သီေပါၿမိဳ႕ ခိုလံုတံတားအနီးတြင္ စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ လူငယ္တစ္ဦးအား ဖမ္းဆီးရမိ

သီေပါၿမိဳ႕ ခိုလံုတံတားအနီးတြင္ စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ လူငယ္တစ္ဦးအား ဖမ္းဆီးရမိ
သြဂုတ် 2, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕ ခိုလံုတံတားအနီးတြင္ ၾသဂုတ္လ(၁)ရက္ေန႔ ညပိုင္းက နမ့္လန္ဘက္မွ ေမာင္းႏွင္လာသည့္ ဆိုင္ကယ္တစ္စီးအား ပူးေပါင္းအဖြဲ႔ျဖင့္ တားဆီးစစ္ေဆးရာ စိတ္ၾကြရူးသြပ္ ေဆးျပား(၂၅၀၀)ေက်ာ္အား ဖမ္းဆီးရမိေၾကာင္း သိရသည္။

“သီေပါ - လားရိႈးလမ္းမႀကီးမွာ ပူးေပါင္းအဖြဲ႔နဲ႔ ပိတ္ဆို႔ရွာေဖြမႈေတြ ျပဳလုပ္ေနတဲ့အခ်ိန္ နမ့္လန္ဘက္ကေန ေမာင္းႏွင္လာတဲ့ ကန္ဘုိ(၁၁၀ စီစီ)အနက္ေရာင္ဆိုင္ကယ္ကို မသကၤာလို႔ စစ္ေဆးတဲ့အခါမွာ ဆိုင္ကယ္ ေမာင္းႏွင္လာသူရဲ႕ ပုဆိုးခါးပံုစထဲက အျပာေရာင္ကပ္ခြာအိတ္နဲ႔ ထည့္ထားတဲ့ ေဆးျပားထုပ္(၃)ထုပ္၊ အမဲေရာင္ကြ်ပ္ကြ်ပ္အိတ္နဲ႔ ထုပ္ထားတဲ့ ေဆးျပားထုပ္(၁၀)ထုပ္ကို ရွာေဖြေတြ႔ရွိခဲ့တာျဖစ္ပါတယ္”ဟု သီေပါၿမိဳ႕ ၿမိဳ႕မရဲစခန္းမွ တာဝန္မွဴးဒုရဲအုပ္ ေဇာ္မင္းဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ခိုလံုတံတားရဲကင္းမွဴး ရဲအုပ္သန္းလိႈင္ႏွင့္ ရဲတပ္ဖြဲ႔ဝင္မ်ား၊ အသိသက္ေသမ်ားႏွင့္ နယ္ေျမမွဴးတုိ႔ ပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ ည(၈)နာရီခြဲခန္႔တြင္ ဆိုင္ကယ္ေမာင္းႏွင္လာသူထံမွ ပန္းေရာင္စိတ္ၾကြရူးသြပ္ေဆးျပား (၁၉၅)ျပားစီပါ အထုပ္ (၁၃)ထုပ္ စုစုေပါင္း(၂၅၃၅)ျပား အေလးခ်ိန္( ၂၂၈.၁၅) ဂရမ္ခန္႔အား သိမ္းဆည္းရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ား သယ္ေဆာင္လာသည့္ အသက္ (၁၉)ႏွစ္အရြယ္ ေနဝင္း ဆိုသူအား သီေပါၿမိဳ႕မယ(ပ)၃၄/၂၀၁၇၊ မူးယစ္ေဆးဝါးႏွင့္ စိတ္ကို ေျပာင္းလဲေစသည့္ေဆးဝါးမ်ားဆိုင္ရာ ဥပေဒ ပုဒ္မ ၁၅/၁၉(က)ျဖင့္ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓာတ္ပံု - Ko Min


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ ခိုလုံတံတားအနီးတွင် သြဂုတ်လ(၁)ရက်နေ့ ညပိုင်းက နမ့်လန်ဘက်မှ မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးအား ပူးပေါင်းအဖွဲ့ဖြင့် တားဆီးစစ်ဆေးရာ စိတ်ကြွရူးသွပ် ဆေးပြား(၂၅၀၀)ကျော်အား ဖမ်းဆီးရမိကြောင်း သိရသည်။

“သီပေါ - လားရှိုးလမ်းမကြီးမှာ ပူးပေါင်းအဖွဲ့နဲ့ ပိတ်ဆို့ရှာဖွေမှုတွေ ပြုလုပ်နေတဲ့အချိန် နမ့်လန်ဘက်ကနေ မောင်းနှင်လာတဲ့ ကန်ဘို(၁၁၀ စီစီ)အနက်ရောင်ဆိုင်ကယ်ကို မသင်္ကာလို့ စစ်ဆေးတဲ့အခါမှာ ဆိုင်ကယ် မောင်းနှင်လာသူရဲ့ ပုဆိုးခါးပုံစထဲက အပြာရောင်ကပ်ခွာအိတ်နဲ့ ထည့်ထားတဲ့ ဆေးပြားထုပ်(၃)ထုပ်၊ အမဲရောင်ကျွပ်ကျွပ်အိတ်နဲ့ ထုပ်ထားတဲ့ ဆေးပြားထုပ်(၁၀)ထုပ်ကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်”ဟု သီပေါမြို့ မြို့မရဲစခန်းမှ တာဝန်မှူးဒုရဲအုပ် ဇော်မင်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ခိုလုံတံတားရဲကင်းမှူး ရဲအုပ်သန်းလှိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ အသိသက်သေများနှင့် နယ်မြေမှူးတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ည(၈)နာရီခွဲခန့်တွင် ဆိုင်ကယ်မောင်းနှင်လာသူထံမှ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၁၉၅)ပြားစီပါ အထုပ် (၁၃)ထုပ် စုစုပေါင်း(၂၅၃၅)ပြား အလေးချိန်( ၂၂၈.၁၅) ဂရမ်ခန့်အား သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် အသက် (၁၉)နှစ်အရွယ် နေဝင်း ဆိုသူအား သီပေါမြို့မယ(ပ)၃၄/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသည့်ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - Ko Min 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~