မိုးေရဝင္ၿပီး ေရနစ္ျမဳပ္ေန၍ လားရိႈးၿမိဳ႕မွ သဘာဝေရပူစမ္းတြင္ ေရခ်ိဳးခြင့္ ယာယီပိတ္ထား

မိုးေရဝင္ၿပီး ေရနစ္ျမဳပ္ေန၍ လားရိႈးၿမိဳ႕မွ သဘာဝေရပူစမ္းတြင္ ေရခ်ိဳးခြင့္ ယာယီပိတ္ထား
သြဂုတ် 8, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ရွိ သဘာဝေရပူစမ္းတြင္ မိိုးေရဝင္ေရာက္ေနသျဖင့္ ၾသဂုတ္လ(၆)ရက္ေန႔ ညပိုင္းမွစ၍ ေရပူကန္မ်ားတြင္ ေရခ်ိဳးခြင့္ ယာယီပိတ္ထားေၾကာင္း သိရသည္။

“တစ္ႏွစ္ကို(၅)ႀကိမ္ေလာက္ ဒီလိုပဲ ေရဝင္တယ္။ တစ္ေန႔က မိုးရြာတာမ်ားတဲ့ အတြက္ (၆)ရက္ေန ႔ညကစၿပီး ေရဝင္တာ။ ဒီႏွစ္အတြက္ ပထမဆံုးအႀကိမ္ ေရဝင္တာျဖစ္ပါတယ္။ ေရခ်ိဳးခန္းမွာ ခ်ိဳးမယ့္သူေတြပဲ ခ်ိဳးလို႔ရတယ္။ ေျမေပၚက ေရပူစိမ္တဲ့ကန္ ေတြမွာေတာ့ မိုးေရေတြဝင္ေနတဲ့အတြက္ ေရခ်ိဳးခြင့္ ပိတ္ထားတယ္။ ကစားကြင္း ရွိတဲ့ဖက္ရယ္၊ ေရပူကန္ရယ္၊ ေရေအးကန္ရယ္မွာ ေရျမဳပ္သြားတယ္။ ကစားကြင္းမွာေတာ့ ခါးေလာက္ထိ ျမဳပ္တယ္”ဟု လားရိႈးၿမိဳ႕ သဘာဝေရပူစမ္းကန္မွ တာဝန္ခံ ကိုေအာင္ေက်ာ္ေဌးက တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

ကားရပ္နားရာ ေနရာမ်ားႏွင့္ ေရပူစမ္းစခန္း နယ္နိမိတ္အျမင့္ပိုင္း ေနရာမ်ားတြင္ ေရဝင္ေရာက္မႈ မရွိေသာ္လည္း အနိမ့္ပိုင္းရွိ ေရပူစမ္းကန္ႏွင့္ ေရေအးကန္အပါအဝင္ ကေလးကစားကြင္းေနရာမ်ား၊ တံတားငယ္(၂)စင္းေနရာ တြင္ မိုးေရဝင္ေရာက္ျခင္းေၾကာင့္ လူႀကီးတစ္ဦးမတ္တပ္ရပ္အေနအထားတြင္ ခါးလယ္ခန္႔ ေရျမဳပ္ေနေၾကာင္း သိရသည္။

“မိုးရြာတာဆက္သြားတဲ့အတြက္ ေရမ်ားၿပီးအနိမ့္ပိုင္းေတြ ေရျမဳပ္သြားတာပါ။ ႏွစ္စဥ္ႏွစ္တိုင္းကေတာ့ ဒီလို မုိးရာသီကေန စက္တင္ဘာ၊ ေအာက္တိုဘာအထိ ဒီလိုေရဝင္တာ (၅)ႀကိမ္ေလာက္ျဖစ္တတ္တယ္။ တစ္ခါ ေရဝင္ရင္(၂)ရက္ေလာက္ပဲၾကာတယ္။ ေနာက္ႏွစ္ေတြေတာ့ အဲဒီလိုေရဝင္တာေရျမဳပ္တာကို တားဆီးႏိုင္ဖို႔ စီစဥ္ေနပါတယ္”ဟု သဘာဝေရပူစမ္းစခန္းတာဝန္ခံက ေျပာသည္။

