ဘန္ေကာက္မွ ေနရပ္ျပန္လိုသည့္ ျမန္မာႏုိင္ငံသား (၈၇)ဦးအား ရွမ္းတုိင္းရင္းသားမ်ားအဖြဲ႕အစည္း(ဘန္ေကာက္)က မယ္ဆိုင္ - တာခ်ီလိတ္သို႔ ဒုတိယအႀကိမ္ ပို႔ေဆာင္

ဘန္ေကာက္မွ ေနရပ္ျပန္လိုသည့္ ျမန္မာႏုိင္ငံသား (၈၇)ဦးအား ရွမ္းတုိင္းရင္းသားမ်ားအဖြဲ႕အစည္း(ဘန္ေကာက္)က မယ္ဆိုင္ - တာခ်ီလိတ္သို႔ ဒုတိယအႀကိမ္ ပို႔ေဆာင္
သြဂုတ် 21, 2017
By Tachileik News Agency

ထုိင္းႏုိင္ငံ ဘန္ေကာက္မွ ေနရပ္ျပန္လိုသည့္ ေရႊ႕ေျပာင္းျမန္မာလုပ္သား (၈၇)ဦးအား ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တာခ်ီလိတ္နယ္စပ္မွ တစ္ဆင့္ ေနရပ္ျပန္ႏုိင္ရန္ ရွမ္းတိုင္းရင္းသားအဖြဲ႔အစည္း(ဘန္ေကာက္) ( TAI Organization Bangkok )က ဒုတိယအႀကိမ္အျဖစ္ ၾသဂုတ္လ (၂၁)ရက္ေန႔က ပို႔ေဆာင္ေပးေၾကာင္း သိရသည္။

"အခု တစ္ေခါက္လည္း ပထမအေခါက္လိုပါပဲ။ ဘန္ေကာက္ကေန ေနရပ္ျပန္ခ်င္သူေတြကို ကြ်န္ေတာ္တို႔ အြန္လိုင္းကေန အသိေပး ေၾကာ္ျငာလိုက္ေတာ့ သူတို႔ေတြ စာရင္းေပးလာၾကတယ္။ ဆက္သြယ္ လာၾကတယ္။ အဲဒါနဲ႔ အခု ကြ်န္ေတာ္တို႔ ဒုတိယအႀကိမ္ေျမာက္ လာေရာက္ပို႔ေဆာင္ေပးျဖစ္တာပါ။ အခုလို လာေရာက္ ပို႔ေဆာင္ေပးတဲ့အခါမွာလည္း ကြ်န္ေတာ္တို႔ဖက္က ေငြေၾကာင္း ေတာင္းခံတာလည္း မရွိဘူး။ အကုန္က်ခံၿပီး မယ္ဆိုင္အေရာက္ ပို႔ေဆာင္ေပးတာျဖစ္ပါတယ္"ဟု ဘန္ေကာက္မွ မယ္ဆိုင္အထိ ပို႔ေဆာင္ေပးလာသူ ရွမ္းတိုင္းရင္းသား အဖြဲ႔အစည္း(ဘန္ေကာက္) ( TAI Organization Bangkok )မွ တာ၀န္ရွိသူ ကိုစိုင္းႏြံက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ေနရပ္ျပန္ ျမန္မာႏိုင္ငံသားမ်ားမွာ ရွမ္းျပည္နယ္အတြင္းမွျဖစ္ၾကၿပီး ၎တို႔အား ဘန္ေကာက္မွ မယ္ဆိုင္ၿမိဳ႕အထိ ရွမ္းတိုင္းရင္းသားအဖြဲ႔အစည္း(ဘန္ေကာက္) ႏွင့္အတူ ထိုင္းႏိုင္ငံ ခ်င္းမိုင္သံအရာရွိ ဦးႏိုင္မင္းသူကလည္း လိုက္ပါကူညီေဆာင္ရြက္ေပးေၾကာင္း သိရသည္။

