Update News

ျပင္ဦးလြင္မွ ေက်ာက္ကပ္ေဆးေနရသည့္လူနာ H1N1 ျဖင့္ေသဆံုး၍ ကာကြယ္မႈမ်ား တိုးျမႇင့္လုပ္ေဆာင္ထား


မႏၱေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ၿမိဳ႕ ျပည္သူ႔ေဆးရံုမွ ေက်ာက္ကပ္ေဆးေနသည့္ လူနာတြင္ Seasonal Influenza A (H1N1) positive ျဖစ္ေၾကာင္း ၾသဂုတ္လ (၃)ရက္ေန႔ ညေနပိုင္းက ရန္ကုန္ၿမိဳ႕ အမ်ဳိးသား က်န္းမာေရး ဓာတ္ခြဲဌာနမွ အတည္ျပဳေပးလုိက္ၿပီး ၾသဂုတ္လ (၄)ရက္ေန႔နံနက္ပိုင္းတြင္ ေသဆံုးသြားေၾကာင္း သိရသည္။

“သူ႔ရဲ့ေရာဂါက ဖ်ားတာရယ္၊ မူလရွိထားတဲ့ နာတာရွည္ ေက်ာက္ကပ္ေရာဂါရယ္ေၾကာင့္ ေသဆံုးသြားတာ ျဖစ္ပါတယ္။ ဒီေန႔ မနက္ (၇)နာရီ(၃၀)မွာ ေသဆံုးသြားတာ ျဖစ္ပါတယ္။ ေဆးရံုမွာကေတာ့ တစ္ႏိုင္ငံလံုးက ေဆးရံုေတြကို ခ်မွတ္ထားတဲ့ပံုစံ(National Guideline) အတိုင္း ကုသမႈနဲ႔ ျပင္ဆင္မႈေတြ လုပ္ထားပါတယ္။ H1N1 လူနာကို သီးသန္႔အေဆာင္မွာ ကုသပါတယ္။ အဲဒီလိုလူနာေတြအတြက္ အခန္း(၄)ခန္း သီးသန္႔ ျပင္ဆင္ထားပါတယ္။ အခုမနက္မွာ ေသဆံုးသြားတဲ့လူနာထားတဲ့အခန္းကိုလည္း စနစ္တက် သန္႔ရွင္းမႈျပဳလုပ္ေနပါတယ္။ သံသယရွိလူနာေတြရွိခဲ့ရင္လည္း သီးျခားအဖြဲ႔နဲ႔ စနစ္တက်ေဆးကုသမႈျပဳလုပ္ေပးမွာျဖစ္ပါတယ္” ဟု ျပင္ဦးလြင္ၿမိဳ႕ ျပည္သူ႔ေဆးရံုမွ ေဆးရံုအုပ္ႀကီး ေဒါက္တာေဒၚပပက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အသက္ ၄၄ ႏွစ္အရြယ္ အဆိုပါ လူနာသည္ ျပင္ဦးလြင္ၿမိဳ႕ ၊ ကြ်ဲႏြားေထာက္ေက်းရြာမွ ျဖစ္ၿပီး ေက်ာက္ကပ္ေဆးရန္ ျပည္သူ႔ေဆးရံုသို႔ ဇူလိုင္လ (၃၀) ရက္ေန႔က လာေရာက္ ကုသမႈ ခံယူေနသူျဖစ္ေၾကာင္း သိရသည္။

လူနာရွင္မိသားစုေနထိုင္ရာ ေနအိမ္ႏွင့္အနီးတစ္ဝိုက္အပါအဝင္ ျပင္ဦးလြင္တြင္ H1N1 ကာကြယ္ေရးအတြက္ တိုးျမႇင့္လုပ္ေဆာင္ေနၿပီး ေဆးရံုမ်ားတြင္လည္း ဆရာဝန္ႏွင့္အထူးကုမ်ား၊ သူနာျပဳဝန္ထမ္းမ်ားႏွင့္ အေျခခံ အလုပ္သမားမ်ားပါဝင္သည့္ သီးသန္႔အဖြဲ႔ ဖြဲ႕စည္းထားကာ လိုအပ္သည့္ကာကြယ္ေရးပစၥည္းမ်ား စီမံထားရွိေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံမှ ကျောက်ကပ်ဆေးနေသည့် လူနာတွင် Seasonal Influenza A (H1N1) positive ဖြစ်ကြောင်း သြဂုတ်လ (၃)ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲဌာနမှ အတည်ပြုပေးလိုက်ပြီး သြဂုတ်လ (၄)ရက်နေ့နံနက်ပိုင်းတွင် သေဆုံးသွားကြောင်း သိရသည်။

“သူ့ရဲ့ရောဂါက ဖျားတာရယ်၊ မူလရှိထားတဲ့ နာတာရှည် ကျောက်ကပ်ရောဂါရယ်ကြောင့် သေဆုံးသွားတာ ဖြစ်ပါတယ်။ ဒီနေ့ မနက် (၇)နာရီ(၃၀)မှာ သေဆုံးသွားတာ ဖြစ်ပါတယ်။ ဆေးရုံမှာကတော့ တစ်နိုင်ငံလုံးက ဆေးရုံတွေကို ချမှတ်ထားတဲ့ပုံစံ(National Guideline) အတိုင်း ကုသမှုနဲ့ ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ H1N1 လူနာကို သီးသန့်အဆောင်မှာ ကုသပါတယ်။ အဲဒီလိုလူနာတွေအတွက် အခန်း(၄)ခန်း သီးသန့် ပြင်ဆင်ထားပါတယ်။ အခုမနက်မှာ သေဆုံးသွားတဲ့လူနာထားတဲ့အခန်းကိုလည်း စနစ်တကျ သန့်ရှင်းမှုပြုလုပ်နေပါတယ်။ သံသယရှိလူနာတွေရှိခဲ့ရင်လည်း သီးခြားအဖွဲ့နဲ့ စနစ်တကျဆေးကုသမှုပြုလုပ်ပေးမှာဖြစ်ပါတယ်” ဟု ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ပပက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အသက် ၄၄ နှစ်အရွယ် အဆိုပါ လူနာသည် ပြင်ဦးလွင်မြို့၊ ကျွဲနွားထောက်ကျေးရွာမှ ဖြစ်ပြီး ကျောက်ကပ်ဆေးရန် ပြည်သူ့ဆေးရုံသို့ ဇူလိုင်လ (၃၀) ရက်နေ့က လာရောက် ကုသမှု ခံယူနေသူဖြစ်ကြောင်း သိရသည်။

လူနာရှင်မိသားစုနေထိုင်ရာ နေအိမ်နှင့်အနီးတစ်ဝိုက်အပါအဝင် ပြင်ဦးလွင်တွင် H1N1 ကာကွယ်ရေးအတွက် တိုးမြှင့်လုပ်ဆောင်နပြေီး ဆေးရုံများတွင်လည်း ဆရာဝန်နှင့်အထူးကုများ၊ သူနာပြုဝန်ထမ်းများနှင့် အခြေခံ အလုပ်သမားများပါဝင်သည့် သီးသန့်အဖွဲ့ ဖွဲ့စည်းထားကာ လိုအပ်သည့်ကာကွယ်ရေးပစ္စည်းများ စီမံထားရှိကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့် 
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::