တာချီလိတ်မြို့ ဆန်ဆိုင်း(က)မှ အမှတ်(၂)တံတားအထိ (၂)ရက်တိတိ နေ့ပိုင်း လျှပ်စစ်မီး ဖြတ်တောက်ကာ လမ်းဘေး ဓာတ်မီးတိုင်များ ရွှေ့နေ
တာချီလိတ်မြို့ ဆန်ဆိုင်း(က)မှ အမှတ်(၂)တံတားအထိ (၂)ရက်တိတိ နေ့ပိုင်း လျှပ်စစ်မီး ဖြတ်တောက်ကာ လမ်းဘေး ဓာတ်မီးတိုင်များ ရွှေ့နေ
သွဂုတျ 19, 2017
By Tachileik News Agency
သြဂုတ်လ(၁၁)ရက်နေ့မှ (၁၂)ရက်နေ့အထိ အားကစားရုံလမ်း ၊ မီးပွိုင့်လမ်းဆုံမှ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ မင်္ဂလာလမ်းအထိ ဓာတ်မီးတိုင်များ ပြောင်းရွှေ့ရန်အတွက် တာချီလိတ် မီးလင်းရေးရုံးမှ ဆောင်ရွက်ခဲ့ပြီး ယခု ကျန်ရှိနေသည့် အပိုင်းအား တာချီလိတ် မီးလင်းရေး(ရုံးခွဲ)( တာဝေမီးစက်ဝန်းအတွင်းရှိ ရုံး)မှ ဆက်လက်ပြုလုပ်မှာ ဖြစ်သည့်အတွက် လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း အန္တရာယ်ကင်းစေရန်အတွက် လျှပ်စစ်မီးအား (၂)ရက်တိတိ နေ့ပိုင်းတွင် ယာယီ ဖြတ်တောက်ထားမည်ဖြစ်ကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့လယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတွင် လမ်းသားတိုးချဲ့ရန် ကျန်ရှိနေသည့် ဆန်ဆိုင်း(က) မှ မယ်ခေါင်ရပ်ကွက်ရှိ အမှတ်(၂)ချစ်ကြည်ရေးတံတားထိပ် မီးပွိုင်လမ်းဆုံ အထိ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် အတွက် မလွတ်ကင်းသည့် လျှပ်စစ်ဓာတ်မီးတိုင်များအား ဖယ်ရှားရန် လျှပ်စစ်မီးအား သြဂုတ်လ(၁၉)မှ (၂၀)ရက်နေ့အထိ နေ့ပိုင်း ဖြတ်တောက်ထားမည်ဖြစ်ကြောင်း သိရသည်။
"ဆန်ဆိုင်း(က)ရပ်ကွက် (၅)လမ်းထိပ်ကနေ အမှတ်(၂)တံတားထိပ်ထိ ဓာတ်တိုင်ရွှေ့တာတွေ လုပ်မှာဖြစ်တဲ့ အတွက် ကျွန်တော်တို့ သြဂုတ်လ (၁၉)ရက်နေ့ကနေ (၂၀)ရက်နေ့အထိ နံနက်(၉)နာရီကနေ ညနေ(၃)နာရီအချိန်အထိ နှစ်ရက်တိတိ မီးခဏ ဖြတ်မှာဖြစ်ပါတယ်။ သတ်မှတ်ချိန် ပြီးသွားရင်တော့ ပုံမှန်အတိုင်း ပြန်လည်ပေးသွားမှာပါ" ဟု တာချီလိတ် မီးလင်းရေး(ရုံးခွဲ)( တောဝမီးစက်ဝန်းအတွင်းရှိ ရုံး)မှ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုဟိန်းကိုက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
သြဂုတ်လ(၁၁)ရက်နေ့မှ (၁၂)ရက်နေ့အထိ အားကစားရုံလမ်း၊ မီးပွိုင့်လမ်းဆုံမှ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ မင်္ဂလာလမ်းအထိ ဓာတ်မီးတိုင်များ ပြောင်းရွှေ့ရန်အတွက် တာချီလိတ် မီးလင်းရေးရုံးမှ ဆောင်ရွက်ခဲ့ပြီး ယခု ကျန်ရှိနေသည့် အပိုင်းအား တာချီလိတ် မီးလင်းရေး(ရုံးခွဲ)( တောဝမီးစက်ဝန်းအတွင်းရှိ ရုံး)မှ ဆက်လက်ပြုလုပ်မှာ ဖြစ်သည့်အတွက် လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း အန္တရာယ်ကင်းစေရန်အတွက် လျှပ်စစ်မီးအား (၂)ရက်တိတိ နေ့ပိုင်းတွင် ယာယီ ဖြတ်တောက်ထားမည်ဖြစ်ကြောင်း သိရသည်။
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~