Update News

ေက်ာက္မဲၿမိဳ႕ ေနအိမ္တစ္လံုးမွ ေရႊထည္ပစၥည္းမ်ားခိုးၿပီး လားရိႈးတြင္ ဝွက္ထားသူအား ဖမ္းဆီးရမိ

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ ေနအိမ္တစ္လံုးမွ ၾသဂုတ္လ(၂)ရက္ေန႔တြင္ ေရႊထည္ပစၥည္းမ်ား ခိုးယူသြားၿပီး လားရိႈးၿမိဳ႕မွ သူငယ္ခ်င္း အိမ္အနီးတြင္ ဝွက္ထားသူအား ေက်ာက္မဲရဲတပ္ဖြဲ႔က ရွာေဖြေဖာ္ထုတ္ရာ ၾသဂုတ္လ(၇)ရက္ေန႔က ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း သိရသည္။

“အမွတ္(၂)ရပ္ကြက္က ေနအိမ္ပိုင္ရွင္တစ္ဦးက ေရႊေပ်ာက္သြားတယ္ဆိုၿပီး စခန္းကိုလာတိုင္တယ္။ အဲဒီမွာ အိမ္ကို အဝင္အထြက္ရွိတဲ့သူေတြကို စစ္ေဆးတဲ့အခါမွာ မသကၤာသူ အမ်ိဳးသားတစ္ဦးေတြ႔တယ္။ သူ႔ကိုေခၚယူစစ္ေဆးတဲ့အခါမွာ သူရဲ့ထြက္ဆိုခ်က္အရ ေနအိမ္ရဲ့ တီဗီ စင္အံဆြဲထဲကေရႊေတြကိုယူၿပီး လားရိႈးက သူ႔သူငယ္ခ်င္းရဲ့ အိမ္အနီးမွာသြားၿပီး ဖြက္ထားခဲ့တယ္ဆိုတာကို သိရတဲ့အတြက္ အသိသက္ေသေတြနဲ႔အတူ လားရိႈးကိုသြားေရာက္ၿပီး သူဖြက္ထားတဲ့ေနရာမွာရွာေဖြတဲ့အခါ ေရႊေတြကို ရွာေဖြေတြ႔ရွိခဲ့တာျဖစ္ပါတယ္ “ဟု ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႔မွ နယ္ထိန္း ေခါင္းေဆာင္ဒုရဲအုပ္ ေကာင္းျမတ္ေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

ေက်ာက္မဲၿမိဳ႕ အမွွတ္(၂)ရပ္ကြက္၊ နယ္ေျမ(၁၃) ရွိ ငါးေရာင္းဝယ္ေရးလုပ္ကိုင္သည့္ေနအိမ္မွ ေပ်ာက္ဆံုးသြားသည့္ အေလးခ်ိန္ (၁)က်ပ္သားေက်ာ္ ေရႊဆြဲႀကိဳး (၁)ကံုး၊ အေလးခ်ိန္ (၅)ပဲေက်ာ္ ေရႊဆြဲသီး(၁)ခုႏွင့္ အေလးခ်ိန္(၈)ပဲေက်ာ္ ေရႊလက္ေကာက္(၁)ကြင္း စုစုေပါင္းတန္ဖိုးေငြ က်ပ္ (၂၇၃၇၀၀၀) ခန္႔တန္ဖိုးရွိ ပစၥည္းမ်ားအား ျပန္လည္ေတြ႔ရိွ သိမ္းဆည္းႏုိင္ခဲ့ေၾကာင္း သိရသည္။

ေရႊမ်ားခိုးယူခဲ့သည့္ အမ်ိဳးသားအား ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ ပ(၁၆၁)/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ (၃၈၀) ျဖင့္ ၾသဂုတ္လ(၇)ရက္ေန႔က အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓာတ္ပံု - kmk







~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ နေအိမ်တစ်လုံးမှ သြဂုတ်လ(၂)ရက်နေ့တွင် ရွှေထည်ပစ္စည်းများ ခိုးယူသွားပြီး လားရှိုးမြို့မှ သူငယ်ချင်း အိမ်အနီးတွင် ဝှက်ထားသူအား ကျောက်မဲရဲတပ်ဖွဲ့က ရှာဖွေဖော်ထုတ်ရာ သြဂုတ်လ(၇)ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

“အမှတ်(၂)ရပ်ကွက်က နေအိမ်ပိုင်ရှင်တစ်ဦးက ရွှေပျောက်သွားတယ်ဆိုပြီး စခန်းကိုလာတိုင်တယ်။ အဲဒီမှာ အိမ်ကို အဝင်အထွက်ရှိတဲ့သူတွေကို စစ်ဆေးတဲ့အခါမှာ မသင်္ကာသူ အမျိုးသားတစ်ဦးတွေ့တယ်။ သူ့ကိုခေါ်ယူစစ်ဆေးတဲ့အခါမှာ သူရဲ့ထွက်ဆိုချက်အရ နေအိမ်ရဲ့ တီဗီ စင်အံဆွဲထဲကရွှေတွေကိုယူပြီး လားရှိုးက သူ့သူငယ်ချင်းရဲ့ အိမ်အနီးမှာသွားပြီး ဖွက်ထားခဲ့တယ်ဆိုတာကို သိရတဲ့အတွက် အသိသက်သေတွေနဲ့အတူ လားရှိုးကိုသွားရောက်ပြီး သူဖွက်ထားတဲ့နေရာမှာရှာဖွေတဲ့အခါ ရွှေတွေကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ် “ဟု ကျောက်မဲမြို့ မြို့မရဲတပ်ဖွဲ့မှ နယ်ထိန်း ခေါင်းဆောင်ဒုရဲအုပ် ကောင်းမြတ်ကျော်က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

ကျောက်မဲမြို့ အမှတ်(၂)ရပ်ကွက်၊ နယ်မြေ(၁၃) ရှိ ငါးရောင်းဝယ်ရေးလုပ်ကိုင်သည့်နေအိမ်မှ ပျောက်ဆုံးသွားသည့် အလေးချိန် (၁)ကျပ်သားကျော် ရွှေဆွဲကြိုး (၁)ကုံး၊ အလေးချိန် (၅)ပဲကျော် ရွှေဆွဲသီး(၁)ခုနှင့် အလေးချိန်(၈)ပဲကျော် ရွှေလက်ကောက်(၁)ကွင်း စုစုပေါင်းတန်ဖိုးငွေ ကျပ် (၂၇၃၇၀၀၀) ခန့်တန်ဖိုးရှိ ပစ္စည်းများအား ပြန်လည်တွေ့ရှိ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

ရွှေများခိုးယူခဲ့သည့် အမျိုးသားအား ကျောက်မဲမြို့မရဲစခန်းတွင် ပ(၁၆၁)/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ (၃၈၀) ဖြင့် သြဂုတ်လ(၇)ရက်နေ့က အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - kmk
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::