တာခ်ီလိတ္ခရိုင္ ျမန္မာ့အာမခံလုပ္ငန္းတြင္ သူတစ္ပါးထိခိုက္မႈအာမခံ အမ်ားဆံုးထားရိွ

တာခ်ီလိတ္ခရိုင္ ျမန္မာ့အာမခံလုပ္ငန္းတြင္ သူတစ္ပါးထိခိုက္မႈအာမခံ အမ်ားဆံုးထားရိွ
သြဂုတ် 7, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္အတြင္း သူတစ္ပါး ထိခိုက္မႈအာမခံ ထားရိွမႈ အမ်ားဆံုး ျဖစ္ေသာ္လည္း ေဒသတြင္း အမွန္တကယ္ အသံုးျပဳေနသည့္ ေမာ္ေတာ္ယာဥ္ အေရအတြက္ထက္ မ်ားစြာ ေလ်ာ့နည္းသည့္ ပမာဏျဖစ္ေၾကာင္း ျမန္မာ့အာမခံလုပ္ငန္း တာခ်ီလိတ္ခရိုင္ရံုးမွ သိရသည္။

“သူတစ္ပါးထိခိုက္မႈ အာမခံဆိုတာ စက္တပ္ယာဥ္ေတြ လိုင္စင္လုပ္တဲ့ အခ်ိန္မွာ အာမခံ ပရီမီယံေၾကးသြင္းရတဲ့ ဟာပါ။ အာမခံလုပ္ငန္း အမ်ိဳးအစားအရ ဆိုရင္ေတာ့ ေငြေၾကးရရိွမႈ အမ်ားဆံုးပါ။ သူက စက္တပ္ယာဥ္ေတြ စီမံခ်က္လုပ္တဲ့ ႏွစ္ေတြမွာ မ်ားတတ္ပါတယ္။ တရားဝင္ မဟုတ္တဲ့ ယာဥ္ေတြကို က်ေတာ့ အာမခံက တာဝန္ယူ ေပးလို႔မရဘူး။ တရားဝင္ယာဥ္ေတြ ျဖစ္လာရင္ေတာ့ အာမခံက တာဝန္ယူေပးလို႔ ရတာေပါ့။ ဒီမွာက ေျမျပင္အေနအထားအရေတာ့ ကားေတြ အမ်ားႀကီးရိွတယ္ဆိုေတာ့ အာမခံရတဲ့ ပမာဏက နည္းတယ္လို႔ ထင္ရတာေပါ့။ တကယ့္တရားဝင္ယာဥ္က နည္းတာကိုး”ဟု ျမန္မာ့အာမခံလုပ္ငန္းမွ တာခ်ီလိတ္ခရုိင္တာ၀န္ခံ ဦးကုိကုိေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမန္မာ့အာမခံလုပ္ငန္း၏ အာမခံ အမ်ိဳးအစားေပါင္း (၄၀)ေက်ာ္အနက္ ေဒသႏွင့္ ကိုုက္ညီမႈရိွသည့္ အာမခံမ်ားအား တာခ်ီလိတ္ခရိုင္ရံုးတြင္ လုပ္ေဆာင္ေပးေနျခင္းျဖစ္ၿပီး ေဒသႏွင့္ကိုက္ညီမည့္ အာမခံ အမ်ိဳးအစားမ်ားအား ေလ့လာတင္ျပ အႀကံေပးေနေၾကာင္း သိရသည္။

“ေဒသတြင္းမွာ လိုအပ္တဲ့ အာမခံအမ်ိဳးအစားေတြ အႀကံေပးဖို႔ လုပ္ေနပါတယ္။ ပညာေရးနဲ႔ ပတ္သက္တာလား၊ က်န္းမာေရးနဲ႔ ပတ္သက္တာလားေပါ့။ ဒါေတြကို ေဒသမွာ ကြင္းဆင္းၿပီး ကိုက္ညီမယ့္ အမ်ိဳးအစားေတြ တင္ထားပါတယ္။ လက္ရိွမွာရိွေနတဲ့ အာမခံ အမ်ိဳးအစားက ေဒသနဲ႔ ကိုက္ညီမႈ မရိွတာဆိုတာ မရိွပါဘူး။ လူတုိင္းရဲ႕စိတ္ထဲမွာ ဘာလုပ္လုပ္ အာမခံထားၿပီးမွ လုပ္ရမယ္ဆိုတဲ့ အသိ ရိွေနဖို႔ပဲ လိုတာပါ”ဟု ျမန္မာ့အာမခံလုပ္ငန္းမွ တာခ်ီလိတ္ခရုိင္တာ၀န္ခံ ဦးကုိကုိေအာင္က ေျပာသည္။

