တာချီလိတ်တွင် တရားမဝင်နေထိုင်သည့် ထိုင်းနိုင်ငံသား တစ်ဦးအား ပြည်နှင်ဒဏ်ပေး

တာချီလိတ်တွင် တရားမဝင်နေထိုင်သည့် ထိုင်းနိုင်ငံသား တစ်ဦးအား ပြည်နှင်ဒဏ်ပေး
သွဂုတျ 30, 2017
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ နေအိမ်တစ်လုံးတွင် ယာယီ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် တရားမဝင် တည်းခိုနေထိုင်နေသဖြင့် ဖမ်းဆီးခံထားရသည့် ထိုင်းနိုင်ငံသားတစ်ဦးအား ဒဏ်ငွေပေးဆောင်စေပြီး သြဂုတ်လ(၃၀)ရက်နေ့တွင် ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း သိရသည်။


၎င်းအား သြဂုတ်လ (၂၁)ရက်နေ့တွင် ငွေဒဏ် ကျပ်(၁၀)သိန်း ပေးဆောင်စေပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ သြဂုတ်လ (၂၉)ရက်နေ့ ရက်စွဲပါ စာအရ တာချီလိတ်မှ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ရဲတပ်ဖွဲ့တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က သြဂုတ်လ (၃၀)ရက်နေ့ နံနက် (၉)နာရီ (၁၀)မိနစ်အချိန်တွင် တစ်ဖက်ထိုင်းနိုင်ငံမှ တာဝန်ရှိသူများထံ လက်မှတ်ရေးထိုး လွှဲပြောင်းပေးလိုက်ပြီး အမည်ပျက်စာရင်း (Black List)ထည့်သွင်းလိုက်ကြောင်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ နေအိမ်တစ်လုံးတွင် ယာယီ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် တရားမဝင် တည်းခိုနေထိုင်နေသဖြင့် ဖမ်းဆီးခံထားရသည့် ထိုင်းနိုင်ငံသားတစ်ဦးအား ဒဏ်ငွေပေးဆောင်စပြေီး သြဂုတ်လ(၃၀)ရက်နေ့တွင် ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသား Patiphan Pleensuk ဆိုသူသည် ၂၀၁၇ ခုနှစ် ဇွန်လ (၂)ရက်နေ့မှ ဇွန်လ (၈)ရက်နေ့ အထိခွင့်ပြုထားသည့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် တာချီလိတ်မြို့သို့ ဝင်ရောက်လာပြီး တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စုရှိ နေအိမ်တစ်လုံးတွင် တရားမဝင်နေထိုင်နေသည်ကို ဇွန်လ (၂၈)ရက်နေ့က စစ်ဆေးတွေ့ရှိသဖြင့် ဖမ်းဆီး အရေးယူထားခြင်းဖြစ်ကြောင်း သိရသည်။

၎င်းအား သြဂုတ်လ (၂၁)ရက်နေ့တွင် ငွေဒဏ် ကျပ်(၁၀)သိန်း ပေးဆောင်စပြေီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ သြဂုတ်လ (၂၉)ရက်နေ့ ရက်စွဲပါ စာအရ တာချီလိတ်မှ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ရဲတပ်ဖွဲ့တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က သြဂုတ်လ (၃၀)ရက်နေ့ နံနက် (၉)နာရီ (၁၀)မိနစ်အချိန်တွင် တစ်ဖက်ထိုင်းနိုင်ငံမှ တာဝန်ရှိသူများထံ လက်မှတ်ရေးထိုး လွှဲပြောင်းပေးလိုက်ပြီး အမည်ပျက်စာရင်း (Black List)ထည့်သွင်းလိုက်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~