ရိုးရာအ၀တ္အထည္မ်ား ႏွင့္ အစားအေသာက္မ်ား ပါ၀င္သည့္ ထိုင္း - ျမန္မာ ကုန္စည္ျပပြဲ မယ္ဆိုင္တြင္ (၅)ရက္ ျပဳလုပ္မည္

ရိုးရာအ၀တ္အထည္မ်ား ႏွင့္ အစားအေသာက္မ်ား ပါ၀င္သည့္ ထိုင္း - ျမန္မာ ကုန္စည္ျပပြဲ မယ္ဆိုင္တြင္ (၅)ရက္ ျပဳလုပ္မည္
သြဂုတ် 23, 2017
By Tachileik News Agency

ထိုင္း - ျမန္မာ နယ္စပ္ မယ္ဆိုင္ၿမိဳ႕ရွိ မဲေခါင္ေဒတာဟိုတယ္ အေနာက္တြင္ ျမန္မာ - ထိုင္း ကုန္စည္ျပပြဲႏွင့္ အတူ ျမန္မာ - ထိုင္း ကုန္သည္အသင္းတို႔ ေဆြးေႏြး ဖလွယ္မႈမ်ား ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

ျမန္မာ - ထိုင္း ကုန္စည္ျပပြဲအျဖစ္၂၀၁၇ခုႏွစ္ ၾသဂုတ္လ(၂၅)ရက္ေန႔မွ ၾသဂုတ္လ(၂၉)ရက္ေန႔အထိ သတ္မွတ္ရက္၏ ေန႔စဥ္ ထိုင္းစံေတာ္ခ်ိန္ နံနက္(၉)နာရီမွ ည(၉)နာရီအခ်ိန္မ်ားတြင္ ျပဳလုပ္မည္ျဖစ္ရာ ဆိုင္ခန္းေပါင္း (၂၀၀)ဖြင့္လွစ္မည္ျဖစ္ၿပီး ထိုင္းႏိုင္ငံမွ ရိုးရာပစၥည္းမ်ား ၊ ထိုင္းႏိုင္ငံတြင္း ျပဳလုပ္သည့္ စက္မႈ/လက္မွဳ ပစၥည္းမ်ားကို ျပသေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း ႏွင့္ ျမန္မာဘက္မွ ရိုးရာရက္ကန္း အထည္မ်ား၊ အာခါရိုးရာအ၀တ္အထည္မ်ား၊ ေရႊျခည္ေငြျခည္ထိုး ပစၥည္းမ်ားႏွင့္ ျပည္တြင္းျဖစ္ ကုန္ပစၥည္းမ်ားအား သြားေရာက္ ျပသ ေရာင္းခ်မည္ျဖစ္ေၾကာင္း သိရသည္။

"ဒီပြဲကိုေတာ့ ဘန္ေကာက္က လာလုပ္တာ၊ စားေသာက္ကုန္လည္း မ်ားတယ္၊ ရိုးရာအ၀တ္အထည္ေတြလည္း ပါတယ္ ။ ေစ်းႏႈန္းခ်ဳိသာစြာနဲ႔ ေရာင္းေပးမယ္လို႔ သိရတယ္၊"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ နယ္စပ္ကုန္သည္ႀကီးမ်ားအသင္းရံုးမွ ေဒၚေရႊစင္ထြန္းက ဆိုသည္။

ဆက္လက္၍ ၾသဂုတ္လ(၂၅)ရက္ေန႔မွ (၂၆)ရက္ေန႔မ်ားတြင္ မယ္ဆိုင္ၿမိဳ႕ရွိ မဲေခါင္ေဒတာဟိုတယ္၌ ရွမ္းျပည္နယ္ ေတာင္ႀကီး၊ မူဆယ္၊ က်ဳိင္းတံု ႏွင့္ တာခ်ီလိတ္တို႔မွ ကုန္သည္မ်ား ႏွင့္ ထိုင္းႏိုင္ငံဘက္မွ ကုန္သည္မ်ားက Maesai Boder Trade Export ေခါင္းစဥ္ျဖင့္ အခ်င္းခ်င္း ေဆြးေႏြးဖလွယ္ပြဲကိုလည္း ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ၎ထံက သိရသည္။

ယခု က်င္းပျပဳလုပ္မည့္ ကုန္စည္ျပပြဲတြင္ ျမန္မာ - ထိုင္း ကုန္သည္မ်ား ေတြ႕ဆံုကာ နယ္စပ္ကုန္သြယ္ေရး တိုးျမႇင့္ရန္ႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ အခြင့္အေရးေကာင္းမ်ား ရရွိႏိုင္ရန္အတြက္ အထူးေဆြးေႏြးမႈမ်ား ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ကုန္စည္ျပပြဲသို႔ ျမန္မာဘက္မွ လာေရာက္ ေရာင္းခ်ႏိုင္ရန္အတြက္ ဆိုင္ခန္းအခ်ဳိ႕အား အခမဲ့ စီစဥ္ေပးထားသည့္ အတြက္ ဦးရာလူစနစ္ျဖင့္ ေပးမည္ျဖစ္ရာ တာခ်ီလိတ္နယ္စပ္ကုန္သည္ရံုးတြင္ ၾသဂုတ္လ(၂၄)ရက္ေန႔ နံနက္(၁၀)နာရီ အခ်ိန္အထိ ေနာက္ဆံုးထား၍ စာရင္းလာေရာက္ ေပးသြင္းႏိုင္ေၾကာင္း ႏွင့္ ဆိုင္ခန္းကိစၥ ႏွင့္ ပတ္သက္၍ အေသးစိတ္သိလိုပါက ျမန္မာဖုန္း ၀၉၂၅၀၄၇၄၁၄၄ သို႔ ဆက္သြယ္ေမးျမန္းႏိုင္မွာ ျဖစ္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~



