က်ဳိင္းတံုမွ ဆန္မုန္႔တီေျခာက္လုပ္ငန္း (၁၉)ခုအနက္ (၁၂)ခု လုပ္ငန္းမွတ္ပံုတင္ လက္မွတ္ ရရိွ

က်ဳိင္းတံုမွ ဆန္မုန္႔တီေျခာက္လုပ္ငန္း (၁၉)ခုအနက္ (၁၂)ခု လုပ္ငန္းမွတ္ပံုတင္ လက္မွတ္ ရရိွ
သြဂုတ် 8, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ ့ပိုင္း) က်ိဳင္းတုံၿမိဳ ့ရိွ ဆန္မုန္႔တီေျခာက္ လုပ္ငန္း(၁၂)ခုအား လုပ္ငန္းမွတ္ပံုတင္ လက္မွတ္မ်ားကို ရွမ္းျပည္နယ္ အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာနက ၾသဂုတ္လ(၈)ရက္ေန႔တြင္ ထုတ္ေပးလုိက္ေၾကာင္း သိရသည္။

"ၿပီးခဲ့တဲ့ ဒီဇင္ဘာလက ဆန္မုန္႔တီေျခာက္ လုပ္ငန္းတစ္ခု အတိုင္ခံရၿပီးတဲ့ ေနာက္ပိုင္းမွာ က်ိဳင္းတုံၿမိဳ ့ မွာရိွတဲ့ ဆန္မုန္႔တီေျခာက္ လုပ္ငန္းေတြကို ေတာင္ႀကီးမွာရိွတဲ့ အေသးစား စက္မႈလက္မႈလုပ္ငန္းဦးစီးဌာန ကေနၿပီးေတာ့ သူတို႔ရဲ ့ လုပ္ထုံးလုပ္နည္းအတိုင္း ေဖာ္မလင္စစ္တာတို႔ ဘာတို ့ စစ္ေဆးေပးခဲ့တယ္။ အခု အဲဒါေတြ အားလုံး ေအာင္ၿပီဆိုေတာ့ သူတို ့ရုံးခ်ဳပ္က ညႊန္/ခ်ဳပ္ကိုယ္တိုင္ လက္မွတ္ထိုးၿပီး မွတ္ပုံတင္ ထုတ္ေပးတယ္။ အဲဒါကို ဒီေန ့ ကၽြန္ေတာ္တို ့အဖြဲ ့ကေနၿပီးေတာ့ လုပ္ငန္းရွင္ (၁၂)ဦးကို ေပးအပ္ခဲ့ပါတယ္" ဟု က်ိဳင္းတုံခရိုင္ စားသုံးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ ့မွ အတြင္းေရးမွဴး ဦးသန္းစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ိဳင္းတုံၿမိဳ ့ရိွ ဆန္မုန္႔တီေျခာက္ လုပ္ငန္း (၂၁)ခုကို က်ိဳင္းတုံခရိုင္ စားသုံးသူ အျငင္းပြားမႈ ေျဖရွင္းေရး အဖြဲ႕က ၂၀၁၆ ခုႏွစ္ ဒီဇင္ဘာလတြင္ ဝင္ေရာက္စစ္ေဆးၿပီးေနာက္ လုပ္ငန္းမွတ္ပံုတင္မရိွေသးသည့္ လုပ္ငန္း(၁၉)ခုက မွတ္ပုံတင္ေလွ်ာက္ထားလာျခင္းျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို ့က လုပ္ငန္း(၁၉)ခုအတြက္ တင္ေပးခဲ့ေပမယ့္ လက္ရိွမွာေတာ့ (၁၂)ဦးကေတာ့ လက္မွတ္ေတြ ရၿပီ။ က်န္တဲ့လုပ္ငန္း(၇)ခုက တင္တာရက္ပိုင္းေလးေနာက္က်သြားတယ္။ က်န္တဲ့ လုပ္ငန္း(၇)ခုကလည္း သိပ္မၾကာခင္ လက္မွတ္ေတြ ရမွာပါ"ဟု က်ိဳင္းတုံခရိုင္ စားသုံးသူအျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ ့မွ အတြင္းေရးမွဴး ဦးသန္းစိုးက ေျပာသည္။

