ဆီဆိုင္ၿမိဳ႕နယ္ ဆုိက္ေခါင္ေက်းရြာရိွ ေနအိမ္မွ စိတ္ႂကြေဆးျပားရွစ္ေထာင္ေက်ာ္ဖမ္းဆီးရမိၿပီး ေနအိမ္ပိုင္ရွင္ တိမ္းေရွာင္ေန

ဆီဆိုင္ၿမိဳ႕နယ္ ဆုိက္ေခါင္ေက်းရြာရိွ ေနအိမ္မွ စိတ္ႂကြေဆးျပားရွစ္ေထာင္ေက်ာ္ဖမ္းဆီးရမိၿပီး ေနအိမ္ပိုင္ရွင္ တိမ္းေရွာင္ေန
သြဂုတ် 24, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ဟိုပံုးၿမိဳ႕ မူးယစ္ေဆးဖမ္းဆီးရရိွမႈႏွင့္ ဆက္စပ္ၿပီး ဆီဆိုင္ၿမိဳ႕နယ္ ဆိုက္ေခါင္ေက်းရြာမွ ေနအိမ္တစ္လံုးအား ဟိုပုံုးႏွင့္ ဆုိက္ေခါင္မွ ရဲတပ္ဖြဲ႕ဝင္မ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕က ၾသဂုတ္လ (၂၃) ရက္ေန႔တြင္ ဝင္ေရာက္ရွာေဖြရာ စိတ္ႂကြေဆးျပား(၈၅၅၀)ျပားအား ရွာေဖြေတြ႔ရွိၿပီး ေနအိမ္ပိုင္ရွင္မွာ တိမ္းေရွာင္ေနေၾကာင္း သိရသည္။

ဟိုပုံးၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ား၊ ဆိုက္ေခါင္ရဲကင္းစခန္းမွ ရဲတပ္ဖြဲ႕ဝင္တို႔ပါဝင္သည့္ ပူးေပါင္း အဖြဲ႕သည္ ဆီဆိုင္ၿမိဳ႕နယ္၊ ဆိုက္ေခါင္ေက်းရြာမွ ခြန္ေမာင္ခ်စ္၏ ေနအိမ္အား ၾသဂုတ္လ (၂၃)ရက္ေန႔ ညေန (၃)နာရီအခ်ိန္ခန္႔က ဝင္ေရာက္ရွာေဖြရာ ခြန္ေမာင္ခ်စ္အား ေနအိမ္တြင္ မေတြ႕ရွိဘဲ အိမ္ေဘး ကပ္လၽွက္ ေျမႀကီးအတြင္းမွ WYစာတမ္းပါ စိတ္ႂကြေဆးျပား(၈၅၅၀)ျပားအား ေတြ႕ရွိသိမ္းဆည္း ရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

တိမ္းေရွာင္ေနသည့္ ခြန္ေမာင္ခ်စ္အား ဘန္းယဥ္နယ္ေျမရဲစခန္းတြင္ မယ(ပ)၁၅/၂၀၁၇၊ မူး/စိတ္ ပုဒ္မ ၁၉(က)/က်င့္ ၅၁၂ အရ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

ဟိုပံုးၿမိဳ႕မဆည္ဘက္မွ ကုန္သာေက်းရြာဘက္သို႔ ၾသဂုတ္လ (၁၇) ရက္ေန႔က အမ်ိဳးသားနွစ္ဦး စီးနင္းလာသည့္ ဆိုင္ကယ္အား ရပ္တန္႔စစ္ေဆးရာ စိတ္ႂကြေဆးျပား (၁၈၆) ျပား ဖမ္းဆီးရသျဖင့္ ဟိုပုံးၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၃/၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁ ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနသည့္ မူးယစ္မႈမွ ကြင္းဆက္အျဖစ္ သြားေရာက္ဖမ္းဆီးျခင္းျဖစ္ေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့ မူးယစ်ဆေးဖမ်းဆီးရရှိမှုနှင့် ဆက်စပ်ပြီး ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာမှ နေအိမ်တစ်လုံးအား ဟိုပုံးနှင့် ဆိုက်ခေါင်မှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က သြဂုတ်လ (၂၃) ရက်နေ့တွင် ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား(၈၅၅၀)ပြားအား ရှာဖွေတွေ့ရှိပြီး နေအိမ်ပိုင်ရှင်မှာ တိမ်းရှောင်နေကြောင်း သိရသည်။

ဟိုပုံးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ဆိုက်ခေါင်ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်တို့ပါဝင်သည့် ပူးပေါင်း အဖွဲ့သည် ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာမှ ခွန်မောင်ချစ်၏ နေအိမ်အား သြဂုတ်လ (၂၃)ရက်နေ့ ညနေ (၃)နာရီအချိန်ခန့်က ဝင်ရောက်ရှာဖွေရာ ခွန်မောင်ချစ်အား နေအိမ်တွင် မတွေ့ရှိဘဲ အိမ်ဘေး ကပ်လျှက် မြကြေီးအတွင်းမှ WYစာတမ်းပါ စိတ်ကြွဆေးပြား(၈၅၅၀)ပြားအား တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိမ်းရှောင်နေသည့် ခွန်မောင်ချစ်အား ဘန်းယဉ်နယ်မြေရဲစခန်းတွင် မယ(ပ)၁၅/၂၀၁၇၊ မူး/စိတ် ပုဒ်မ ၁၉(က)/ကျင့် ၅၁၂ အရ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

ဟိုပုံးမြို့မဆည်ဘက်မှ ကုန်သာကျေးရွာဘက်သို့ သြဂုတ်လ (၁၇) ရက်နေ့က အမျိုးသားနှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ စိတ်ကြွဆေးပြား (၁၈၆) ပြား ဖမ်းဆီးရသဖြင့် ဟိုပုံးမြို့မရဲစခန်းတွင် မယ(ပ)၁၃/၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်ဆောင်ရွက်နေသည့် မူးယစ်မှုမှ ကွင်းဆက်အဖြစ် သွားရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~