လက္ရိွတြင္ တာခ်ီလိတ္ခရိုင္အတြင္း အမ်ားဆံုးထားရိွသည့္ အာမခံမွာ သူတစ္ပါးထိခိုက္မႈ အာမခံျဖစ္ၿပီး ဒုတိယ အမ်ားဆံုးမွာ အသက္အာမခံႏွင့္ တတိယအမ်ားဆံုးမွာ ခရီးသြား အာမခံျဖစ္ေၾကာင္း သိရသည္။

လူထုအေနျဖင့္ အာမခံထားရိွသည့္ အေလ့အက်င့္ အားေကာင္းလာေစရန္ အသိပညာေပးလုပ္ငန္းမ်ားကို လုပ္ေဆာင္ေနၿပီး ၾသဂုတ္လ (၆)ရက္ေန႔ကလည္း တာခ်ီလိတ္ၿမိဳ႕ရွိ ခရုိင္ျပန္ၾကားေရးႏွင့္ ျပည္သူ႔ ဆက္ဆံေရး ဦးစီးဌာန၏ Community Centre တြင္ အာမခံမ်ား အေၾကာင္း ပညာေပးေဆြးေႏြးမႈ လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

“အာမခံထားရိွတဲ့ အေလ့အထရိွလာရင္ လုပ္ငန္းေတြ လုပ္တဲ့ေနရာမွာလည္း အေလအလြင့္ ဆံုးရံႈးမႈ နည္းတာေပါ့။ အိမ္ေထာင္တစ္ခုမွာ ကိုယ့္အာမခံေပၚလစီကို ဘယ္လိုထားၾကမလဲ ဥပမာ အသက္အာမခံ ဘယ္လိုထားၾကမလဲ စသျဖင့္ ဒါမ်ိဳးေတြ လုပ္လာၾကရင္ေတာ့ ႏိုင္ငံတိုးတက္တာေပါ့”ဟု ျမန္မာ့အာမခံလုပ္ငန္းမွ တာခ်ီလိတ္ခရုိင္တာ၀န္ခံ ဦးကုိကုိေအာင္က ေျပာသည္။

ႏုိင္ငံပိုင္ အာမခံအဖြဲ႕အစည္းျဖစ္သည့္ ျမန္မာ့အာမခံလုပ္ငန္းအား ၁၉၅၂ ခုနွစ္တြင္ တည္ေထာင္ခဲ့ကာ ေပးေလ်ာ္ရန္ တာ၀န္အားလံုးအား ႏိုင္ငံေတာ္မွ တာ၀န္ယူထားျခင္းျဖစ္ၿပီး ၂၀၁၄-၂၀၁၅ ဘ႑ာေရးႏွစ္ အတြင္း ေလ်ာ္ေၾကး စုစုေပါင္း က်ပ္သန္းေပါင္း (၂၉၈၁.၆၁၂) ေပးေလ်ာ္ခဲ့ေၾကာင္း သိရသည္။

ျမန္မာ့အာမခံလုပ္ငန္းသည္ အရန္ ရန္ပုံေငြမ်ားအျဖစ္ အသက္အာမခံရန္ပံုေငြ က်ပ္သန္းေပါင္း (၁၂၁၈၃.၀၂၅)၊ အေထြေထြ အာမခံရန္ပံုေငြ က်ပ္သန္းေပါင္း (၈၂၈၅၈.၉၆၅)၊ အေထြေထြ သီးသန္႔ရန္ပံုေငြ က်ပ္သန္းေပါင္း (၆၃၅၅.၇၈၅)ႏွင့္ ႀကီးမားေသာ တစ္ဆင့္အာမခံအကာအကြယ္မ်ားလည္းထားရိွကာ မီးႏွင့္ ေရေၾကာင္း အာမခံ ပိုလြန္ဆံုးရႈံးမႈစာခ်ဳပ္မ်ား၊ စြမ္းအင္အာမခံစာခ်ဳပ္မ်ား၊ ေမာ္ေတာ္ကား စိတ္ႀကိဳက္ တာ၀န္ယူမႈစာခ်ဳပ္မ်ား ခ်ဳပ္ဆိုျခင္း၊ တစ္ဆင့္အာမခံစာခ်ဳပ္မ်ားကို ကမၻာ့ထိပ္တန္း တစ္ဆင့္ အာမခံကုမၸႀကီးမ်ားႏွင့္ ခ်ဳပ္ဆိုျခင္းမ်ားကို လုပ္ေဆာင္ေၾကာင္း သိရသည္။

