တာခ်ီလိတ္မွ စိတ္ေဝဒနာရွင္မ်ားအား က်ိဳင္းတံု စိတ္က်န္းမာေရးေဆးရံုသို႔ ပို႔ေဆာင္ ကုသေပးမည္

တာခ်ီလိတ္မွ စိတ္ေဝဒနာရွင္မ်ားအား က်ိဳင္းတံု စိတ္က်န္းမာေရးေဆးရံုသို႔ ပို႔ေဆာင္ ကုသေပးမည္
သြဂုတ် 19, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ရပ္ကြက္မ်ား၌ လွည့္လည္ ေနထိုင္ေနသည့္ စိတ္ေဝဒနာ ရွင္မ်ားအား က်ိဳင္းတံုစိတ္က်န္းမာေရးေဆးရံုသို႔ ပို႔ေဆာင္ကုသေပးႏုိင္ရန္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

"ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြက ၿမိဳ႕နယ္အစည္းအေဝးမွာ တင္ျပထားတာပါ။ ရပ္ကြက္တြင္းမွာ လူေတြ အေႏွာင့္အယွက္ျဖစ္လုိ႔ ကၽြန္ေတာ္တုိ႔က ဖမ္းဆီး စခန္းသြားပို႔ရင္လည္း စခန္းက လက္မခံဘူး။ အဲဒီေတာ့ ဒီတိုင္းပဲထားေနရေတာ့ ဘယ္လိုလုပ္ရမလဲ တုိင္ပင္တာေပါ့။ အဲဒီမွာ ကၽြန္ေတာ္တို႔ေတြက ဖမ္းဆီး တာခ်ီလိတ္ေဆးရံုကို ပို႔ေပးရံုပဲ။ ေဆးရံုကမွ က်ိဳင္းတံုကို ဆက္ပို႔ေပးမယ္။ ရပ္ကြက္အုပ္ခ်ဳပ္ေရးနဲ႔ စည္ပင္လည္း ပါမယ္။ တျခားေတာ့ ဘယ္ဌာနေတြ ပါဦးမလဲမသိေသးဘူး"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ ဝမ္ေကာင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းထြန္းဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ေပၚရပ္ကြက္ (၁၁)ခုအနက္ ၿမိဳ႕မသုသာန္ႏွင့္နီးသည့္ ဝမ္ေကာင္းႏွင့္ ပုန္းထြန္ ရပ္ကြက္တို႔တြင္ စိတ္ေဝဒနာရွင္ အမ်ားဆံုး ရိွေနေၾကာင္း သိရသည္။

" တစ္ျမိဳ႕လံုး လိုလိုပဲ။ လမ္းေပၚလည္း ေလွ်ာက္သြားေနတာ။ အမ်ားဆံုးကေတာ့ သခ်ဳႋင္းနဲ႔နီးတဲ့ ကၽြန္ေတာ္တုိ႔ ရပ္ကြက္နဲ႔ ပုန္းထြန္မွာဆို ရာခ်ီရိွေလာက္တယ္။ အရင္ကဆို သုသာန္မွာ ခိုေအာင္းေနတာေတြမ်ားေတာ့ သူတို႔ကို အနီးအနားအိမ္ေတြက အေႏွာင့္အယွက္ျဖစ္လို႔ တုိင္ၾကလို႔ ႏွစ္ခါရွင္းလိုက္ရေသးတယ္။ ေဆးေၾကာင္ေနတာေတြကေန စိတ္မႏွံ႕ေတာ့တာေတြေပါ့။ လက္ထဲမွာလည္း ဓားေတြဘာေတြလည္း ပါလာတတ္တယ္ေလ။ ကၽြန္ေတာ္တုိ႔မွာ ဖမ္းပို႔ရေအာင္လည္း ဘယ္ဌာနကမွ တာဝန္မယူဘူးျဖစ္ေနလို႔ အခုလိုလုပ္ဖို႔ ဆံုးျဖတ္ေပးလုိက္တာပါ"ဟု ဦးထြန္းထြန္းဝင္းက ေျပာသည္။

