တာခ်ီလိတ္တြင္ စက္ခ်ဳပ္သင္တန္းတက္လိုသူမ်ား ၾသဂုတ္လ(၂၇)ရက္ေန႔ ေနာက္ဆံုးထား၍ သက္ဆိုင္ရာ ရပ္ကြက္ရံုးမ်ားတြင္ စာရင္းေပးသြင္းႏိုင္

တာခ်ီလိတ္တြင္ စက္ခ်ဳပ္သင္တန္းတက္လိုသူမ်ား ၾသဂုတ္လ(၂၇)ရက္ေန႔ ေနာက္ဆံုးထား၍ သက္ဆိုင္ရာ ရပ္ကြက္ရံုးမ်ားတြင္ စာရင္းေပးသြင္းႏိုင္
သြဂုတ် 24, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ရွိ အမ်ဳိးသမီး အိမ္တြင္းမႈ သင္တန္းေက်ာင္းတြင္ ၂၀၁၇ခုႏွစ္ ၾသဂုတ္လ(၂၈)ရက္ေန႔၌ ဖြင့္လွစ္မည့္ အေျခခံစက္ခ်ဳပ္သင္တန္းႏွင့္ အဆင့္ျမင့္ စက္ခ်ဳပ္သင္တန္းမ်ားသို႔ တက္ေရာက္လိုသည့္ အမ်ိဳးသမီးမ်ား သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးမ်ားတြင္ ၾသဂုတ္လ(၂၇)ရက္ေန႔ ေနာက္ဆံုးထား၍ စာရင္းေပးသြင္းႏိုင္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ အမ်ဳိးသမီး အိမ္တြင္းမႈသင္တန္းေက်ာင္းမွ ဖြင့္လွစ္မည့္ အေျခခံစက္ခ်ဳပ္သင္တန္း အမွတ္စဥ္(၇၇) ႏွင့္ အဆင့္ျမင့္ စက္ခ်ဳပ္သင္တန္း အမွတ္စဥ္ (၄၇)တို႔အတြက္ ရပ္ကြက္တစ္ခုလွ်င္ သင္တန္းသူႏွစ္ဦးႏႈန္း ရပ္ကြက္/ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမ်ားထံ ေတာင္းခံထားေၾကာင္း ႏွင့္ အဆိုပါ သင္တန္းမ်ားႏွင့္ ပတ္သက္၍ သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးမ်ားတြင္ ေမးျမန္းစံုစမ္းႏိုင္ေၾကာင္း သိရသည္။

ယင္းအျပင္ တာခ်ီလိတ္ၿမိဳ႕၊ မယ္ေခါင္ရပ္ကြက္၊ တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႔မွဴးရံုးေရွ႕ရွိ လမ္းၾကားတြင္ တည္ရွိသည့္ အမ်ဳိးသမီး အိမ္တြင္းမႈ သင္တန္းေက်ာင္းသို႔လည္း သြားေရာက္ စံုစမ္းႏိုင္ေၾကာင္း သိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ရှိ အမျိုးသမီး အိမ်တွင်းမှု သင်တန်းကျောင်းတွင် ၂၀၁၇ခုနှစ် သြဂုတ်လ(၂၈)ရက်နေ့၌ ဖွင့်လှစ်မည့် အခြေခံစက်ချုပ်သင်တန်းနှင့် အဆင့်မြင့် စက်ချုပ်သင်တန်းများသို့ တက်ရောက်လိုသည့် အမျိုးသမီးများ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် သြဂုတ်လ(၂၇)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

တာချီလိတ်မြို့ အမျိုးသမီး အိမ်တွင်းမှုသင်တန်းကျောင်းမှ ဖွင့်လှစ်မည့် အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ်(၇၇) နှင့် အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၄၇)တို့အတွက် ရပ်ကွက်တစ်ခုလျှင် သင်တန်းသူနှစ်ဦးနှုန်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံ တောင်းခံထားကြောင်း နှင့် အဆိုပါ သင်တန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် မေးမြန်းစုံစမ်း နိုင်ကြောင်း သိရသည်။

ယင်းအပြင် တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့ရှိ လမ်းကြားတွင် တည်ရှိသည့် အမျိုးသမီး အိမ်တွင်းမှု သင်တန်းကျောင်းသို့လည်း သွားရောက် စုံစမ်းနိုင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~