အာမခံလုပ္ငန္းမ်ားကို ပုဂၢလိကကုမၸဏီမ်ားအတြက္လည္း ၂၀၁၂ ခုႏွစ္ စက္တင္ဘာလ (၅)ရက္ေန႔မွစ၍ လုပ္ကို္င္ခြင့္ျပဳထားခဲ့သည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း သူတစ်ပါး ထိခိုက်မှုအာမခံ ထားရှိမှု အများဆုံး ဖြစ်သော်လည်း ဒေသတွင်း အမှန်တကယ် အသုံးပြုနေသည့် မော်တော်ယာဉ် အရေအတွက်ထက် များစွာ လျော့နည်းသည့် ပမာဏဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်း တာချီလိတ်ခရိုင်ရုံးမှ သိရသည်။

“သူတစ်ပါးထိခိုက်မှု အာမခံဆိုတာ စက်တပ်ယာဉ်တွေ လိုင်စင်လုပ်တဲ့ အချိန်မှာ အာမခံ ပရီမီယံကြေးသွင်းရတဲ့ ဟာပါ။ အာမခံလုပ်ငန်း အမျိုးအစားအရ ဆိုရင်တော့ ငွေကြေးရရှိမှု အများဆုံးပါ။ သူက စက်တပ်ယာဉ်တွေ စီမံချက်လုပ်တဲ့ နှစ်တွေမှာ များတတ်ပါတယ်။ တရားဝင် မဟုတ်တဲ့ ယာဉ်တွေကို ကျတော့ အာမခံက တာဝန်ယူ ပေးလို့မရဘူး။ တရားဝင်ယာဉ်တွေ ဖြစ်လာရင်တော့ အာမခံက တာဝန်ယူပေးလို့ ရတာပေါ့။ ဒီမှာက မြပြေင်အနေအထားအရတော့ ကားတွေ အများကြီးရှိတယ်ဆိုတော့ အာမခံရတဲ့ ပမာဏက နည်းတယ်လို့ ထင်ရတာပေါ့။ တကယ့်တရားဝင်ယာဉ်က နည်းတာကိုး”ဟု မြန်မာ့အာမခံလုပ်ငန်းမှ တာချီလိတ်ခရိုင်တာဝန်ခံ ဦးကိုကိုအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာ့အာမခံလုပ်ငန်း၏ အာမခံ အမျိုးအစားပေါင်း (၄၀)ကျော်အနက် ဒေသနှင့် ကိုက်ညီမှုရှိသည့် အာမခံများအား တာချီလိတ်ခရိုင်ရုံးတွင် လုပ်ဆောင်ပေးနခြေင်းဖြစ်ပြီး ဒေသနှင့်ကိုက်ညီမည့် အာမခံ အမျိုးအစားများအား လေ့လာတင်ပြ အကြံပေးနေကြောင်း သိရသည်။

“ဒေသတွင်းမှာ လိုအပ်တဲ့ အာမခံအမျိုးအစားတွေ အကြံပေးဖို့ လုပ်နေပါတယ်။ ပညာရေးနဲ့ ပတ်သက်တာလား၊ ကျန်းမာရေးနဲ့ ပတ်သက်တာလားပေါ့။ ဒါတွေကို ဒေသမှာ ကွင်းဆင်းပြီး ကိုက်ညီမယ့် အမျိုးအစားတွေ တင်ထားပါတယ်။ လက်ရှိမှာရှိနေတဲ့ အာမခံ အမျိုးအစားက ဒေသနဲ့ ကိုက်ညီမှု မရှိတာဆိုတာ မရှိပါဘူး။ လူတိုင်းရဲ့စိတ်ထဲမှာ ဘာလုပ်လုပ် အာမခံထားပြီးမှ လုပ်ရမယ်ဆိုတဲ့ အသိ ရှိနေဖို့ပဲ လိုတာပါ”ဟု မြန်မာ့အာမခံလုပ်ငန်းမှ တာချီလိတ်ခရိုင်တာဝန်ခံ ဦးကိုကိုအောင်က ပြောသည်။

