မယ်ဆိုင်ချောင်းဘေး ရွှေနန်းတော်ကုန်တိုက် အနောက်ဘက်ရှိ အုတ်တံတိုင်း အလျား (၈၅)ပေ ပြိုကျ၍ ယာယီအတားအဆီးအား နှစ်ရက်ဆက်တိုက် ပြုလုပ်နေရဆဲ

မယ်ဆိုင်ချောင်းဘေး ရွှေနန်းတော်ကုန်တိုက် အနောက်ဘက်ရှိ အုတ်တံတိုင်း အလျား (၈၅)ပေ ပြိုကျ၍ ယာယီအတားအဆီးအား နှစ်ရက်ဆက်တိုက် ပြုလုပ်နေရဆဲ
သွဂုတျ 20, 2017
By Tachileik News Agency


အဆိုပါ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ရေကြီး ရေလျှံမှုများ ထပ်မံ၍ ဖြစ်ပေါ်လာပါက အနိမ့်ပိုင်း ရပ်ကွက်များ အတွက် အန္တရာယ်ရှိနိုင်၍ သြဂုတ်လ(၁၉)ရက်နေ့ ညနေ(၃)နာရီခွဲဝန်းကျင် အချိန်က တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ကော်မတီဝင်များ၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် ကော်မတီဝင်များ အပါအ၀င် တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေးပြီး သြဂုတ်လ(၁၉)ရက်နေ့ ည(၁၁)နာရီဝန်းကျင်အထိ ယာယီအတားအဆီးများကို ပြုလုပ်ကြောင်း သိရသည်။


မယ်ဆိုင်ချောင်းဘေး တာချီလိတ်ဘက် ရွှေနန်းတော်ကုန်တိုက်ရှိ အနောက်ဘက် အုတ်တံတိုင်း၏ ပြိုကျသွားမှု အတိုင်းအတာမှာ အလျား(၈၅)ပေရှိသည့် အတွက် တာချီလိတ်မြို့နယ်ဆည်မြောင်း ဦးစီးဌာနမှ ကြီးကြပ်ကာ မျောများရိုက်ရာတွင် အနံ(၆)ပေ နှင့် အမြင့်(၄)ပေထားရှိပြီး သဲအိတ်များကို သတ်မှတ်ချက်များအလိုက် ထည့်နေခြင်း ဖြစ်ကြောင်း သိရသည်။

ရေကြီးရေလျှံမှုကြောင့် နေအိမ်များအတွင်း ရေဝင်ပါက လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် မိန်းခလုတ်များ ချထားရန်၊ ရေနှင့်အတူ မျောပါလာတတ်သည့် အဆိပ်ရှိ သတ္တဝါများကို သတိထားရန်လိုအပ်ပြီး အရေးပေါ် အခြေအနေများတွင် သက်ဆိုင်ရာအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များက အကူအညီပေးရန် အသင့် ပြင်ဆင်ထားကြောင်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်း နယ်စပ်၊ တာချီလိတ် - မယ်ဆိုင် အကြားရှိ မယ်ဆိုင်ချောင်းရေများ တိုက်စားမှု အားများကြောင့် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတား နှင့် မယ်ဆိုင်ချောင်းဘေးရှိ ရွှေနန်းတော် ကုန်တိုက်၏ အနောက်ဘက်ခြမ်း အုတ်တံတိုင်းမှာ သြဂုတ်လ(၁၉)ရက်နေ့ နေ့လယ်ပိုင်းက အုတ်တံတိုင်း အလျား(၈၅)ပေ ပြိုကျသွားရာ မယ်ဆိုင်ချောင်းရေ မဝင်ရောက်နိုင်ရန်အတွက် ယာယီအတားအဆီးများကို နေ့ရောညပါ (၂)ရက်ဆက်တိုက် ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ရကြေီး ရေလျှံမှုများ ထပ်မံ၍ ဖြစ်ပေါ်လာပါက အနိမ့်ပိုင်း ရပ်ကွက်များ အတွက် အန္တရာယ်ရှိနိုင်၍ သြဂုတ်လ(၁၉)ရက်နေ့ ညနေ(၃)နာရီခွဲဝန်းကျင် အချိန်က တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ကော်မတီဝင်များ၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် ကော်မတီဝင်များ အပါအဝင် တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေးပြီး သြဂုတ်လ(၁၉)ရက်နေ့ ည(၁၁)နာရီဝန်းကျင်အထိ ယာယီအတားအဆီးများကို ပြုလုပ်ကြောင်း သိရသည်။

ဆက်လက်၍ သြဂုတ်လ(၂၀)ရက်နေ့ တွင် တာချီလိတ်မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟန်ထွန်း နှင့် တာဝန်ရှိသူများမှ ကြီးကြပ်ကာ ရေဘေးကာကွယ်ရေးအတွက် မျောရိုက်ခြင်း၊ သဲအိတ်ဖြည့်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရာတွင် တာချီလိတ်တပ်နယ်မှ တပ်မတော်သားများ၊ တာချီလိတ်ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ပါဝင်လုပ်ဆောင်ကြကြောင်း သိရသည်။

မယ်ဆိုင်ချောင်းဘေး တာချီလိတ်ဘက် ရွှေနန်းတော်ကုန်တိုက်ရှိ အနောက်ဘက် အုတ်တံတိုင်း၏ ပြိုကျသွားမှု အတိုင်းအတာမှာ အလျား(၈၅)ပေရှိသည့် အတွက် တာချီလိတ်မြို့နယ်ဆည်မြောင်း ဦးစီးဌာနမှ ကြီးကြပ်ကာ မျောများရိုက်ရာတွင် အနံ(၆)ပေ နှင့် အမြင့်(၄)ပေထားရှိပြီး သဲအိတ်များကို သတ်မှတ်ချက်များအလိုက် ထည့်နခြေင်း ဖြစ်ကြောင်း သိရသည်။

ရကြေီးရေလျှံမှုကြောင့် နေအိမ်များအတွင်း ရေဝင်ပါက လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် မိန်းခလုတ်များ ချထားရန်၊ ရေနှင့်အတူ မျောပါလာတတ်သည့် အဆိပ်ရှိ သတ္တဝါများကို သတိထားရန်လိုအပ်ပြီး အရေးပေါ် အခြေအနေများတွင် သက်ဆိုင်ရာအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များက အကူအညီပေးရန် အသင့် ပြင်ဆင်ထားကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~