ရခိုင္ျပည္နယ္တြင္ ဘဂၤါလီအၾကမ္းဖက္သမားမ်ားေၾကာင့္ က်ဆံုးသြားသည့္ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ဝင္မ်ား၏ မိသားစုမ်ားသို႔ တာခ်ီလိတ္မွ ေစတနာရွင္မ်ားက အလွဴေငြမ်ား ေပးအပ္

ရခိုင္ျပည္နယ္တြင္ ဘဂၤါလီအၾကမ္းဖက္သမားမ်ားေၾကာင့္ က်ဆံုးသြားသည့္ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ဝင္မ်ား၏ မိသားစုမ်ားသို႔ တာခ်ီလိတ္မွ ေစတနာရွင္မ်ားက အလွဴေငြမ်ား ေပးအပ္
သြဂုတ် 29, 2017
By Tachileik News Agency

ရခိုင္ျပည္နယ္(ေျမာက္ပိုင္း)တြင္ ဘဂၤါလီ အၾကမ္းဖက္သမားမ်ားႏွင့္ ARSA တို႔၏ တုိက္ခုိက္မႈေၾကာင့္ တုိင္းျပည့္တာဝန္ ထမ္းေဆာင္ရင္း အသက္ေပးလွဴသြားၾကသည့္ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ဝင္မ်ား၏ မိသားစုမ်ားသို႔ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕မွ ေစတနာရွင္မ်ားက ေပးအပ္သည့္ အလွဴေငြမ်ားအား တပ္ဖြဲ႕ဝင္မ်ား၏ မိသားစုမ်ားထံ လက္ဝယ္ေရာက္ေရး တာခ်ီလိတ္ခရို္င္ ရဲတပ္ဖြဲ႕က ေဆာင္ရြက္ေပးေနေၾကာင္း သိရသည္။

“အဲဒီမွာ တပ္ဖြဲ႕ဝင္ေတြ (၁၀)ဦးက်သြားတယ္။ က်န္ရစ္သူ မိသားစုေတြအတြက္ ေစတနာရွင္ ျပည္သူေတြက ကူညီေပးမႈေတြကို က်ဆံုးတပ္ဖြဲ႕ဝင္ေတြရဲ႕ မိသားစုေတြဆီ လက္ဝယ္အေရာက္ ေပးပို႔ႏုိင္ေအာင္ ဆက္လက္ေဆာင္ရြက္ေနပါတယ္။ လတ္တေလာေတာ့ ရဲခ်ဳပ္သြားတဲ့ခရီးစဥ္ကတစ္ဆင့္ ဒီမိသားစုေတြဆီကို ကၽြန္ေတာ္တို႔ဖက္က (၁၀)သိန္းပို႔ထားေပးၿပီး ျဖစ္ပါတယ္” ဟု တာခ်ီလိတ္ခ႐ိုင္ ရဲတပ္ဖြဲ႕မွဴး ဒုတိယရဲမွဴးႀကီး ထိန္ဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕မွ ေဒသခံမ်ားသည္ ရခိုင္ျပည္နယ္(ေျမာက္ပိုင္း) ပဋိပကၡအတြင္းမွ ေဒသခံ ျပည္သူမ်ား အတြက္ အလွဴေငြမ်ား ေပးပို႔ႏုိင္ေရးေဆာင္ရြက္ေနသည့္အျပင္ ရခုိင္ျပည္နယ္(ေျမာက္ပုိင္း)၌ တုိင္းျပည့္ တာဝန္ထမ္းေဆာင္စဥ္ အသက္ေပးလႉသြားခဲ့ၾကသည့္ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႔ဝင္မ်ား၏ မိသားစုမ်ား အတြက္လည္း ၿမိဳ႕မိၿမိဳ႕ဖ ေစတနာ႐ွင္(၃)ဦးက အလႉေငြက်ပ္(၂၅)သိန္းအား တာခ်ီလိတ္ခ႐ုိင္ ရဲတပ္ဖြဲ႔မႉး ဒုတိယ႐ဲမႉးႀကီး ထိန္ဝင္းထံသုိ႔ ၾသဂုတ္လ (၂၈)ရက္ေန႔တြင္ ေပးအပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

