တာချီလိတ်မြို့ မယ်ဆိုင်ချောင်းဘေးရှိ ရွှေနန်းတော်ကုန်တိုက် အနောက်ဘက် အုတ်တံတိုင်း ပြိုကျမှုကြောင့် ရေများ ဆက်လက် မ၀င်ရောက်နိုင်ရန် ယာယီအတားအဆီးအား (၃)ရက် ဆက်တိုက်ပြုလုပ်ခဲ့ရ

တာချီလိတ်မြို့ မယ်ဆိုင်ချောင်းဘေးရှိ ရွှေနန်းတော်ကုန်တိုက် အနောက်ဘက် အုတ်တံတိုင်း ပြိုကျမှုကြောင့် ရေများ ဆက်လက် မ၀င်ရောက်နိုင်ရန် ယာယီအတားအဆီးအား (၃)ရက် ဆက်တိုက်ပြုလုပ်ခဲ့ရ
သွဂုတျ 21, 2017
By Tachileik News Agency


တာချီလိတ်တွင် မိုးဆက်လက်၍ ရွာသွန်းမှုကြောင့်သော် လည်းကောင်း၊ တောင်ကျရေကြောင့် မယ်ဆိုင်ချောင်းမှာ တစ်ဆင့် ရေကြီးရေလျှံမှုကြောင့် လည်းကောင်း တာချီလိတ်မြို့တွင် သို့ ရေများ ပိုမိုဝင်ရောက်လာမည် စိုးသဖြင့် အဆိုပါ အုတ်တံတိုင်း ပြိုကျသည့် သြဂုတ်လ(၁၉)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်က စ၍ သြဂုတ်လ(၂၁)ရက်နေ့အထိ (၃)ရက်ဆက်တိုက် ဆောင်ရွက်ရာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။


အုတ်တံတိုင်း၏ ပြိုကျသွားမှု အတိုင်းအတာမှာ အလျား(၈၅)ပေရှိသည့် အတွက် တာချီလိတ်မြို့နယ် ဆည်မြောင်း ဦးစီးဌာနမှ ကြီးကြပ်ကာ မျောများရိုက်ရာတွင် အနံ(၆)ပေ နှင့် အမြင့်(၄)ပေ ထားရှိပြီး သဲအိတ်များကို သတ်မှတ်ချက်များအလိုက် သဲထည့်နေခြင်းဆောင်ရွက်ရာ သဲအစီးရေ (၂၅)စီးဝန်းကျင် အသုံးပြုခဲ့ရကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ၂၀၁၇ခုနှစ် သြဂုတ်လ(၁၈)ရက်နေ့က ရေကြီးရေလျှံမှုဖြစ်ပွားရာ တာလော့ ရပ်ကွက်တွင် အိမ်ခြေ (၂၃၄)လုံး ၊မကာဟိုခမ်းရပ်ကွက်တွင် အိမ်ခြေ (၈)လုံး ဖြစ်ပြီး ပုန်းထွန်ရပ်ကွက်တွင် အိမ်ခြေ(၉၁)လုံး၊ ဆန်ဆိုင်း(က)ရပ်ကွက်တွင် အိမ်ခြေ (၁၁၀)လုံး၊ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် အိမ်ခြေ (၅၀)၊ မယ်ခေါင်ရပ်ကွက်တွင် အိမ်ခြေ (၃၉)လုံး၊ ရန်အောင်မြေရပ်ကွက်တွင် အိမ်ခြေ (၄၈)လုံး နှင့် ဝိန်းကျောက် ရပ်ကွက်တွင် အိမ်ခြေ (၅၂)လုံး ရှိသဖြင့် စုစုပေါင်း အိမ်ခြေ(၆၃၂)လုံးတွင် အိမ်ထောင်စု ပေါင်း (၇၁၄)စုမှ လူဦးရေ (၂၉၁၆)ဦး ရေဘေးသင့်ခဲ့ရကြောင်း သိရှိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတား အနီးရှိ ရွှေနန်းတော်ကုန်တိုက်၏ အနောက်ဘက် အုတ်တံတိုင်း အလျား(၈၅)ပေမှာ မယ်ဆိုင်ချောင်းရေ၏ ရေတွန်းအားကြောင့် ပြိုကျသွားသည့်အတွက် အရေးပေါ် ယာယီအတားအဆီးအဖြစ် (၃)ရက်ဆက်တိုက် ပြုလုပ်ခဲ့ရကြောင်း သိရသည်။

