တောရိုင်းတိရစ္ဆာန်များ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး (၂)ရက်တာအလုပ်ရုံဆွေးနွေးမှု တာချီလိတ်တွင် ကျင်းပ
တောရိုင်းတိရစ္ဆာန်များ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး (၂)ရက်တာအလုပ်ရုံဆွေးနွေးမှု တာချီလိတ်တွင် ကျင်းပ
သွဂုတျ 24, 2017
By Tachileik News Agency
မြန်မာနိုင်ငံအတွင်း သားငှက်တိရစ္ဆာန် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး၊ တရားဥပဒေ စိုးမိုးမှု ခိုင်မာစေရေးနှင့် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှု အလုပ်ရုံဆွေးနွေးပွဲအား ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ရွှေဘူးသီးဟိုတယ်တွင် သြဂုတ်လ (၂၄)ရက်နေ့မှစ၍ (၂)ရက်တာ ကျင်းပနေကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း မျိုးသုဉ်းပျောက်ကွယ်တော့မည့် တိရစ္ဆာန်များနဲ့ အပင်များကို ပြည်သူလူထုစောင့်ကြည့် သတင်းပို့စနစ်ဖြင့် ပူးပေါင်းထိန်းသိမ်းမှသာလျှင် အခြေအနေကောင်းတစ်ရပ် ပြန်လည်ဖန်တီးနိုင်မည်ဟု ၎င်းက ဆိုသည်။
“နိုင်ငံတော်ကြီး စနစ်တကျဖွံ့ဖြိုးတိုးတက်မှုမှာ ပထမ အရေးကြီးဆုံးအဆင့်ဖြစ်တဲ့ ဒီတရားဥပဒေ စိုးမိုးရေး၊ စီးပွားရေး၊ စားဝတ်နေထိုင်ရေးပုံစံနှင့် အသင့်လျော်ဆုံး ဥပဒေကျင့်သုံးမှု ခိုင်မာစေခြင်းတို့ကို သက်ဆိုင်ရာ တာဝန်ရှိ ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာမှ ပံ့ပိုးကူညီဦးဆောင်မှုများနဲ့အတူ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင် လက်တွဲမှုရှိမှ သာလျှင် မြန်မာ့ သားငှက်တိရစ္ဆာန် ၊ သဘာဝပတ်ဝန်းကျင်သယံဇာတတွေ မျိုးတုံး ပျောက်ကွယ်မှု ကင်းဝေးပြီး ပိုမိုရေရှည် တည်တံ့တဲ့ နည်းစနစ်ကျကျ ဥပဒေစိုးမိုးမှုရှိတဲ့ နိုင်ငံတော်တစ်ရပ်ကို အားလုံးအတူတကွ ဖော်ဆောင်သွားနိုင်မှာဖြစ်ပါတယ်”ဟု ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် တိုက်တွန်း ပြောကြားလိုက်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံအဆင့် တောရိုင်းတိရစ္ဆာန်များနှင့် သစ်ပင်ပန်းမန်များ တရားမဝင် ကူးသန်း ရောင်းဝယ်မှုများမှ ထိရောက်စွာ တားဆီးနှိမ်နှင်းရေးအဖွဲ့ (National Wildlife Law Enforcement Task Force)ကို ၂၀၁၁ ခုနှစ် မေလ (၂၇)ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့်အပြင် ၂၀၁၆ ခုနှစ် ဇွန်လ (၂)ရက်နေ့တွင် အဆိုပါလုပ်ငန်းအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး သက်ဆိုင်ရာ နယ်စပ် ဂိတ်ပေါက်များတွင် တောရိုင်း တိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ တရားမဝင် ကူးသန်းရောင်းဝယ်နေမှုများကို စစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း သားငှက်တိရစ္ဆာန် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး၊ တရားဥပဒေ စိုးမိုးမှု ခိုင်မာစေရေးနှင့် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တွင် သစ်တောဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ ကုန်သွယ်ရေးညွန်ကြားမှုဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့အပြင် အစိုးရမဟုတ်သည့်အဖွဲ့များဖြင့်လည်း ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