စိတ္ေဝဒနာရွင္မ်ား အေရးေျဖရွင္းေပးရန္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ား၏ တင္ျပခ်က္အား ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ၾသဂုတ္လ (၃)ရက္ေန႔တြင္ က်င္းပသည့္ အစည္းအေဝးျဖင့္ စိတ္ေဝဒနာရွင္မ်ားအား က်ိဳင္းတံုစိတ္က်န္းမာေရးေဆးရံုသု႔ိ ပို႔ေဆာင္ေဆးကုသႏုိင္ေရးအတြက္ က်န္းမာေရးဦးစီးဌာန၊ တာခ်ီလိတ္သို႔ ပို႔ေဆာင္လႊဲေျပာင္းေပးရန္ ဆံုးျဖတ္ေပးလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ရပ်ကွက်များ၌ လှည့်လည် နေထိုင်နေသည့် စိတ်ဝေဒနာ ရှင်များအား ကျိုင်းတုံစိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်ကုသပေးနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

"ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက မြို့နယ်အစည်းအဝေးမှာ တင်ပြထားတာပါ။ ရပ်ကွက်တွင်းမှာ လူတွေ အနှောင့်အယှက်ဖြစ်လို့ ကျွန်တော်တို့က ဖမ်းဆီး စခန်းသွားပို့ရင်လည်း စခန်းက လက်မခံဘူး။ အဲဒီတော့ ဒီတိုင်းပဲထားနေရတော့ ဘယ်လိုလုပ်ရမလဲ တိုင်ပင်တာပေါ့။ အဲဒီမှာ ကျွန်တော်တို့တွေက ဖမ်းဆီး တာချီလိတ်ဆေးရုံကို ပို့ပေးရုံပဲ။ ဆေးရုံကမှ ကျိုင်းတုံကို ဆက်ပို့ပေးမယ်။ ရပ်ကွက်အုပ်ချုပ်ရေးနဲ့ စည်ပင်လည်း ပါမယ်။ တခြားတော့ ဘယ်ဌာနတွေ ပါဦးမလဲမသိသေးဘူး"ဟု တာချီလိတ်မြို့နယ် ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ပေါ်ရပ်ကွက် (၁၁)ခုအနက် မြို့မသုသာန်နှင့်နီးသည့် ဝမ်ကောင်းနှင့် ပုန်းထွန် ရပ်ကွက်တို့တွင် စိတ်ဝေဒနာရှင် အများဆုံး ရှိနေကြောင်း သိရသည်။

" တစ်မြို့လုံး လိုလိုပဲ။ လမ်းပေါ်လည်း လျှောက်သွားနေတာ။ အများဆုံးကတော့ သင်္ချိုင်းနဲ့နီးတဲ့ ကျွန်တော်တို့ ရပ်ကွက်နဲ့ ပုန်းထွန်မှာဆို ရာချီရှိလောက်တယ်။ အရင်ကဆို သုသာန်မှာ ခိုအောင်းနေတာတွေများတော့ သူတို့ကို အနီးအနားအိမ်တွေက အနှောင့်အယှက်ဖြစ်လို့ တိုင်ကြလို့ နှစ်ခါရှင်းလိုက်ရသေးတယ်။ ဆေးကြောင်နေတာတွေကနေ စိတ်မနှံ့တော့တာတွေပေါ့။ လက်ထဲမှာလည်း ဓားတွေဘာတွေလည်း ပါလာတတ်တယ်လေ။ ကျွန်တော်တို့မှာ ဖမ်းပို့ရအောင်လည်း ဘယ်ဌာနကမှ တာဝန်မယူဘူးဖြစ်နေလို့ အခုလိုလုပ်ဖို့ ဆုံးဖြတ်ပေးလိုက်တာပါ"ဟု ဦးထွန်းထွန်းဝင်းက ပြောသည်။

စိတ်ဝေဒနာရှင်များ အရေးဖြေရှင်းပေးရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ တင်ပြချက်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သြဂုတ်လ (၃)ရက်နေ့တွင် ကျင်းပသည့် အစည်းအဝေးဖြင့် စိတ်ဝေဒနာရှင်များအား ကျိုင်းတုံစိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်ဆေးကုသနိုင်ရေးအတွက် ကျန်းမာရေးဦးစီးဌာန၊ တာချီလိတ်သို့ ပို့ဆောင်လွှဲပြောင်းပေးရန် ဆုံးဖြတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~