ေနရပ္ျပန္မ်ားအား CNCMC ေကာ္မတီမွ တာ၀န္ရွိသူမ်ားက ျမန္မာ - ထိုင္း ႏွစ္ဖက္ TBC တို႔ႏွင့္အတူ မယ္ဆိုင္ လ၀ကရံုးမွ တစ္ဆင့္ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၂)တံတားသို႔ ႀကိဳပို႔ယာဥ္ (၆)စီးျဖင့္ ေခၚေဆာင္လာခဲ့ရာ ျမန္မာဘက္တြင္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္၊ စစ္ဗ်ဴဟာအဖဲြ႕(အေျခခ်)တာခ်ီလိတ္မွ စစ္ဗ်ဴဟာမွဴး ဗုိလ္မွဴးႀကီး ေအးမင္းဦး၊ တာခ်ီလိတ္ခရိုင္ စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ၊ အတြင္းေရးမွဴး၊ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆိုင္ရာ ခ႐ိုင္ဦးစီးမွဴးရံုး ၊ဒုတိယညႊန္ၾကားေရးမွဴး ဦးေက်ာ္ေမာ္ထြန္း ႏွင့္ ခရိုင္စီ/ခန္႔ ေကာ္မတီ၀င္မ်ား၊ ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ၊ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ ႏွင့္ ေကာ္မတီ၀င္မ်ား၊ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏႈိင္ေရးေကာ္မတီ(CNCMC)ေကာ္မတီဝင္မ်ား၊ တာခ်ီလိတ္နာေရးကူညီမႈအသင္း၊ တာခ်ီလိတ္ေဂၚရခါး လူမႈကူညီေရးအသင္း၊ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ပါတီ၊ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီတို႔မွ ႀကိဳဆိုခဲ့ၾကၿပီး ႏိုင္ငံေရးပါတီမ်ားႏွင့္ လူမႈေရးအသင္း အဖြဲ႔မ်ားက အစားအေသာက္မ်ား လွဴဒါန္းခဲ့ေၾကာင္း သိရသည္။

ေနရပ္ျပန္ (၈၇)ဦးတြင္ မွတ္ပံုတင္ေပ်ာက္သြား၍ ေသာ္လည္းေကာင္း၊ မျပဳလုပ္ရေသး၍ ေသာ္လည္းေကာင္း၊ ေနရပ္ျပန္ရန္အတြက္ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ မွတ္ပံုတင္မရွိသူမ်ားအား လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဆိုင္ရာ ၿမိဳ႕နယ္ဦးစီးမွဴးရံုး မွ ဦးစီးအရာရွိ ဦးစိုင္းဆိုင္တစ္ ႏွင့္ တာ၀န္ရွိသူမ်ားက ေထာက္ခံစာမ်ား ျပဳလုပ္ေပးခဲ့ေၾကာင္း သိရသည္။

ရွမ္းတိုင္းရင္းသားအဖြဲ႔အစည္း(ဘန္ေကာက္)သည္ ထိုင္းႏိုင္ငံအတြင္း အခက္အခဲႀကံဳေနရသည့္ ျမန္မာႏိုင္ငံသားမ်ားအား တတ္ႏိုင္သည့္ဘက္မွ ကူညီေပးေနေၾကာင္း သိရၿပီး ေနရပ္ျပန္လိုသည့္ ျမန္မာႏုိင္ငံသား (၃၃)ဦးကို ၂၀၁၇ခုႏွစ္ ဇူလိုင္လ(၁၈)ရက္ေန႔က ပထမအႀကိမ္ ျပန္လည္ ပို႔ေဆာင္ေပးခဲ့ျခင္းျဖစ္သည္။



~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ ဘန်ကောက်မှ နေရပ်ပြန်လိုသည့် ရွှေ့ပြောင်းမြန်မာလုပ်သား (၈၇)ဦးအား ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်နယ်စပ်မှ တစ်ဆင့် နေရပ်ပြန်နိုင်ရန် ရှမ်းတိုင်းရင်းသားအဖွဲ့အစည်း(ဘန်ကောက်) ( TAI Organization Bangkok )က ဒုတိယအကြိမ်အဖြစ် သြဂုတ်လ (၂၁)ရက်နေ့က ပို့ဆောင်ပေးကြောင်း သိရသည်။