လက်ရှိတွင် တာချီလိတ်ခရိုင်အတွင်း အများဆုံးထားရှိသည့် အာမခံမှာ သူတစ်ပါးထိခိုက်မှု အာမခံဖြစ်ပြီး ဒုတိယ အများဆုံးမှာ အသက်အာမခံနှင့် တတိယအများဆုံးမှာ ခရီးသွား အာမခံဖြစ်ကြောင်း သိရသည်။

လူထုအနဖြေင့် အာမခံထားရှိသည့် အလေ့အကျင့် အားကောင်းလာစေရန် အသိပညာပေးလုပ်ငန်းများကို လုပ်ဆောင်နပြေီး သြဂုတ်လ (၆)ရက်နေ့ကလည်း တာချီလိတ်မြို့ရှိ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၏ Community Centre တွင် အာမခံများ အကြောင်း ပညာပေးဆွေးနွေးမှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“အာမခံထားရှိတဲ့ အလေ့အထရှိလာရင် လုပ်ငန်းတွေ လုပ်တဲ့နေရာမှာလည်း အလေအလွင့် ဆုံးရှုံးမှု နည်းတာပေါ့။ အိမ်ထောင်တစ်ခုမှာ ကိုယ့်အာမခံပေါ်လစီကို ဘယ်လိုထားကြမလဲ ဥပမာ အသက်အာမခံ ဘယ်လိုထားကြမလဲ စသဖြင့် ဒါမျိုးတွေ လုပ်လာကြရင်တော့ နိုင်ငံတိုးတက်တာပေါ့”ဟု မြန်မာ့အာမခံလုပ်ငန်းမှ တာချီလိတ်ခရိုင်တာဝန်ခံ ဦးကိုကိုအောင်က ပြောသည်။

နိုင်ငံပိုင် အာမခံအဖွဲ့အစည်းဖြစ်သည့် မြန်မာ့အာမခံလုပ်ငန်းအား ၁၉၅၂ ခုနှစ်တွင် တည်ထောင်ခဲ့ကာ ပေးလျော်ရန် တာဝန်အားလုံးအား နိုင်ငံတော်မှ တာဝန်ယူထားခြင်းဖြစ်ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အတွင်း လျော်ကြေး စုစုပေါင်း ကျပ်သန်းပေါင်း (၂၉၈၁.၆၁၂) ပေးလျော်ခဲ့ကြောင်း သိရသည်။

မြန်မာ့အာမခံလုပ်ငန်းသည် အရန် ရန်ပုံငွေများအဖြစ် အသက်အာမခံရန်ပုံငွေ ကျပ်သန်းပေါင်း (၁၂၁၈၃.ဝ၂၅)၊ အထွေထွေ အာမခံရန်ပုံငွေ ကျပ်သန်းပေါင်း (၈၂၈၅၈.၉၆၅)၊ အထွေထွေ သီးသန့်ရန်ပုံငွေ ကျပ်သန်းပေါင်း (၆၃၅၅.၇၈၅)နှင့် ကြီးမားသော တစ်ဆင့်အာမခံအကာအကွယ်များလည်းထားရှိကာ မီးနှင့် ရေကြောင်း အာမခံ ပိုလွန်ဆုံးရှုံးမှုစာချုပ်များ၊ စွမ်းအင်အာမခံစာချုပ်များ၊ မော်တော်ကား စိတ်ကြိုက် တာဝန်ယူမှုစာချုပ်များ ချုပ်ဆိုခြင်း၊ တစ်ဆင့်အာမခံစာချုပ်များကို ကမ္ဘာ့ထိပ်တန်း တစ်ဆင့် အာမခံကုမ္ပကြီးများနှင့် ချုပ်ဆိုခြင်းများကို လုပ်ဆောင်ကြောင်း သိရသည်။

အာမခံလုပ်ငန်းများကို ပုဂ္ဂလိကကုမ္ပဏီများအတွက်လည်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ (၅)ရက်နေ့မှစ၍ လုပ်ကို်င်ခွင့်ပြုထားခဲ့သည်။

သတင်း - ချယ်ရီထိုက် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~