ေဆာင္းရာသီကာလမ်ားတြင္ ေန႔စဥ္လူဦးေရရာႏွင့္ခ်ီ၍ လာေရာက္လည္ပတ္ၾကေသာ္လည္း မိုးရာသီႏွင့္ေႏြရာသီ တို႔တြင္ လူစည္ကားေလ့ မရိွေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - ကိုေပါက္စ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ သဘာဝရေပူစမ်းတွင် မိုးရေဝင်ရောက်နေသဖြင့် သြဂုတ်လ(၆)ရက်နေ့ ညပိုင်းမှစ၍ ရေပူကန်များတွင် ရေချိုးခွင့် ယာယီပိတ်ထားကြောင်း သိရသည်။

“တစ်နှစ်ကို(၅)ကြိမ်လောက် ဒီလိုပဲ ရေဝင်တယ်။ တစ်နေ့က မိုးရွာတာများတဲ့ အတွက် (၆)ရက်နေ့ညကစပြီး ရေဝင်တာ။ ဒီနှစ်အတွက် ပထမဆုံးအကြိမ် ရေဝင်တာဖြစ်ပါတယ်။ ရေချိုးခန်းမှာ ချိုးမယ့်သူတွေပဲ ချိုးလို့ရတယ်။ မြေပေါ်က ရေပူစိမ်တဲ့ကန် တွေမှာတော့ မိုးရေတွေဝင်နေတဲ့အတွက် ရေချိုးခွင့် ပိတ်ထားတယ်။ ကစားကွင်း ရှိတဲ့ဖက်ရယ်၊ ရေပူကန်ရယ်၊ ရေအေးကန်ရယ်မှာ ရမြေုပ်သွားတယ်။ ကစားကွင်းမှာတော့ ခါးလောက်ထိ မြုပ်တယ်”ဟု လားရှိုးမြို့ သဘာဝရေပူစမ်းကန်မှ တာဝန်ခံ ကိုအောင်ကျော်ဌေးက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

ကားရပ်နားရာ နေရာများနှင့် ရေပူစမ်းစခန်း နယ်နိမိတ်အမြင့်ပိုင်း နေရာများတွင် ရေဝင်ရောက်မှု မရှိသော်လည်း အနိမ့်ပိုင်းရှိ ရေပူစမ်းကန်နှင့် ရေအေးကန်အပါအဝင် ကလေးကစားကွင်းနေရာများ၊ တံတားငယ်(၂)စင်းနေရာ တွင် မိုးရေဝင်ရောက်ခြင်းကြောင့် လူကြီးတစ်ဦးမတ်တပ်ရပ်အနေအထားတွင် ခါးလယ်ခန့် ရမြေုပ်နေကြောင်း သိရသည်။

“မိုးရွာတာဆက်သွားတဲ့အတွက် ရေများပြီးအနိမ့်ပိုင်းတွေ ရမြေုပ်သွားတာပါ။ နှစ်စဉ်နှစ်တိုင်းကတော့ ဒီလို မိုးရာသီကနေ စက်တင်ဘာ၊ အောက်တိုဘာအထိ ဒီလိုရေဝင်တာ (၅)ကြိမ်လောက်ဖြစ်တတ်တယ်။ တစ်ခါ ရေဝင်ရင်(၂)ရက်လောက်ပဲကြာတယ်။ နောက်နှစ်တွေတော့ အဲဒီလိုရေဝင်တာရမြေုပ်တာကို တားဆီးနိုင်ဖို့ စီစဉ်နေပါတယ်”ဟု သဘာဝရေပူစမ်းစခန်းတာဝန်ခံက ပြောသည်။

ဆောင်းရာသီကာလများတွင် နေ့စဉ်လူဦးရေရာနှင့်ချီ၍ လာရောက်လည်ပတ်ကြသော်လည်း မိုးရာသီနှင့်နွေရာသီ တို့တွင် လူစည်ကားလေ့ မရှိကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ကိုပေါက်စ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~