"အခု တစ်ခေါက်လည်း ပထမအခေါက်လိုပါပဲ။ ဘန်ကောက်ကနေ နေရပ်ပြန်ချင်သူတွေကို ကျွန်တော်တို့ အွန်လိုင်းကနေ အသိပေး ကြော်ငြာလိုက်တော့ သူတို့တွေ စာရင်းပေးလာကြတယ်။ ဆက်သွယ် လာကြတယ်။ အဲဒါနဲ့ အခု ကျွန်တော်တို့ ဒုတိယအကြိမ်မြောက် လာရောက်ပို့ဆောင်ပေးဖြစ်တာပါ။ အခုလို လာရောက် ပို့ဆောင်ပေးတဲ့အခါမှာလည်း ကျွန်တော်တို့ဖက်က ငွေကြောင်း တောင်းခံတာလည်း မရှိဘူး။ အကုန်ကျခံပြီး မယ်ဆိုင်အရောက် ပို့ဆောင်ပေးတာဖြစ်ပါတယ်"ဟု ဘန်ကောက်မှ မယ်ဆိုင်အထိ ပို့ဆောင်ပေးလာသူ ရှမ်းတိုင်းရင်းသား အဖွဲ့အစည်း(ဘန်ကောက်) ( TAI Organization Bangkok )မှ တာဝန်ရှိသူ ကိုစိုင်းနွံက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ နေရပ်ပြန် မြန်မာနိုင်ငံသားများမှာ ရှမ်းပြည်နယ်အတွင်းမှဖြစ်ကြပြီး၎င်းတို့အား ဘန်ကောက်မှ မယ်ဆိုင်မြို့အထိ ရှမ်းတိုင်းရင်းသားအဖွဲ့အစည်း(ဘန်ကောက်) နှင့်အတူ ထိုင်းနိုင်ငံ ချင်းမိုင်သံအရာရှိ ဦးနိုင်မင်းသူကလည်း လိုက်ပါကူညီဆောင်ရွက်ပေးကြောင်း သိရသည်။

နေရပ်ပြန်များအား CNCMC ကော်မတီမှ တာဝန်ရှိသူများက မြန်မာ - ထိုင်း နှစ်ဖက် TBC တို့နှင့်အတူ မယ်ဆိုင် လဝကရုံးမှ တစ်ဆင့် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားသို့ ကြိုပို့ယာဉ် (၆)စီးဖြင့် ခေါ်ဆောင်လာခဲ့ရာ မြန်မာဘက်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူးရုံး၊ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်း နှင့် ခရိုင်စီ/ခန့် ကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် ကော်မတီဝင်များ၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက်မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်ရေးကော်မတီ(CNCMC)ကော်မတီဝင်များ၊ တာချီလိတ်နာရေးကူညီမှုအသင်း၊ တာချီလိတ်ဂေါ်ရခါး လူမှုကူညီရေးအသင်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့မှ ကြိုဆိုခဲ့ကြပြီး နိုင်ငံရေးပါတီများနှင့် လူမှုရေးအသင်း အဖွဲ့များက အစားအသောက်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

နေရပ်ပြန် (၈၇)ဦးတွင် မှတ်ပုံတင်ပျောက်သွား၍ သော်လည်းကောင်း၊ မပြုလုပ်ရသေး၍ သော်လည်းကောင်း၊ နေရပ်ပြန်ရန်အတွက် အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံတင်မရှိသူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး မှ ဦးစီးအရာရှိ ဦးစိုင်းဆိုင်တစ် နှင့် တာဝန်ရှိသူများက ထောက်ခံစာများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသားအဖွဲ့အစည်း(ဘန်ကောက်)သည် ထိုင်းနိုင်ငံအတွင်း အခက်အခဲကြုံနေရသည့် မြန်မာနိုင်ငံသားများအား တတ်နိုင်သည့်ဘက်မှ ကူညီပေးနေကြောင်း သိရပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသား (၃၃)ဦးကို ၂၀၁၇ခုနှစ် ဇူလိုင်လ(၁၈)ရက်နေ့က ပထမအကြိမ် ပြန်လည် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~