က်ိဳင္းတုံၿမိဳ ့ရိွ ဆန္မုန္႔တီေျခာက္ လုပ္ငန္းမ်ားျဖစ္ၾကသည့္ ျမတ္၊ ၾကယ္စင္ပြင့္၊ ျခေသၤ့၊ ပ်ားပ်ံ၊ ေရႊငါး၊ ဆင္၊ ေလယာဥ္ပ်ံ၊ ထပ္ေကာင္းမွဴး၊ ျမင္းျဖဴ၊ စိန္ျဖဴ၊ လမင္း၀ါႏွင့္ ေရႊလယုန္ အမွတ္တံဆိပ္မ်ားမွာ ထုတ္လုပ္ခြင့္ မွတ္ပံုတင္ရရိွသြားၾကၿပီျဖစ္ၿပီး မွတ္ပုံတင္ျပဳလုပ္ရန္ က်န္ရိွေနေသးသည့္ လုပ္ငန္းမ်ားကိုလည္း မွတ္ပုံတင္ ရရိွေရးအတြက္ ခရိုင္စားသုံးသူေရးရာဦးစီးဌာနမွ အျခားဌာနမ်ားႏွင့္ ေပါင္းစပ္ညွိႏိႈင္းကာ ဆက္လက္ ကူညီေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္
ဓာတ္ပံု - ခရိုင္စားသုံးသူေရးရာဦးစီးဌာန


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ဆန်မုန့်တီခြောက် လုပ်ငန်း(၁၂)ခုအား လုပ်ငန်းမှတ်ပုံတင် လက်မှတ်များကို ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက သြဂုတ်လ(၈)ရက်နေ့တွင် ထုတ်ပေးလိုက်ကြောင်း သိရသည်။

"ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဆန်မုန့်တီခြောက် လုပ်ငန်းတစ်ခု အတိုင်ခံရပြီးတဲ့ နောက်ပိုင်းမှာ ကျိုင်းတုံမြို့ မှာရှိတဲ့ ဆန်မုန့်တီခြောက် လုပ်ငန်းတွေကို တောင်ကြီးမှာရှိတဲ့ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကနပြေီးတော့ သူတို့ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဖော်မလင်စစ်တာတို့ ဘာတို့ စစ်ဆေးပေးခဲ့တယ်။ အခု အဲဒါတွေ အားလုံး အောင်ပြီဆိုတော့ သူတို့ရုံးချုပ်က ညွှန်/ချုပ်ကိုယ်တိုင် လက်မှတ်ထိုးပြီး မှတ်ပုံတင် ထုတ်ပေးတယ်။ အဲဒါကို ဒီနေ့ ကျွန်တော်တို့အဖွဲ့ကနပြေီးတော့ လုပ်ငန်းရှင် (၁၂)ဦးကို ပေးအပ်ခဲ့ပါတယ်" ဟု ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ အတွင်းရေးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့ရှိ ဆန်မုန့်တီခြောက် လုပ်ငန်း (၂၁)ခုကို ကျိုင်းတုံခရိုင် စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့က ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ဝင်ရောက်စစ်ဆေးပြီးနောက် လုပ်ငန်းမှတ်ပုံတင်မရှိသေးသည့် လုပ်ငန်း(၁၉)ခုက မှတ်ပုံတင်လျှောက်ထားလာခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့က လုပ်ငန်း(၁၉)ခုအတွက် တင်ပေးခဲ့ပေမယ့် လက်ရှိမှာတော့ (၁၂)ဦးကတော့ လက်မှတ်တွေ ရပြီ။ ကျန်တဲ့လုပ်ငန်း(၇)ခုက တင်တာရက်ပိုင်းလေးနောက်ကျသွားတယ်။ ကျန်တဲ့ လုပ်ငန်း(၇)ခုကလည်း သိပ်မကြာခင် လက်မှတ်တွေ ရမှာပါ"ဟု ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့မှ အတွင်းရေးမှူး ဦးသန်းစိုးက ပြောသည်။

ကျိုင်းတုံမြို့ရှိ ဆန်မုန့်တီခြောက် လုပ်ငန်းများဖြစ်ကြသည့် မြတ်၊ ကြယ်စင်ပွင့်၊ ခြင်္သေ့၊ ပျားပျံ၊ ရွှေငါး၊ ဆင်၊ လေယာဉ်ပျံ၊ ထပ်ကောင်းမှူး၊ မြင်းဖြူ၊ စိန်ဖြူ၊ လမင်းဝါနှင့် ရွှေလယုန် အမှတ်တံဆိပ်များမှာ ထုတ်လုပ်ခွင့် မှတ်ပုံတင်ရရှိသွားကြပြီဖြစ်ပြီး မှတ်ပုံတင်ပြုလုပ်ရန် ကျန်ရှိနေသေးသည့် လုပ်ငန်းများကိုလည်း မှတ်ပုံတင် ရရှိရေးအတွက် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ အခြားဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းကာ ဆက်လက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဇွဲမြတ်
ဓာတ်ပုံ - ခရိုင်စားသုံးသူရေးရာဦးစီးဌာန

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~