ဒန္႔ဒလြန္ပင္နယ္ေျမရဲစခန္းက မူးယစ္ေဆး၀ါး ေရာင္းဝယ္ရန္ သယ္ေဆာင္လာသူ(၂)ဦးအား ဖမ္းဆီးရမိထား

ဒန္႔ဒလြန္ပင္နယ္ေျမရဲစခန္းက မူးယစ္ေဆး၀ါး ေရာင္းဝယ္ရန္ သယ္ေဆာင္လာသူ(၂)ဦးအား ဖမ္းဆီးရမိထား
သြဂုတ် 26, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး ၿမိဳ႕သစ္ၿမိဳ ့နယ္တြင္ စိတ္ၾကြရူးသြပ္ေဆးျပားမ်ား သယ္ေဆာင္လာသူ(၂)ဦးအား ၾသဂုတ္(၂၅)ရက္ေန႔ နံနက္ပိုင္းက ဖမ္းဆီးရမိခဲ့ေၾကာင္း ဒန္႔ဒလြန္ပင္နယ္ေျမရဲစခန္းမွ သိရသည္။
"ဒန္႔ဒလြန္ပင္နယ္ေျမရဲစခန္းက ပုဒ္မ ၃၇၆ အမႈနဲ ့ အလိုရိွေနသူတစ္ဦးကို ဖမ္းဆီးႏိုင္ေရးအတြက္ သတင္းစံုစမ္းဖို ့ သြားခဲ့တာပါ။ အဲဒီမွာ ဆိုင္ကယ္စီးလာသူႏွစ္ဦးကို မသကၤာလို ့ရပ္တန္႔စစ္ေဆးခဲ့တာမွာ စိတ္ၾကြရူးသြပ္ေဆးျပားေတြနဲ႔တကြ ဖမ္းဆီးနိုင္ခဲ့တာပါ"ဟု ဒန္ ့ဒလြန္ပင္နယ္ေျမရဲစခန္းအပိုင္ ေရႊပန္းရဲကင္းမွဴး ဒုရဲအုပ္စည္သူေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို ့ ေျပာသည္။

ၿမိဳ႕သစ္ျမိဳ႕နယ္ ေရႊပန္းရဲကင္းမွဳး ဦးေဆာင္သည့္ တပ္ဖြဲ႔သည္ သက္ေသမ်ားႏွင့္အတူ ၾသဂုတ္လ (၂၅)ရက္ေန႔ နံနက္(၈) နာရီခဲြအခ်ိန္ခန္႔တြင္ ဒန္႔ဒလြန္ပင္ နယ္ေျမရဲစခန္းမွ (ပ)၃၀/ ၂၀၁၇၊ ရာဇသတ္ႀကီး ပုဒ္မ - ၃၇၆ အမႈနွင့္ အလိုရိွေနသူအား ဖမ္းဆီးရမိေရးအတြက္ ေရႊပန္းေက်းရြာအုပ္စု၊ ပိေတာက္ၿမိဳင္တဲတိုက္အနီး၌ သတင္း စံုစမ္း ေဆာင္ရြက္ေနစဥ္ ဆိုင္ကယ္စီးလာသူႏွစ္ဦးကို ရပ္တန္ ့စစ္ေဆးရာမွ စိတ္ၾကြရူးသြပ္ေဆးျပား (၅၄၆)ျပား သယ္ေဆာင္လာသည္ကိုု ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါး ေရာင္းခ်ရန္အတြက္ လက္ဝယ္ထားရွိ သယ္ေဆာင္လာသူ ရန္ႏိုင္ေအာင္ ႏွင့္ ကိုဝင္း တို႔အား ဒန္႔ဒလြန္ပင္နယ္ေျမရဲစခန္းတြင္ မယ(ပ)၁/၂၀၁၇၊ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲ ေစတတ္ေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ၁၅/၁၉(က) /၂၀(က)/၂၁အရ အမႈဖြင့္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသူ(၂)ဦးအား သြဂုတ်(၂၅)ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ဒန့်ဒလွန်ပင်နယ်မြေရဲစခန်းမှ သိရသည်။
"ဒန့်ဒလွန်ပင်နယ်မြေရဲစခန်းက ပုဒ်မ ၃၇၆ အမှုနဲ့ အလိုရှိနေသူတစ်ဦးကို ဖမ်းဆီးနိုင်ရေးအတွက် သတင်းစုံစမ်းဖို့ သွားခဲ့တာပါ။ အဲဒီမှာ ဆိုင်ကယ်စီးလာသူနှစ်ဦးကို မသင်္ကာလို့ရပ်တန့်စစ်ဆေးခဲ့တာမှာ စိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့တကွ ဖမ်းဆီးနိုင်ခဲ့တာပါ"ဟု ဒန့်ဒလွန်ပင်နယ်မြေရဲစခန်းအပိုင် ရွှေပန်းရဲကင်းမှူး ဒုရဲအုပ်စည်သူအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြို့သစ်မြို့နယ် ရွှေပန်းရဲကင်းမှုး ဦးဆောင်သည့် တပ်ဖွဲ့သည် သက်သေများနှင့်အတူ သြဂုတ်လ (၂၅)ရက်နေ့ နံနက်(၈) နာရီခွဲအချိန်ခန့်တွင် ဒန့်ဒလွန်ပင် နယ်မြေရဲစခန်းမှ (ပ)၃၀/ ၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ - ၃၇၆ အမှုနှင့် အလိုရှိနေသူအား ဖမ်းဆီးရမိရေးအတွက် ရွှေပန်းကျေးရွာအုပ်စု၊ ပိတောက်မြိုင်တဲတိုက်အနီး၌ သတင်း စုံစမ်း ဆောင်ရွက်နေစဉ် ဆိုင်ကယ်စီးလာသူနှစ်ဦးကို ရပ်တန့်စစ်ဆေးရာမှ စိတ်ကြွရူးသွပ်ဆေးပြား (၅၄၆)ပြား သယ်ဆောင်လာသည်ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါး ရောင်းချရန်အတွက် လက်ဝယ်ထားရှိ သယ်ဆောင်လာသူ ရန်နိုင်အောင် နှင့် ကိုဝင်း တို့အား ဒန့်ဒလွန်ပင်နယ်မြေရဲစခန်းတွင် မယ(ပ)၁/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ၁၅/၁၉(က) /၂၀(က)/၂၁အရ အမှုဖွင့် ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ဖီးနစ် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~