တာခ်ီလိတ္ ျပည္သူမ်ားမွ အလွဴေငြ က်ပ္သိန္း (၁၀၀)ကို ရခုိင္ျပည္နယ္အစိုးရအဖြဲ႕မွတစ္ဆင့္ ရခိုင္ျပည္သူႏွင့္ ျပည္နယ္အတြင္း တာ၀န္ထမ္းေဆာင္ေနသည့္ ဝန္ထမ္းမ်ားသို႔ ပထမအႀကိမ္ေပးပို႔

တာခ်ီလိတ္ ျပည္သူမ်ားမွ အလွဴေငြ က်ပ္သိန္း (၁၀၀)ကို ရခုိင္ျပည္နယ္အစိုးရအဖြဲ႕မွတစ္ဆင့္ ရခိုင္ျပည္သူႏွင့္ ျပည္နယ္အတြင္း တာ၀န္ထမ္းေဆာင္ေနသည့္ ဝန္ထမ္းမ်ားသို႔ ပထမအႀကိမ္ေပးပို႔
သြဂုတ် 29, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၏ ရခိုင္ျပည္နယ္အတြက္ ကူညီေထာက္ပံ့ေရးေကာ္မတီမွ အလွဴခံဌာန စတင္ ဖြင့္လွစ္သည့္ ၾသဂုတ္လ(၂၈)ရက္ေန႔မွစ၍ ၾသဂုတ္လ(၂၉)ရက္ေန႔အထိ စုေပါင္း မတည္အလွဴေငြႏွင့္ ေစတနာရွင္မ်ား၏ လာေရာက္လွဴဒါန္းေငြ စုစုေပါင္းက်ပ္(၁၅၅)သိန္းေက်ာ္ ရရွိထားၿပီး က်ပ္သိန္း(၁၀၀)ကို ရခုိင္ျပည္နယ္အစိုးရအဖြဲ႕မွတစ္ဆင့္ ရခိုင္ျပည္သူမ်ားႏွင့္  ျပည္နယ္အတြင္း တာ၀န္ထမ္းေဆာင္ေနသည့္ ဝန္ထမ္းမ်ားအတြက္ ေပးပို႔ လွဴဒါန္းထားရွိၿပီးေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ ေကာ္မတီအေနနဲ႔ ပထမအသုတ္အျဖစ္ က်ပ္သိန္း(၁၀၀) တိတိကို ဒီေန႔ ( ၾသဂုတ္၂၉)ပဲ သြားေရာက္လႊဲလိုက္ပါၿပီ။ ျပည္နယ္အစိုးရအဖြဲ႔နဲ႔ တိုက္ရိုက္ဆက္သြယ္ၿပီး ေဆာင္ရြက္ေနတာျဖစ္ပါတယ္။ တစ္ခါလႊဲရင္ က်ပ္သိန္း(၁၀၀)လို႔ မွန္းထားပါတယ္။ က်ပ္သိန္း(၁၀၀)ျပည့္တာနဲ႔ တစ္ခါ ထပ္လႊဲသြားမွာပါ။ ဟိုမွာလည္း အေရးေပၚ ေထာက္ပံ့မႈေတြ ျပဳလုပ္ႏိုင္ရန္အတြက္ ခြဲခြဲၿပီး လႊဲေပးဖို႔ကို ဆံုးျဖတ္ ထားၾကတာပါ"ဟု တာခ်ီလိတ္ၿမိဳ႕သူ/သားမ်ား၏ ရခိုင္ျပည္နယ္ ကူညီေထာက္ပံ့ေရး ေကာ္မတီ ဥကၠဌ ဦးေအာင္ၿဖဳိးရွိန္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အၾကမ္းဖက္သမားမ်ားႏွင့္ ARSA တို႔ တုိက္ခုိက္ခံေနရသည့္ ရခုိင္ျပည္နယ္အတြင္းမွ ေဒသခံျပည္သူမ်ား၊ ႏုိင္ငံ့ဝန္ထမ္းမ်ားႏွင့္ တပ္မေတာ္သားမ်ားအား ေထာက္ပံ့ေပးႏိုင္ရန္အတြက္ အဆိုပါေကာ္မတီအား ၾသဂုတ္လ (၂၇)ရက္ေန႔က စုေပါင္း မတည္ေငြက်ပ္(၆၅)သိန္းျဖင့္ ဖြဲ႕စည္းလိုက္ၿပီး ၾသဂုတ္လ (၂၈)ရက္ေန႔က စတင္ကာ နံနက္ (၈)နာရီမွ ညေန(၅)နာရီအထိ ေန႔စဥ္ တာခ်ီလိတ္ၿမိဳ႕ ဗယ္လင္တိုင္း ကေဖးႏွင့္အေအး စားေသာက္ဆိုင္တြင္ အလွဴခံဌာနဖြင့္လွစ္ထားျခင္း ျဖစ္သည္။

အလွဴခံဌာန၏ ေနာက္ဆံုး သတ္မွတ္ရက္အား လတ္တေလာတြင္ သတ္မွတ္ထားျခင္းမရိွေသးဘဲ ဗယ္လင္တိုင္း ကေဖးႏွင့္အေအး(စားေသာက္ဆိုင္)ကလည္း အလွဴခံသည့္ကာလအတြင္း ေကာ္မတီဝင္မ်ားႏွင့္ လာေရာက္လွဴဒါန္းသူမ်ားကို ဧည့္ခံေကြ်းေမြးမႈမ်ားျဖင့္လည္း ဒါနျပဳထားေၾကာင္း သိရသည္။

