တာချီလိတ်ခရိုင် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ အထက(တာလေ)တွင် A(H1 N1)ရာသီတုပ်ကွေး ရောဂါအကြောင်း အသိပညာပေးကာ Mask များပေးဝေပြီး ခြင်ဆေးဖျန်း

တာချီလိတ်ခရိုင် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ အထက(တာလေ)တွင် A(H1 N1)ရာသီတုပ်ကွေး ရောဂါအကြောင်း အသိပညာပေးကာ Mask များပေးဝေပြီး ခြင်ဆေးဖျန်း
သွဂုတျ 8, 2017
By Tachileik News Agency

တာချီလိတ်ခရိုင်၊ တာလေမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(တာလေ)တွင် တာချီလိတ်ခရိုင် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီက A(H1 N1)အကြောင်းသိကောင်းစရာများ နှင့် အတူ Mask များ အခမဲ့ ပေးဝေကာ အသိပညာပေးမှုအဖြစ် သြဂုတ်လ(၈)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။


ဆက်လက်၍ တာချီလိတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ နှင့် တာဝန်ရှိသူများက အဆိုပါ ကျောင်းရှိ ဆရာ/မများနှင့် ကျောင်းသား/သူ များအတွက် Mask (၁၄၀၀)၀န်းကျင်နှင့်အတူ A(H1 N1) ရာသီတုပ်ကွေးရောဂါကြိုတင်ကာကွယ်နည်း လက်ကမ်းစာစောင်များကို ပေးဝေခဲ့ကြောင်း သိရသည်။


ဓာတ်ပုံ - ယာဆေး


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင်၊ တာလမြေို့ရှိ အခြေခံပညာအထက်တန်းကျောင်း(တာလေ)တွင် တာချီလိတ်ခရိုင် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီက A(H1 N1)အကြောင်းသိကောင်းစရာများ နှင့် အတူ Mask များ အခမဲ့ ပေးေဝကာ အသိပညာပေးမှုအဖြစ် သြဂုတ်လ(၈)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးရာတွင် တာချီလိတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီက ဥက္ကဌ ဦးကြည်မြင့် က ယခုလို ကျောင်းအတွင်း လာရောက်၍ အသိပညာပေးရခြင်းနှင့် ပတ်သက်၍ ပြောကြားပြီးနောက် အတွင်းရေးမှူး ခရိုင်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ခရိုင်ဦးစီးမှူး (ဒုတိယတန်း) ဦးဘမိုးမြင်က Mask များကို စနစ်တပ်ကျ တပ်ဆင် အသုံးပြုနည်းအား လက်တွေ့ပြသကာ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှဌေးက အသိပညာတိုးပွားရေးဆိုင်ရာများနှင့် A(H1 N1) ရာသီတုပ်ကွေး ရောဂါကြိုတင် ကာကွယ်နည်းများကို ဟောပြောကာ အသိပညာပေးကြောင်း သိရသည်။

ဆက်လက်၍ တာချီလိတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ နှင့် တာဝန်ရှိသူများက အဆိုပါ ကျောင်းရှိ ဆရာ/မများနှင့် ကျောင်းသား/သူ များအတွက် Mask (၁၄၀၀)ဝန်းကျင်နှင့်အတူ A(H1 N1) ရာသီတုပ်ကွေးရောဂါကြိုတင်ကာကွယ်နည်း လက်ကမ်းစာစောင်များကို ပေးေဝခဲ့ကြောင်း သိရသည်။

ယင်းအပြင် ခြင်အန္တရာယ်ကြောင့် ကူးစက်ရောဂါများ မဖြစ်ပွား မပြန့်ပွားစေရေးအတွက် တာချီလိတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီက ခြင်ဆေးများဖျန်းပေးခဲ့ကြောင်းလည်း သိရသည်။

ဓာတ်ပုံ - ယာဆေး 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~