က်ဆံုးသြားသည့္ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ဝင္မ်ားအတြက္ ဟုိတယ္တာခ်ီလိတ္ႏွင့္ ဘုရင့္ေနာင္ ပုဂၢလိေစ်းပိုင္ရွင္ ဦးထြန္းေနဦး + ေဒၚခင္ခင္ခ်ဳိ(မိသားစု)က ေငြက်ပ္(၁၀)သိန္း၊ 1G1 7 ဟုိတယ္ မွ ဦးေအာင္ႏုိင္ +ေဒၚနန္းက်န္ခမ္း(မိသားစု)က ေငြက်ပ္(၁၀)သိန္းႏွင့္ ျမင့္ဦးေအာင္ သတၱဳတူးေဖာ္ေရးကုမၸဏီမွ ဦးျမင့္ဦး(မုတ္ဆိတ္) + ေဒၚနန္းေသာင္း (မိသားစု)က ေငြက်ပ္(၅)သိန္းတို႔အား ေပးလွဴခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဓာတ္ပံု - ST


~~~~~~~~⊰❂ unicode ~~~~~~~~

ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် ဘင်္ဂါလီ အကြမ်းဖက်သမားများနှင့် ARSA တို့၏ တိုက်ခိုက်မှုကြောင့် တိုင်းပြည့်တာဝန် ထမ်းဆောင်ရင်း အသက်ပေးလှူသွားကြသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုများသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ စေတနာရှင်များက ပေးအပ်သည့် အလှူငွေများအား တပ်ဖွဲ့ဝင်များ၏ မိသားစုများထံ လက်ဝယ်ရောက်ရေး တာချီလိတ်ခရို်င် ရဲတပ်ဖွဲ့က ဆောင်ရွက်ပေးနေကြောင်း သိရသည်။

“အဲဒီမှာ တပ်ဖွဲ့ဝင်တွေ (၁၀)ဦးကျသွားတယ်။ ကျန်ရစ်သူ မိသားစုတွေအတွက် စေတနာရှင် ပြည်သူတွေက ကူညီပေးမှုတွေကို ကျဆုံးတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေဆီ လက်ဝယ်အရောက် ပေးပို့နိုင်အောင် ဆက်လက်ဆောင်ရွက်နေပါတယ်။ လတ်တလောတော့ ရဲချုပ်သွားတဲ့ခရီးစဉ်ကတစ်ဆင့် ဒီမိသားစုတွေဆီကို ကျွန်တော်တို့ဖက်က (၁၀)သိန်းပို့ထားပေးပြီး ဖြစ်ပါတယ်” ဟု တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထိန်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့မှ ဒေသခံများသည် ရခိုင်ပြည်နယ်(မြောက်ပိုင်း) ပဋိပက္ခအတွင်းမှ ဒေသခံ ပြည်သူများ အတွက် အလှူငွေများ ပေးပို့နိုင်ရေးဆောင်ရွက်နေသည့်အပြင် ရခိုင်ပြည်နယ်(မြောက်ပိုင်း)၌ တိုင်းပြည့် တာဝန်ထမ်းဆောင်စဉ် အသက်ပေးလှူသွားခဲ့ကြသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုများ အတွက်လည်း မြို့မိမြို့ဖ စေတနာရှင်(၃)ဦးက အလှူငွေကျပ်(၂၅)သိန်းအား တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထိန်ဝင်းထံသို့ သြဂုတ်လ (၂၈)ရက်နေ့တွင် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျဆုံးသွားသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များအတွက် ဟိုတယ်တာချီလိတ်နှင့် ဘုရင့်နောင် ပုဂ္ဂလိဈေးပိုင်ရှင် ဦးထွန်းနေဦး + ဒေါ်ခင်ခင်ချို(မိသားစု)က ငွေကျပ်(၁၀)သိန်း၊ 1G1 7 ဟိုတယ် မှ ဦးအောင်နိုင် +ဒေါ်နန်းကျန်ခမ်း(မိသားစု)က ငွေကျပ်(၁၀)သိန်းနှင့် မြင့်ဦးအောင် သတ္တုတူးဖော်ရေးကုမ္ပဏီမှ ဦးမြင့်ဦး(မုတ်ဆိတ်) + ဒေါ်နန်းသောင်း (မိသားစု)က ငွေကျပ်(၅)သိန်းတို့အား ပေးလှူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ST 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~