ရခိုင္ျပည္နယ္ အၾကမ္းဖက္ေဒသရွိ ေဒသခံ တိုင္းရင္းသားျပည္သူမ်ားႏွင့္ တပ္မေတာ္သားမ်ား အပါအ၀င္ ႏိုင္ငံေတာ္၀န္ထမ္းမ်ားအား ကူညီေထာက္ပံ့ႏုိင္ေရး စုေပါင္း မတည္ေငြ က်ပ္ (၆၅) သိန္းျဖင့္ ေကာ္မတီတစ္ရပ္ကို တာခ်ီလိတ္တြင္ ဖြဲ႕စည္း

ရခိုင္ျပည္နယ္ အၾကမ္းဖက္ေဒသရွိ ေဒသခံ တိုင္းရင္းသားျပည္သူမ်ားႏွင့္ တပ္မေတာ္သားမ်ား အပါအ၀င္ ႏိုင္ငံေတာ္၀န္ထမ္းမ်ားအား ကူညီေထာက္ပံ့ႏုိင္ေရး စုေပါင္း မတည္ေငြ က်ပ္ (၆၅) သိန္းျဖင့္ ေကာ္မတီတစ္ရပ္ကို တာခ်ီလိတ္တြင္ ဖြဲ႕စည္း
သြဂုတ် 27, 2017
By Tachileik News Agency

အစြန္းေရာက္ ဘဂၤါလီ အၾကမ္းဖက္သမားမ်ားႏွင့္ ARSA တို႔ တုိက္ခုိက္ခံေနရသည့္ ရခုိင္ျပည္နယ္ အတြင္းမွ ေဒသခံ တိုင္းရင္းသား ျပည္သူမ်ား၊ ႏုိင္ငံ့ဝန္ထမ္းမ်ားႏွင့္ တပ္မေတာ္သားမ်ားအား ေထာက္ပံ့ ေပးႏိုင္ရန္ တာခ်ီလိတ္ၿမိဳ႕သူ၊ ၿမိဳ႕သားမ်ား၏ ရခိုင္ျပည္နယ္ ကူညီေထာက္ပံ့ေရးေကာ္မတီ အား ၾသဂုတ္လ (၂၇)ရက္ေန႔တြင္ မတည္အလွဴေငြ က်ပ္ (၆၅)သိန္း ျဖင့္ ဖြဲ႕စည္းလုိက္ၿပီး ၾသဂုတ္လ(၂၈)ရက္ေန႔တြင္ စတင္၍ တာခ်ီလိတ္ၿမိဳ႕ ဗယ္လင္တိုင္း ကေဖးႏွင့္အေအး စားေသာက္ဆိုင္တြင္ အလွဴခံဌာနအား ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"ဒီေကာ္မတီကေနၿပီး ရခိုင္တိုင္းရင္းသားမ်ားနဲ႔ ႏိုင္ငံေတာ္တာ၀န္ထမ္းေဆာင္ေနသူမ်ား အားလံုးအတြက္ ကူညီေပးႏိုင္ရန္ အလွဴေငြမ်ား ေကာက္ခံၿပီး ေထာက္ပံ့ေပးအပ္သြားမွာပါ။ ပါတီေတြကေန တစ္ဆင့္ မဟုတ္ဘဲ အစိုးရအဖြဲ႔ကေန တစ္ဆင့္ ဆက္သြယ္ၿပီး ေပးပို႔လွဴဒါန္းသြားဖို႔ စီစဥ္ထားပါတယ္။ ေစတနာရွင္မ်ားအေနန႔ဲလည္း နည္းမ်ားမဆို ပါ၀င္လွဴဒါန္းႏိုင္ရန္အတြက္ ဗယ္လင္တိုင္း စားေသာက္ဆိုင္မွာ ၾသဂုတ္လ(၂၈)ရက္ေန႔ကစၿပီး အလွဴခံဌာနဖြင့္လွစ္ျပီးေတာ့ လက္ခံေပးသြားဖို႔ ရွိပါတယ္။ အဲဒီမွာ လာေရာက္လွဴဒါန္းႏိုင္ပါတယ္။ လွဴမယ္ဆိုရင္ေတာ့ ေငြသားပဲ ပိုအဆင္ေျပပါတယ္။ ေထာက္ပံ့ပစၥည္းေတြကေတာ့ ပို႔ေဆာင္ရတာ အခက္အခဲ ရွိႏိုင္တဲ့အတြက္ ကြ်န္ေတာ္တို႔ ေငြသားပဲ ေကာက္ခံၿပီး ေပးပို႔ေထာက္ပံ့သြားမွာပါ"ဟု တာခ်ီလိတ္ၿမိဳ႕သူ၊ ၿမိဳ႕သားမ်ား၏ ရခိုင္ျပည္နယ္ ကူညီေထာက္ပံ့ေရး ေကာ္မတီ ဥကၠဌ ဦးေအာင္ၿဖဳိးရွိန္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဖြဲ႕ဝင္(၂၁)ဦးပါဝင္သည့္ အဆိုပါေကာ္မတီအား တာခ်ီလိတ္ၿမိဳ႕မွ ေစတနာရွင္မ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ားက ၾသဂုတ္လ(၂၇)ရက္ေန႔ ေန႔လယ္(၁)နာရီ အခ်ိန္တြင္ တာခ်ီလိတ္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရံုးရွိ အစည္းအေ၀းခန္းမတြင္ ေတြ႕ဆံု၍ ဖြဲ႕စည္းလုိက္ျခင္းျဖစ္ၿပီး အစည္းအေ၀းသို႔ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္၊ တာခ်ီလိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးသန္းႏု ႏွင့္ တာခ်ီလိတ္အေျခခ် အဖြဲ႔အစည္းမ်ား၊ လူမႈေရး အသင္းအဖြဲ႔မ်ား တက္ေရာက္ၾကသည္။