WWF သည် မဟာမဲခေါင်ဒေသအတွင်း နိုင်ငံများဖြစ်သည့် မြန်မာ၊ လာအို၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့တွင် ဖြစ်ပွားနေသည့် တောရိုင်းတိရစ္ဆာန်များ၏ အင်္ဂါအစိတ်အပိုင်းများ တရားမဝင် ရောင်းဝယ်ဖောက်ကားနေမှု တိုက်ဖျက်ရေးကို ဆောင်ရွက်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့်လည်း MoU ရေးထိုးထားကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၆ ဘဏ္ဍာနှစ်အထိ တောရိုင်းတိရစ္ဆာန်နှင့် ယင်းတို့၏ အစိတ်အပိုင်းများ တရားမဝင် ရောင်းဝယ်ဖောက်ကားမှု ဖမ်းဆီးရရှိမှုမှာ တစ်နိုင်ငံလုံးတွင် (၂၂၆)မှုရှိသည့်အနက် ရှမ်းပြည်နယ်အတွင်းမှ အမှုပေါင်း(၆၀)ပါဝင်ကြောင်း သိရသည်။
သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - ဇောင်းညီ
~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာနိုင်ငံအတွင်း သားငှက်တိရစာ္ဆန် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး၊ တရားဥပဒေ စိုးမိုးမှု ခိုင်မာစေရေးနှင့် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှု အလုပ်ရုံဆွေးနွေးပွဲအား ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ရွှေဘူးသီးဟိုတယ်တွင် သြဂုတ်လ (၂၄)ရက်နေ့မှစ၍ (၂)ရက်တာ ကျင်းပနေကြောင်း သိရသည်။
“ယခု မဲခေါင်ဒေသ တောရိုင်းတိရစ္ဆာန်များနှင့် သစ်ပင်ပန်းမန်များ တရားမဝင်ကူးသန်းရောင်းဝယ်မှု တားဆီးနှိမ်နင်းရေး စီမံကိန်းတစ်ခုအဖြစ် WWF အဖွဲ့ရဲ့ အကူအညီနဲ့ Trainning Workshop ကို ကျင်းပခြင်းဖြစ်ပြီး ဆောင်ရွက်မယ့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြဖို့ဖြစ်ပါတယ်။ ဒိီလို ဆောင်ရွက်တဲ့ နေရာမှာ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်မှုက အင်မတန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်”ဟု တာချီလိတ်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးမျိုးလွင်က ပြောသည်။
မြန်မာနိုင်ငံအတွင်း မျိုးသုဉ်းပျောက်ကွယ်တော့မည့် တိရစာ္ဆန်များနဲ့ အပင်များကို ပြည်သူလူထုစောင့်ကြည့် သတင်းပို့စနစ်ဖြင့် ပူးပေါင်းထိန်းသိမ်းမှသာလျှင် အခြေအနေကောင်းတစ်ရပ် ပြန်လည်ဖန်တီးနိုင်မည်ဟု၎င်းက ဆိုသည်။
“နိုင်ငံတော်ကြီး စနစ်တကျဖွံ့ဖြိုးတိုးတက်မှုမှာ ပထမ အရေးကြီးဆုံးအဆင့်ဖြစ်တဲ့ ဒီတရားဥပဒေ စိုးမိုးရေး၊ စီးပွားရေး၊ စားဝတ်နေထိုင်ရေးပုံစံနှင့် အသင့်လျော်ဆုံး ဥပဒေကျင့်သုံးမှု ခိုင်မာစခြေင်းတို့ကို သက်ဆိုင်ရာ တာဝန်ရှိ ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာမှ ပံ့ပိုးကူညီဦးဆောင်မှုများနဲ့အတူ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင် လက်တွဲမှုရှိမှ သာလျှင် မြန်မာ့ သားငှက်တိရစ္ဆာန်၊ သဘာဝပတ်ဝန်းကျင်သယံဇာတတွေ မျိုးတုံး ပျောက်ကွယ်မှု ကင်းဝေးပြီး ပိုမိုရေရှည် တည်တံ့တဲ့ နည်းစနစ်ကျကျ ဥပဒေစိုးမိုးမှုရှိတဲ့ နိုင်ငံတော်တစ်ရပ်ကို အားလုံးအတူတကွ ဖော်ဆောင်သွားနိုင်မှာဖြစ်ပါတယ်”ဟု ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် တိုက်တွန်း ပြောကြားလိုက်သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ဝန်းကျင်သားငှက်ဦးစီးဌာနနှင့် ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) တို့က ပူးပေါင်းပို့ချခြင်းဖြစ်ပြီး ပြည်နယ်နှင့် တိုင်းအဆင့် ဌာနဆိုင်ရာအရာရှိများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း(၂၅)ဦး တက်ရောက်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နိုင်ငံအဆင့် တောရိုင်းတိရစ္ဆာန်များနှင့် သစ်ပင်ပန်းမန်များ တရားမဝင် ကူးသန်း ရောင်းဝယ်မှုများမှ ထိရောက်စွာ တားဆီးနှိမ်နှင်းရေးအဖွဲ့ (National Wildlife Law Enforcement Task Force)ကို ၂၀၁၁ ခုနှစ် မေလ (၂၇)ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့်အပြင် ၂၀၁၆ ခုနှစ် ဇွန်လ (၂)ရက်နေ့တွင် အဆိုပါလုပ်ငန်းအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး သက်ဆိုင်ရာ နယ်စပ် ဂိတ်ပေါက်များတွင် တောရိုင်း တိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ တရားမဝင် ကူးသန်းရောင်းဝယ်နေမှုများကို စစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း သားငှက်တိရစ္ဆာန် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး၊ တရားဥပဒေ စိုးမိုးမှု ခိုင်မာစေရေးနှင့် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တွင် သစ်တောဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ ကုန်သွယ်ရေးညွန်ကြားမှုဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့အပြင် အစိုးရမဟုတ်သည့်အဖွဲ့များဖြင့်လည်း ပူးပေါင်းဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။
WWF သည် မဟာမဲခေါင်ဒေသအတွင်း နိုင်ငံများဖြစ်သည့် မြန်မာ၊ လာအို၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့တွင် ဖြစ်ပွားနေသည့် တောရိုင်းတိရစ္ဆာန်များ၏ အင်္ဂါအစိတ်အပိုင်းများ တရားမဝင် ရောင်းဝယ်ဖောက်ကားနေမှု တိုက်ဖျက်ရေးကို ဆောင်ရွက်နခြေင်းဖြစ်ပြီး မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့်လည်း MoU ရေးထိုးထားကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၆ ဘဏ္ဍာနှစ်အထိ တောရိုင်းတိရစာ္ဆန်နှင့် ယင်းတို့၏ အစိတ်အပိုင်းများ တရားမဝင် ရောင်းဝယ်ဖောက်ကားမှု ဖမ်းဆီးရရှိမှုမှာ တစ်နိုင်ငံလုံးတွင် (၂၂၆)မှုရှိသည့်အနက် ရှမ်းပြည်နယ်အတွင်းမှ အမှုပေါင်း(၆၀)ပါဝင်ကြောင်း သိရသည်။
ယင်းအမှုများတွင် အများဆုံးမှာ တောရိုင်းဆင်များ တရားမဝင် သတ်ဖြတ်ခံရမှုဖြစ်ပြီး အမှုပေါင်း (၁၄၇)မှုရှိကြောင်းသိရသည်။ တာချီလိတ်ခရိုင်အတွင်း၌ လိပ်ကြက်တူရွေးနှင့် သင်းခွေချပ်များ တရားမဝင်ဖမ်းဆီးရောင်းဝယ်မှုဖြစ်စဉ် အများဆုံးဖြစ်ပွားကြောင်း သိရသည်။
သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - ဇောင်းညီ
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~