရြာ အုပ္စု ၊ ပါခါးေက်းရြာမွ စတင္ေတြ႔ရွိခဲ့ျပီး အဆိုပါကေလးလူနာ(၂)ဦးမွာ ၾသဂုတ္လ(၁၅)ရက္ေန႔ တြင္ ေဆးရံုမွ ဆင္းသြားၿပီျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ ေတာ့ဆန္ေက်းရြာအုပ္စုႏွင့္ ပန္လင္ေက်းရြာအုပ္စုတို႔တြင္ က်န္းမာေရးအဖြဲ႕က ေစာင့္ၾကည့္စစ္ေဆးမႈမ်ား ျပဳလုပ္ေနၿပီး သံသယလူနာ ထပ္မံေတြ႔ရွိရျခင္း မရိွေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် H1N1 အတည်ပြု ကလေးလူနာ၏ မိခင်ဖြစ်သူကိုလည်း H1N1 အတည်ပြုလူနာအဖြစ် သြဂုတ်လ(၂၆)ရက်နေ့၌ အမျိုးသားဓာတ်ခွဲခန်းအဖြေရရှိထားကြောင်း သိရသည်။

“ဒီနေ့မနက်မှာပဲ H1N1 positive ဖြစ်ကြောင်း အဖြေရပါတယ်။ လူနာကတော့ အဖျားရောဂါ သက်သာပါတယ်။ သူ့မှာက နဂိုကတည်းက တခြားရောဂါအခံလည်း ရှိထားတော့ သတိထားပြီး ကုသမှုပေးနေပါတယ်။ သီးသန့်ကုသမှု ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်”ဟု ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲပြည်သူ့ဆေးရုံတွင် ကျောက်မဲမြို့နယ် ပန်လင်ကျေးရွာအုပ်စုရှိ ပန်လင်ကျေးရွာမှ အသက်(၅)နှစ်အရွယ် ကလေးငယ်တစ်ဦးအား သံသယလူနာအဖြစ် သြဂုတ်လ(၂၀)ရက်နေ့က စတင်တွေ့ရှိသဖြင့် အဆိုပါ ကလေး၏ မိခင်ဖြစ်သူကိုလည်း သံသယလူနာအဖြစ် နှာခေါင်းတို့ပတ်အား ဓာတ်ခွဲခန်းပို့၍ စစ်ဆေးထားခဲ့ရာ ကလေးလူနာအား သြဂုတ်လ(၂၄)ရက်နေ့တွင်လည်းကောင်း၊၎င်း၏ မိခင်ဖြစ်သူအား သြဂုတ်လ(၂၆)ရက်နေ့တွင်လည်းကောင်း H1N1 အတည်ပြုလူနာများအဖြစ် အဖြေရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကလေးလူနာမှာ လက်ရှိတွင် ဆေးရုံမှဆင်းနိုင်သည်အထိ ကျန်းမာရေးကောင်းမွန်နပြေီး မိခင်ဖြစ်သူမှာလည်း အခြေအနေကောင်းမွန်နေကြောင်း သိရသည်။

ကျောက်မဲမြို့နယ်တွင် H1N1 လူနာကို သြဂုတ်လ(၉)ရက်နေ့က ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာ အုပ်စု၊ ပါခါးကျေးရွာမှ စတင်တွေ့ရှိခဲ့ပြီး အဆိုပါကလေးလူနာ(၂)ဦးမှာ သြဂုတ်လ(၁၅)ရက်နေ့ တွင် ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တော့ဆန်ကျေးရွာအုပ်စုနှင့် ပန်လင်ကျေးရွာအုပ်စုတို့တွင် ကျန်းမာရေးအဖွဲ့က စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်နပြေီး သံသယလူနာ ထပ်မံတွေ့ရှိရခြင်း မရှိကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~