ထိုင်း - မြန်မာ နယ်စပ် မယ်ဆိုင်မြို့ရှိ မဲခေါင်ဒေတာဟိုတယ် အနောက်တွင် မြန်မာ - ထိုင်း ကုန်စည်ပြပွဲနှင့် အတူ မြန်မာ - ထိုင်း ကုန်သည်အသင်းတို့ ဆွေးနွေး ဖလှယ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ - ထိုင်း ကုန်စည်ပြပွဲအဖြစ်၂၀၁၇ခုနှစ် သြဂုတ်လ(၂၅)ရက်နေ့မှ သြဂုတ်လ(၂၉)ရက်နေ့အထိ သတ်မှတ်ရက်၏ နေ့စဉ် ထိုင်းစံတော်ချိန် နံနက်(၉)နာရီမှ ည(၉)နာရီအချိန်များတွင် ပြုလုပ်မည်ဖြစ်ရာ ဆိုင်ခန်းပေါင်း (၂၀၀)ဖွင့်လှစ်မည်ဖြစ်ပြီး ထိုင်းနိုင်ငံမှ ရိုးရာပစ္စည်းများ၊ ထိုင်းနိုင်ငံတွင်း ပြုလုပ်သည့် စက်မှု/လက်မှု ပစ္စည်းများကို ပြသရောင်းချပေးသွားမည်ဖြစ်ကြောင်း နှင့် မြန်မာဘက်မှ ရိုးရာရက်ကန်း အထည်များ၊ အာခါရိုးရာအဝတ်အထည်များ၊ ရွှခြေည်ငွခြေည်ထိုး ပစ္စည်းများနှင့် ပြည်တွင်းဖြစ် ကုန်ပစ္စည်းများအား သွားရောက် ပြသ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

"ဒီပွဲကိုတော့ ဘန်ကောက်က လာလုပ်တာ၊ စားသောက်ကုန်လည်း များတယ်၊ ရိုးရာအဝတ်အထည်တွေလည်း ပါတယ်။ ဈေးနှုန်းချိုသာစွာနဲ့ ရောင်းပေးမယ်လို့ သိရတယ်၊"ဟု တာချီလိတ်မြို့နယ် နယ်စပ်ကုန်သည်ကြီးများအသင်းရုံးမှ ဒေါ်ရွှေစင်ထွန်းက ဆိုသည်။

ဆက်လက်၍ သြဂုတ်လ(၂၅)ရက်နေ့မှ (၂၆)ရက်နေ့များတွင် မယ်ဆိုင်မြို့ရှိ မဲခေါင်ဒေတာဟိုတယ်၌ ရှမ်းပြည်နယ် တောင်ကြီး၊ မူဆယ်၊ ကျိုင်းတုံ နှင့် တာချီလိတ်တို့မှ ကုန်သည်များ နှင့် ထိုင်းနိုင်ငံဘက်မှ ကုန်သည်များက Maesai Boder Trade Export ခေါင်းစဉ်ဖြင့် အချင်းချင်း ဆွေးနွေးဖလှယ်ပွဲကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း၎င်းထံက သိရသည်။

ယခု ကျင်းပပြုလုပ်မည့် ကုန်စည်ပြပွဲတွင် မြန်မာ - ထိုင်း ကုန်သည်များ တွေ့ဆုံကာ နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်ရန်နှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးကောင်းများ ရရှိနိုင်ရန်အတွက် အထူးဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုန်စည်ပြပွဲသို့ မြန်မာဘက်မှ လာရောက် ရောင်းချနိုင်ရန်အတွက် ဆိုင်ခန်းအချို့အား အခမဲ့ စီစဉ်ပေးထားသည့် အတွက် ဦးရာလူစနစ်ဖြင့် ပေးမည်ဖြစ်ရာ တာချီလိတ်နယ်စပ်ကုန်သည်ရုံးတွင် သြဂုတ်လ(၂၄)ရက်နေ့ နံနက်(၁၀)နာရီ အချိန်အထိ နောက်ဆုံးထား၍ စာရင်းလာရောက် ပေးသွင်းနိုင်ကြောင်း နှင့် ဆိုင်ခန်းကိစ္စ နှင့် ပတ်သက်၍ အသေးစိတ်သိလိုပါက မြန်မာဖုန်း ဝ၉၂၅၀၄၇၄၁၄၄ သို့ ဆက်သွယ်မေးမြန်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။



 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~