အဆိုပါေကာ္မတီတြင္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ႏွင့္ ဦးျမင့္ဦး(မုတ္ဆိတ္)တို႔က နာယကအျဖစ္ တာ၀န္ယူၿပီး ဥကၠဌအျဖစ္ ဦးေအာင္ၿဖဳိးရွိန္၊အတြင္းေရးမွဴးအျဖစ္ တာခ်ီလိတ္ၿမိဳ႕နယ္ ရခိုင္စာေပႏွင့္ ယဥ္ေက်းမႈအသင္း ဥကၠဌ ဦးေစာထြန္းဦးတို႔က တာဝန္ယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏႈိင္းေရး ေကာ္မတီ (CNCMC)မွ နာယကမ်ားႏွင့္ ေကာ္မတီ၀င္မ်ားကလည္း က်ပ္(၉)သိန္းတန္ဖိုးရွိ ငါးပိေၾကာ္ထုပ္ (၁၀၀၀)အား ေဒသအုပ္ခ်ဳပ္ေရးအႀကီးအကဲမ်ားျဖင့္ ခ်ိတ္ဆက္လွဴဒါန္းခဲ့ၿပီးေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕သူ၊ ၿမိဳ႕သားမ်ား၏ ရခိုင္ျပည္နယ္ ကူညီေထာက္ပံ့ေရး ေကာ္မတီဖြဲ႕စည္းရန္ စုေပါင္း မတည္လွဴဒါန္းေငြမ်ားကို တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္က က်ပ္(၄)သိန္း၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးသန္းႏုက က်ပ္(၃)သိန္း၊ ဦးျမင့္ဦး(မုတ္ဆိတ္)(MOA Group) + ေဒၚနန္းေသာင္း မိသားစုမွ က်ပ္(၃)သိန္း၊ တာခ်ီလိတ္ၿမိဳ႕နယ္ ရခိုင္စာေပႏွင့္ ယဥ္ေက်းမႈအသင္းမွ က်ပ္သိန္း(၂၀)၊ ေရႊမဟာ ကိုယ္ပိုင္အထက္တန္းေက်ာင္းမွ က်ပ္(၁၀)သိန္း၊ ဦးတင္ႏြယ္ + ေဒၚနန္းခမ္းေအာင္ (စိုင္းေလာင္ဟိန္းသတၱဳတူးေဖာ္ေရးကုမၸဏီ) မိသားစုမွ က်ပ္(၅)သိန္း၊ မဇၥ်ိမလူမႈကူညီေရးအသင္းမွ က်ပ္(၅)သိန္း၊ အလင္းေရာင္ပရဟိတအသင္းမွ က်ပ္(၅)သိန္း၊ တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ က်ပ္(၃)သိန္း၊ ဗယ္လင္တိုင္း ႏွင့္ ႏိုင္းႏိုင္း ကေဖး ႏွင့္ အေအး (စားေသာက္ဆိုင္) မိသားစုမွ က်ပ္(၅)သိန္း အပါအ၀င္ အလွဴခံဌာန ဖြင့္လွစ္ႏိုင္ရန္အတြက္ ေနရာအား စီစဥ္ေပးမည္ ျဖစ္ၿပီး အလွဴခံဌာနဖြင့္လွစ္ေနစဥ္အတြင္း ေကာ္မတီ၀င္မ်ားအား ဧည့္ခံေကြ်းေမြးျခင္းျဖင့္ ဒါနျပဳမည္ျဖစ္ေၾကာင္းႏွင့္ ဆက္လက္၍ တာခ်ီလိတ္ၿမိဳ႕နယ္ ဗမာတိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႕မွ က်ပ္(၁)သိန္း ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္ဂီတအစည္းအရံုးမွ က်ပ္(၁)သိန္း စုစုေပါင္း မတည္အလွဴေငြ က်ပ္(၆၅)သိန္း ထည့္ဝင္ၾကေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕သူ၊ ၿမိဳ႕သားမ်ား၏ ရခိုင္ျပည္နယ္ ကူညီေထာက္ပံ့ေရးေကာ္မတီမွ အလွဴခံဌာနအား တာခ်ီလိတ္ၿမိဳ႕ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမေဘးႏွင့္ ဘုရင့္ေနာင္ရင္ျပင္ေရွ႕ရွိ ဗယ္လင္တိုင္း ကေဖးႏွင့္အေအး(စားေသာက္ဆိုင္)တြင္ ၾသဂုတ္လ(၂၈)ရက္ေန႔ နံံနက္(၈)နာရီက စတင္၍ ဖြင့္လွစ္ လက္ခံသြားမည္ျဖစ္ၿပီး ေထာက္ပံ့ပစၥည္းမ်ားထက္ အလွဴေငြအား အဓိကလွဴဒါန္းၾကေစလိုေၾကာင္း ေကာ္မတီက တုိက္တြန္းထားသည္။