တာချီလိတ်တွင် မိုးဆက်လက်၍ ရွာသွန်းမှုကြောင့်သော် လည်းကောင်း၊ တောင်ကျရေကြောင့် မယ်ဆိုင်ချောင်းမှာ တစ်ဆင့် ရကြေီးရေလျှံမှုကြောင့် လည်းကောင်း တာချီလိတ်မြို့တွင် သို့ ရေများ ပိုမိုဝင်ရောက်လာမည် စိုးသဖြင့် အဆိုပါ အုတ်တံတိုင်း ပြိုကျသည့် သြဂုတ်လ(၁၉)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်က စ၍ သြဂုတ်လ(၂၁)ရက်နေ့အထိ (၃)ရက်ဆက်တိုက် ဆောင်ရွက်ရာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

သဲအိတ်ကာ ယာယီအတားအဆီးပြုလုပ်ရာတွင် တာချီလိတ်မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟန်ထွန်း နှင့် တာဝန်ရှိသူများမှ ကြီးကြပ်ကာ ရေဘေးကာကွယ်ရေးအတွက် မျောရိုက်ခြင်း၊ သဲအိတ်ဖြည့်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရာ တာချီလိတ်တပ်နယ်ရှိ အရာရှိ စစ်သည် တပ်မတော်သားများ အပါအဝင် တာချီလိတ်မြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များမှ အဓိက ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အုတ်တံတိုင်း၏ ပြိုကျသွားမှု အတိုင်းအတာမှာ အလျား(၈၅)ပေရှိသည့် အတွက် တာချီလိတ်မြို့နယ် ဆည်မြောင်း ဦးစီးဌာနမှ ကြီးကြပ်ကာ မျောများရိုက်ရာတွင် အနံ(၆)ပေ နှင့် အမြင့်(၄)ပေ ထားရှိပြီး သဲအိတ်များကို သတ်မှတ်ချက်များအလိုက် သဲထည့်နခြေင်းဆောင်ရွက်ရာ သဲအစီးရေ (၂၅)စီးဝန်းကျင် အသုံးပြုခဲ့ရကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ၂၀၁၇ခုနှစ် သြဂုတ်လ(၁၈)ရက်နေ့က ရကြေီးရေလျှံမှုဖြစ်ပွားရာ တာလော့ ရပ်ကွက်တွင် အိမ်ခြေ (၂၃၄)လုံး၊မကာဟိုခမ်းရပ်ကွက်တွင် အိမ်ခြေ (၈)လုံး ဖြစ်ပြီး ပုန်းထွန်ရပ်ကွက်တွင် အိမ်ခြေ(၉၁)လုံး၊ ဆန်ဆိုင်း(က)ရပ်ကွက်တွင် အိမ်ခြေ (၁၁၀)လုံး၊ ဆန်ဆို်င်း(ခ)ရပ်ကွက်တွင် အိမ်ခြေ (၅၀)၊ မယ်ခေါင်ရပ်ကွက်တွင် အိမ်ခြေ (၃၉)လုံး၊ ရန်အောင်မြေရပ်ကွက်တွင် အိမ်ခြေ (၄၈)လုံး နှင့် ဝိန်းကျောက် ရပ်ကွက်တွင် အိမ်ခြေ (၅၂)လုံး ရှိသဖြင့် စုစုပေါင်း အိမ်ခြေ(၆၃၂)လုံးတွင် အိမ်ထောင်စု ပေါင်း (၇၁၄)စုမှ လူဦးရေ (၂၉၁၆)ဦး ရေဘေးသင့်ခဲ့ရကြောင်း သိရှိရသည်။ 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~