တာချီလိတ်တွင် ရေကြီးရေလျှံမှုကြောင့် လျှပ်စစ်မီး ခေတ္တဖြတ်တောက်ထားသည့် ရပ်ကွက်အချို့နေရာများ၌ ရေမကျသေး၍ လျှပ်စစ်မီး မလွှတ်ပေးရဲသေး
တာချီလိတ်တွင် ရေကြီးရေလျှံမှုကြောင့် လျှပ်စစ်မီး ခေတ္တဖြတ်တောက်ထားသည့် ရပ်ကွက်အချို့နေရာများ၌ ရေမကျသေး၍ လျှပ်စစ်မီး မလွှတ်ပေးရဲသေး
သွဂုတျ 18, 2017
By Tachileik News Agency
တာချီလိတ်မြို့တွင် သြဂုတ်လ(၁၈)ရက်နေ့ နံနက်အစောပိုင်းက ရေကြီးရေလျှံမှုဖြစ်ပွားရာ လျှပ်စစ်မီးနှင့် ပတ်သက်၍ အန္တရာယ်ဖြစ်ပွားမည် စိုးသဖြင့် မီးလင်းရေးရုံး (၂)ရုံးက ပုန်းထွန်၊ တာလော့၊ ၀မ်ကောင်း နှင့် ဆန်ဆိုင်း၊ မယ်ခေါင်ရပ်ကွက် အပြင် မြို့ပတ်လမ်းတစ်လျှောက်အား လျှပ်စစ်မီး အရေးပေါ် ခေတ္တ ဖြတ်တောက်ထားရှိရာ ရေကျသွားသော အချို့ရပ်ကွက် အပိုင်းများတွင် လျှပ်စစ်မီးများ ပြန်လည်၍ ပုံမှန်အတိုင်း လွှတ်ပေးလိုက်ပြီ ဖြစ်သော်လည်း ရေမကျသေးသည့် အချို့နေရာများအတွက် လျှပ်စစ်မီး လွှတ်ပေးရန် မြို့မီးလင်းရေးကော်မတီ နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လိုက်လံကြည့်ရှု စစ်ဆေး နေဆဲဖြစ်ကြောင်း သိရသည်။
ရေကြီးရေလျှံမှုကြောင့် ပုန်းထွန်၊ တာလော့၊ ၀မ်ကောင်း နှင့် ဆန်ဆိုင်း၊ မယ်ခေါင်ရပ်ကွက်တို့အား လျှပ်စစ်မီး ဖြတ်တောက်ထားရာမှ ရေကျသွားပြီး အမြင့်ပိုင်းများတွင် လျှပ်စစ်မီး ပြန်လည်၍ လွှတ်ပေး ထားသော်လည်း အချို့ အနိမ့်ပိုင်းနေရာများတွင် ရေမကျသေး၍ လျှပ်စစ်မီး လွှတ်ပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း ရေကြီးရေလျှံမှုကြောင့် နေအိမ်အတွင်း ရေများဝင်ရောက်လာပါက အိမ်သုံးလျှပ်စစ်မီးများနှင့် ပတ်သက်၍ အန္တရာယ်ကင်းရှင်းစေရန် မီးမိန်းများကို ချထားသင့်ကြောင်း၊ ရေနှင့်အတူ မျောပါလာတတ်ပြီး အန္တရာယ်ပြုတတ်သည့် သတ္တ၀ါများကိုလည်း သတိထားရန် လိုအပ်ကြောင်းနှင့် အရေးကြုံက ကူညီမှုများပေးနိုင်ရန် သက်ဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များမှ အသင့်ရှိနေကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့တွင် သြဂုတ်လ(၁၈)ရက်နေ့ နံနက်အစောပိုင်းက ရကြေီးရေလျှံမှုဖြစ်ပွားရာ လျှပ်စစ်မီးနှင့် ပတ်သက်၍ အန္တရာယ်ဖြစ်ပွားမည် စိုးသဖြင့် မီးလင်းရေးရုံး (၂)ရုံးက ပုန်းထွန်၊ တာလော့၊ ဝမ်ကောင်း နှင့် ဆန်ဆိုင်း၊ မယ်ခေါင်ရပ်ကွက် အပြင် မြို့ပတ်လမ်းတစ်လျှောက်အား လျှပ်စစ်မီး အရေးပေါ် ခေတ္တ ဖြတ်တောက်ထားရှိရာ ရေကျသွားသော အချို့ရပ်ကွက် အပိုင်းများတွင် လျှပ်စစ်မီးများ ပြန်လည်၍ ပုံမှန်အတိုင်း လွှတ်ပေးလိုက်ပြီ ဖြစ်သော်လည်း ရေမကျသေးသည့် အချို့နေရာများအတွက် လျှပ်စစ်မီး လွှတ်ပေးရန် မြို့မီးလင်းရေးကော်မတီ နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လိုက်လံကြည့်ရှု စစ်ဆေး နေဆဲဖြစ်ကြောင်း သိရသည်။