ရခုိင္ျပည္နယ္ ေမာင္ေတာေဒသတြင္ ၾသဂုတ္လ (၂၅)ရက္ေန႔မွစ၍ အစြန္းေရာက္ ဘဂၤါလီ အၾကမ္းဖက္ သမားမ်ားႏွင့္ ARSA တို႔က ဝင္ေရာက္တုိက္ခိုက္မႈေၾကာင့္ အဆိုပါေဒသရိွ ဝန္ထမ္းမ်ားႏွင့္ မိသားစုဝင္မ်ား၊ ေဒသခံေက်းရြာသားမ်ားမွာ ေဘးလြတ္ရာသို႔ ေရႊ႕ေျပာင္းေနၾကရျခင္း ျဖစ္သည္။

ရခိုင္ျပည္နယ္ ေမာင္ေတာေဒသတြင္ ၾသဂုတ္လ (၂၈)ရက္ေန႔အထိ အစြန္းေရာက္ဘဂၤါလီ အၾကမ္းဖက္သမားမ်ားသည္ လက္လုပ္မိုင္းမ်ား တြင္က်ယ္စြာအသံုးျပဳျခင္း၊ ဘက္ထရီျဖင့္ ေရွာ့ခ္တုိက္ပစ္ခတ္သည့္ ဗုံးပစ္ေလာင္ခ်ာ ကဲ့သုိ႔ေသာ လက္နက္မ်ားျဖင့္ အၾကမ္းဖက္တုိက္ခိုက္ျခင္း၊ တုတ္၊ ဓား၊ ေသနတ္လက္နက္မ်ား ကိုင္ေဆာင္ထားေသာလူအုပ္စုျဖင့္ ေဒသခံ တုိင္းရင္းသားအနည္းစု ေနထိုင္ရာေနရာမ်ားကုိ ၀ုိင္းပတ္ ပိတ္ဆုိ႔ျခင္းမ်ား ျပဳလုပ္လ်က္ရွိသျဖင့္ လံုျခံဳေရးတပ္ဖြဲ႕၀င္မ်ားက လႈပ္ရွားရွင္းလင္းျခင္းမ်ား ေဆာင္ရြက္ေနရဆဲျဖစ္ေၾကာင္း သိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများနှင့် ARSA တို့ တိုက်ခိုက်ခံနေရသည့် ရခိုင်ပြည်နယ် အတွင်းမှ ဒေသခံ တိုင်းရင်းသား ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော်သားများအား ထောက်ပံ့ ပေးနိုင်ရန် တာချီလိတ်မြို့သူ၊ မြို့သားများ၏ ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေးကော်မတီ အား သြဂုတ်လ (၂၇)ရက်နေ့တွင် မတည်အလှူငွေ ကျပ် (၆၅)သိန်း ဖြင့် ဖွဲ့စည်းလိုက်ပြီး သြဂုတ်လ(၂၈)ရက်နေ့တွင် စတင်၍ တာချီလိတ်မြို့ ဗယ်လင်တိုင်း ကဖေးနှင့်အအေး စားသောက်ဆိုင်တွင် အလှူခံဌာနအား ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