ရခုိင္ျပည္နယ္တြင္ ARSA အစြန္းေရာက္ အၾကမ္းဖက္သမားမ်ားက ၾသဂုတ္လ (၂၅)ရက္ေန႔မွစ၍ အၾကမ္းဖက္တိုက္ခုိက္မႈမ်ား စတင္လုပ္ေဆာင္လာျခင္းျဖစ္ၿပီး ၾသဂုတ္လ (၂၉)ရက္ေန႔အထိ လက္နက္မ်ိဳးစံုျဖင့္ တုိက္ခုိက္ျခင္း၊ ေနအိမ္မ်ားမီးရိႈ႕ျခင္းတို႔ကို လုပ္ေဆာင္ေနသျဖင့္ တပ္မေတာ္မွ လံုၿခံဳေရးႏွင့္နယ္ေျမရွင္းလင္းေရးမ်ားကို လုပ္ေဆာင္ေနရျခင္းျဖစ္ေၾကာင္း သိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၏ ရခိုင်ပြည်နယ်အတွက် ကူညီထောက်ပံ့ရေးကော်မတီမှ အလှူခံဌာန စတင် ဖွင့်လှစ်သည့် သြဂုတ်လ(၂၈)ရက်နေ့မှစ၍ သြဂုတ်လ(၂၉)ရက်နေ့အထိ စုပေါင်း မတည်အလှူငွေနှင့် စေတနာရှင်များ၏ လာရောက်လှူဒါန်းငွေ စုစုပေါင်းကျပ်(၁၅၅)သိန်းကျော် ရရှိထားပြီး ကျပ်သိန်း(၁၀၀)ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် ရခိုင်ပြည်သူများနှင့် ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအတွက် ပေးပို့ လှူဒါန်းထားရှိပြီးကြောင်း သိရသည်။

"ကျွန်တော်တို့ ကော်မတီအနေနဲ့ ပထမအသုတ်အဖြစ် ကျပ်သိန်း(၁၀၀) တိတိကို ဒီနေ့ ( သြဂုတ်၂၉)ပဲ သွားရောက်လွှဲလိုက်ပါပြီ။ ပြည်နယ်အစိုးရအဖွဲ့နဲ့ တိုက်ရိုက်ဆက်သွယ်ပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ တစ်ခါလွှဲရင် ကျပ်သိန်း(၁၀၀)လို့ မှန်းထားပါတယ်။ ကျပ်သိန်း(၁၀၀)ပြည့်တာနဲ့ တစ်ခါ ထပ်လွှဲသွားမှာပါ။ ဟိုမှာလည်း အရေးပေါ် ထောက်ပံ့မှုတွေ ပြုလုပ်နိုင်ရန်အတွက် ခွဲခွဲပြီး လွှဲပေးဖို့ကို ဆုံးဖြတ် ထားကြတာပါ"ဟု တာချီလိတ်မြို့သူ/သားများ၏ ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေး ကော်မတီ ဥက္ကဌ ဦးအောင်ဖြိုးရှိန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အကြမ်းဖက်သမားများနှင့် ARSA တို့ တိုက်ခိုက်ခံနေရသည့် ရခိုင်ပြည်နယ်အတွင်းမှ ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော်သားများအား ထောက်ပံ့ပေးနိုင်ရန်အတွက် အဆိုပါကော်မတီအား သြဂုတ်လ (၂၇)ရက်နေ့က စုပေါင်း မတည်ငွေကျပ်(၆၅)သိန်းဖြင့် ဖွဲ့စည်းလိုက်ပြီး သြဂုတ်လ (၂၈)ရက်နေ့က စတင်ကာ နံနက် (၈)နာရီမှ ညနေ(၅)နာရီအထိ နေ့စဉ် တာချီလိတ်မြို့ ဗယ်လင်တိုင်း ကဖေးနှင့်အအေး စားသောက်ဆိုင်တွင် အလှူခံဌာနဖွင့်လှစ်ထားခြင်း ဖြစ်သည်။

အလှူခံဌာန၏ နောက်ဆုံး သတ်မှတ်ရက်အား လတ်တလောတွင် သတ်မှတ်ထားခြင်းမရှိသေးဘဲ ဗယ်လင်တိုင်း ကဖေးနှင့်အအေး(စားသောက်ဆိုင်)ကလည်း အလှူခံသည့်ကာလအတွင်း ကော်မတီဝင်များနှင့် လာရောက်လှူဒါန်းသူများကို ဧည့်ခံကျွေးမွေးမှုများဖြင့်လည်း ဒါနပြုထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ARSA အစွန်းရောက် အကြမ်းဖက်သမားများက သြဂုတ်လ (၂၅)ရက်နေ့မှစ၍ အကြမ်းဖက်တိုက်ခိုက်မှုများ စတင်လုပ်ဆောင်လာခြင်းဖြစ်ပြီး သြဂုတ်လ (၂၉)ရက်နေ့အထိ လက်နက်မျိုးစုံဖြင့် တိုက်ခိုက်ခြင်း၊ နေအိမ်များမီးရှို့ခြင်းတို့ကို လုပ်ဆောင်နေသဖြင့် တပ်မတော်မှ လုံခြုံရေးနှင့်နယ်မြေရှင်းလင်းရေးများကို လုပ်ဆောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~