"မယ်ခေါင် မြို့ပတ်လမ်းဘက်မှာ ရေက တစ်တောင်လောက်ကျန်သေးတယ်။ တချို့ ဓာတ်တိုင်တွေလည်း ရမြှေုပ်နေသေးတော့ လောလောဆယ် မလွှတ်ပေးရဲသေးဘူး၊ ကျွန်တော်တို့အနေနဲ့ ရေကျသွားရင်တော့ လျှပ်စစ်မီး ပြန်လည်ပေးသွားမှာပါ။ အနောက်မြို့ပတ်လည်း တစ်လျှောက်လုံးကို စောင့်ကြည့်နေပါတယ်"ဟု တာချီလိတ် မီးလင်းရေး(ရုံးခွဲ)( တောဝမီးစက်အတွင်းရှိ ရုံး)မှ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုဟိန်းကိုက ပြောသည်။
လျှပ်စစ်မီး ခေတ္တဖြတ်တောက်မှုအား သြဂုတ်လ(၁၈)ရက်နေ့ နံနက်အစောပိုင်းမှ စ၍ ဖြတ်တောက်ထားရှိရာမှ သြဂုတ်လ(၁၈)ရက်နေ့ ည(၇)နာရီ မိနစ်(၂၀)အချိန်အထိ အချို့ အနိမ့်ပိုင်း ရပ်ကွက်များတွင် ရေမကျသေး၍ လျှပ်စစ်မီး လွှတ်ပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ရကြေီးရေလျှံမှုကြောင့် ပုန်းထွန်၊ တာလော့၊ ဝမ်ကောင်း နှင့် ဆန်ဆိုင်း၊ မယ်ခေါင်ရပ်ကွက်တို့အား လျှပ်စစ်မီး ဖြတ်တောက်ထားရာမှ ရေကျသွားပြီး အမြင့်ပိုင်းများတွင် လျှပ်စစ်မီး ပြန်လည်၍ လွှတ်ပေး ထားသော်လည်း အချို့ အနိမ့်ပိုင်းနေရာများတွင် ရေမကျသေး၍ လျှပ်စစ်မီး လွှတ်ပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
"အချို့ ရေမကျသေးတဲ့ နေရာတွေမှာက မီးကြိုးတွေ ကျနေတာမျိုးတွေ၊ ရေထဲကျနေတာမျိုးတွေဆိုရင် ဒီဖက်က လွှတ်ပေးလိုက်ရင် အန္တရာယ်ဖြစ်နိုင်တဲ့အတွက် ကျွန်တော်တို့ ကော်မတီက တာဝန်ရှိ သူတွေနဲ့ရော၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ရော ဆွေးနွေးနေပါတယ်။ ရေကျသွားပြီး အန္တရာယ် မရှိလောက်ဘူးဆိုရင် လျှပ်စစ်မီး ပြန်လည်လွှတ်ပေးမှာဖြစ်ပါတယ်"ဟု မြို့မီးလင်းရေးကော်မတီ ဥက္ကဌ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ယခုရက်ပိုင်းအတွင်း ရကြေီးရေလျှံမှုကြောင့် နေအိမ်အတွင်း ရေများဝင်ရောက်လာပါက အိမ်သုံးလျှပ်စစ်မီးများနှင့် ပတ်သက်၍ အန္တရာယ်ကင်းရှင်းစေရန် မီးမိန်းများကို ချထားသင့်ကြောင်း၊ ရေနှင့်အတူ မျောပါလာတတ်ပြီး အန္တရာယ်ပြုတတ်သည့် သတ္တဝါများကိုလည်း သတိထားရန် လိုအပ်ကြောင်းနှင့် အရေးကြုံက ကူညီမှုများပေးနိုင်ရန် သက်ဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များမှ အသင့်ရှိနေကြောင်း သိရသည်။
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~