တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားရာ နေရာများသို့ ပူးပေါင်းအဖွဲ့ဖြင့် ကူညီပေးနေ

တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားရာ နေရာများသို့ ပူးပေါင်းအဖွဲ့ဖြင့် ကူညီပေးနေ
သွဂုတျ 18, 2017
By Tachileik News Agency

တောင်ကျရေများကြောင့် မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းအတွင်း၌ ၂၀၁၇ခုနှစ် သြဂုတ်လ(၁၈)ရက်နေ့ နံနက်အပိုင်းက စတင်၍ နေ့လယ်ပိုင်းအချိန်အထိ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေလျက်ရှိရာ တပ်မတော်သားများ၊ ဒေသအုပ်ချုပ်ရေးအကြီးအကဲများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ ပူးပေါင်း၍ ကယ်ဆယ်မှုများ ပြုလုပ်ပေးနေလျက်ရှိကြောင်း သိရသည်။

သြဂုတ်လ(၁၈)ရက်နေ့ နံနက်(၅)နာရီ ၀န်းကျင်က စတင်ကာ မယ်ဆိုင်ချောင်းနှင့် အနီးရှိ ပုန်းထွန်ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက် နှင့် တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်၊ ဆန်ဆိုင်း(က)၊ ဆန်ဆိုင်း(ခ)ရပ်ကွက်တို့တွင် ရေများဝင်ရောက်လာပြီး နံနက်(၁၁)နာရီဝန်းကျင်အချိန်အထိ ရေများရှိနေဆဲဖြစ်သည့်အတွက် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့မှာ ကူညီမှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။

ရေကြီးရေလျှံမှု ဖြစ်ပွားရာ နေရာများသို့ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး နှင့် အရာရှိ စစ်သည် တပ်မတော်သားများ၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင်အဆင့် ကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် မြို့နယ်အဆင့် ကော်မတီဝင်များ၊ ကြက်ခြေနီ နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ တာချီလိတ်မြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များ နှင့် ဒေသခံ ပြည်သူများ ပါဝင်ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ရေကြီးရေလျှံမှုကြောင့် နေအိမ်အတွင်း ရေများဝင်ရောက်လာပါက အိမ်သုံးလျှပ်စစ်မီးများနှင့် ပတ်သက်၍ အန္တရာယ်ကင်းရှင်းစေရန် မီးမိန်းများကို ချထားသင့်ကြောင်း၊ ရေနှင့်အတူ မျောပါလာတတ်ပြီး အန္တရာယ်ပြုတတ်သည့် သတ္တ၀ါများကိုလည်း သတိထားရန် လိုအပ်ကြောင်းနှင့် အရေးကြုံက  ကူညီမှုများပေးနိုင်ရန် သက်ဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များမှ အသင့်ရှိနေကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

တောင်ကျရေများကြောင့် မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းအတွင်း၌ ၂၀၁၇ခုနှစ် သြဂုတ်လ(၁၈)ရက်နေ့ နံနက်အပိုင်းက စတင်၍ နေ့လယ်ပိုင်းအချိန်အထိ ရကြေီးရေလျှံမှုများ ဖြစ်ပေါ်နေလျက်ရှိရာ တပ်မတော်သားများ၊ ဒေသအုပ်ချုပ်ရေးအကြီးအကဲများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ ပူးပေါင်း၍ ကယ်ဆယ်မှုများ ပြုလုပ်ပေးနေလျက်ရှိကြောင်း သိရသည်။

သြဂုတ်လ(၁၈)ရက်နေ့ နံနက်(၅)နာရီ ဝန်းကျင်က စတင်ကာ မယ်ဆိုင်ချောင်းနှင့် အနီးရှိ ပုန်းထွန်ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက် နှင့် တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်၊ ဆန်ဆိုင်း(က)၊ ဆန်ဆိုင်း(ခ)ရပ်ကွက်တို့တွင် ရေများဝင်ရောက်လာပြီး နံနက်(၁၁)နာရီဝန်းကျင်အချိန်အထိ ရေများရှိနေဆဲဖြစ်သည့်အတွက် သက်ဆို်င်ရာ ပူးပေါင်းအဖွဲ့တို့မှာ ကူညီမှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။

ရကြေီးရေလျှံမှု ဖြစ်ပွားရာ နေရာများသို့ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး နှင့် အရာရှိ စစ်သည် တပ်မတော်သားများ၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင်အဆင့် ကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် မြို့နယ်အဆင့် ကော်မတီဝင်များ၊ ကြက်ခြေနီ နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ တာချီလိတ်မြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များ နှင့် ဒေသခံ ပြည်သူများ ပါဝင်ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ရကြေီးရေလျှံမှုကြောင့် နေအိမ်အတွင်း ရေများဝင်ရောက်လာပါက အိမ်သုံးလျှပ်စစ်မီးများနှင့် ပတ်သက်၍ အန္တရာယ်ကင်းရှင်းစေရန် မီးမိန်းများကို ချထားသင့်ကြောင်း၊ ရေနှင့်အတူ မျောပါလာတတ်ပြီး အန္တရာယ်ပြုတတ်သည့် သတ္တဝါများကိုလည်း သတိထားရန် လိုအပ်ကြောင်းနှင့် အရေးကြုံက ကူညီမှုများပေးနိုင်ရန် သက်ဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များမှ အသင့်ရှိနေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~