"ဒီကော်မတီကနပြေီး ရခိုင်တိုင်းရင်းသားများနဲ့ နိုင်ငံတော်တာဝန်ထမ်းဆောင်နေသူများ အားလုံးအတွက် ကူညီပေးနိုင်ရန် အလှူငွေများ ကောက်ခံပြီး ထောက်ပံ့ပေးအပ်သွားမှာပါ။ ပါတီတွေကနေ တစ်ဆင့် မဟုတ်ဘဲ အစိုးရအဖွဲ့ကနေ တစ်ဆင့် ဆက်သွယ်ပြီး ပေးပို့လှူဒါန်းသွားဖို့ စီစဉ်ထားပါတယ်။ စေတနာရှင်များအနေနဲ့လည်း နည်းများမဆို ပါဝင်လှူဒါန်းနိုင်ရန်အတွက် ဗယ်လင်တိုင်း စားသောက်ဆိုင်မှာ သြဂုတ်လ(၂၈)ရက်နေ့ကစပြီး အလှူခံဌာနဖွင့်လှစ်ပြီးတော့ လက်ခံပေးသွားဖို့ ရှိပါတယ်။ အဲဒီမှာ လာရောက်လှူဒါန်းနိုင်ပါတယ်။ လှူမယ်ဆိုရင်တော့ ငွေသားပဲ ပိုအဆင်ပြေပါတယ်။ ထောက်ပံ့ပစ္စည်းတွေကတော့ ပို့ဆောင်ရတာ အခက်အခဲ ရှိနိုင်တဲ့အတွက် ကျွန်တော်တို့ ငွေသားပဲ ကောက်ခံပြီး ပေးပို့ထောက်ပံ့သွားမှာပါ"ဟု တာချီလိတ်မြို့သူ၊ မြို့သားများ၏ ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေး ကော်မတီ ဥက္ကဌ ဦးအောင်ဖြိုးရှိန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဖွဲ့ဝင်(၂၁)ဦးပါဝင်သည့် အဆိုပါကော်မတီအား တာချီလိတ်မြို့မှ စေတနာရှင်များ၊ လူမှုရေးအသင်းအဖွဲ့များက သြဂုတ်လ(၂၇)ရက်နေ့ နေ့လယ်(၁)နာရီ အချိန်တွင် တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအေဝးခန်းမတွင် တွေ့ဆုံ၍ ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး အစည်းအေဝးသို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု နှင့် တာချီလိတ်အခြေချ အဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ကြသည်။

အဆိုပါကော်မတီတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် ဦးမြင့်ဦး(မုတ်ဆိတ်)တို့က နာယကအဖြစ် တာဝန်ယူပြီး ဥက္ကဌအဖြစ် ဦးအောင်ဖြိုးရှိန်၊အတွင်းရေးမှူးအဖြစ် တာချီလိတ်မြို့နယ် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဌ ဦးစောထွန်းဦးတို့က တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ (CNCMC)မှ နာယကများနှင့် ကော်မတီဝင်များကလည်း ကျပ်(၉)သိန်းတန်ဖိုးရှိ ငါးပိကြော်ထုပ် (၁၀၀၀)အား ဒေသအုပ်ချုပ်ရေးအကြီးအကဲများဖြင့် ချိတ်ဆက်လှူဒါန်းခဲ့ပြီးကြောင်း သိရသည်။

တာချီလိတ်မြို့သူ၊ မြို့သားများ၏ ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေး ကော်မတီဖွဲ့စည်းရန် စုပေါင်း မတည်လှူဒါန်းငွေများကို တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က ကျပ်(၄)သိန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနုက ကျပ်(၃)သိန်း၊ ဦးမြင့်ဦး(မုတ်ဆိတ်)(MOA Group) + ဒေါ်နန်းသောင်း မိသားစုမှ ကျပ်(၃)သိန်း၊ တာချီလိတ်မြို့နယ် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်းမှ ကျပ်သိန်း(၂၀)၊ ရွှေမဟာ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျပ်(၁၀)သိန်း၊ ဦးတင်နွယ် + ဒေါ်နန်းခမ်းအောင် (စိုင်းလောင်ဟိန်းသတ္တုတူးဖော်ရေးကုမ္ပဏီ) မိသားစုမှ ကျပ်(၅)သိန်း၊ မဇ္ဈိမလူမှုကူညီရေးအသင်းမှ ကျပ်(၅)သိန်း၊ အလင်းရောင်ပရဟိတအသင်းမှ ကျပ်(၅)သိန်း၊ တာချီလိတ်နာရေးကူညီမှုအသင်းမှ ကျပ်(၃)သိန်း၊ ဗယ်လင်တိုင်း နှင့် နိုင်းနိုင်း ကဖေး နှင့် အအေး (စားသောက်ဆိုင်) မိသားစုမှ ကျပ်(၅)သိန်း အပါအဝင် အလှူခံဌာန ဖွင့်လှစ်နိုင်ရန်အတွက် နေရာအား စီစဉ်ပေးမည် ဖြစ်ပြီး အလှူခံဌာနဖွင့်လှစ်နေစဉ်အတွင်း ကော်မတီဝင်များအား ဧည့်ခံကျွေးမွေးခြင်းဖြင့် ဒါနပြုမည်ဖြစ်ကြောင်းနှင့် ဆက်လက်၍ တာချီလိတ်မြို့နယ် ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့မှ ကျပ်(၁)သိန်း နှင့် တာချီလိတ်မြို့နယ်ဂီတအစည်းအရုံးမှ ကျပ်(၁)သိန်း စုစုပေါင်း မတည်အလှူငွေ ကျပ်(၆၅)သိန်း ထည့်ဝင်ကြကြောင်း သိရသည်။

တာချီလိတ်မြို့သူ၊ မြို့သားများ၏ ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေးကော်မတီမှ အလှူခံဌာနအား တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမဘေးနှင့် ဘုရင့်နောင်ရင်ပြင်ရှေ့ရှိ ဗယ်လင်တိုင်း ကဖေးနှင့်အအေး(စားသောက်ဆိုင်)တွင် သြဂုတ်လ(၂၈)ရက်နေ့ နံနက်(၈)နာရီက စတင်၍ ဖွင့်လှစ် လက်ခံသွားမည်ဖြစ်ပြီး ထောက်ပံ့ပစ္စည်းများထက် အလှူငွေအား အဓိကလှူဒါန်းကြစေလိုကြောင်း ကော်မတီက တိုက်တွန်းထားသည်။

ရခိုင်ပြည်နယ် မောင်တောဒေသတွင် သြဂုတ်လ (၂၅)ရက်နေ့မှစ၍ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားများနှင့် ARSA တို့က ဝင်ရောက်တိုက်ခိုက်မှုကြောင့် အဆိုပါဒေသရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ဒေသခံကျေးရွာသားများမှာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနကြေရခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် မောင်တောဒေသတွင် သြဂုတ်လ (၂၈)ရက်နေ့အထိ အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများသည် လက်လုပ်မိုင်းများ တွင်ကျယ်စွာအသုံးပြုခြင်း၊ ဘက်ထရီဖြင့် ရှော့ခ်တိုက်ပစ်ခတ်သည့် ဗုံးပစ်လောင်ချာ ကဲ့သို့သော လက်နက်များဖြင့် အကြမ်းဖက်တိုက်ခိုက်ခြင်း၊ တုတ်၊ ဓား၊ သေနတ်လက်နက်များ ကိုင်ဆောင်ထားသောလူအုပ်စုဖြင့် ဒေသခံ တိုင်းရင်းသားအနည်းစု နေထိုင်ရာနေရာများကို ဝိုင်းပတ် ပိတ်ဆို့ခြင်းများ ပြုလုပ်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လှုပ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်နေရဆဲဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~