အမုန္းစကားမ်ားျဖန္႔ေဝျခင္း စိန္ေခၚမႈအသစ္ႏွင့္ ႀကံဳေနရေၾကာင္း အမ်ိဳးသားလံုၿခံဳေရးဆိုင္ရာ အႀကံေပးပုဂၢိဳလ္ ေျပာၾကား

အမုန္းစကားမ်ားျဖန္႔ေဝျခင္း စိန္ေခၚမႈအသစ္ႏွင့္ ႀကံဳေနရေၾကာင္း အမ်ိဳးသားလံုၿခံဳေရးဆိုင္ရာ အႀကံေပးပုဂၢိဳလ္ ေျပာၾကား
သြဂုတ် 5, 2017
By Tachileik News Agency

အမုန္းစကားမ်ား အင္တာနက္ကြန္ရက္မွ က်ယ္ျပန္႔စြာ ျဖန္႔ထုတ္ေနျခင္းေၾကာင့္ တည္ၿငိမ္ေအးခ်မ္းမႈႏွင့္ သင့္ျမတ္ သဟဇာတျဖစ္မႈကို ပ်က္စီးကာ ပဋိပကၡကို ျဖစ္ေပၚေစျခင္းသည္ စိန္ေခၚမႈအသစ္ျဖစ္ေနေၾကာင္း အမ်ိဳးသားလုံၿခဳံေရးဆိုင္ရာ အႀကံေပးပုဂၢိဳလ္ ဦးေသာင္းထြန္းက ၾသဂုတ္လ (၅)ရက္ေန႔တြင္ ေျပာၾကားလုိက္သည္။

ကမၻာ့ႏိုင္ငံအသီးသီးမွ ဘာသာေရးေခါင္းေဆာင္မ်ားႏွင့္ ပညာရွင္မ်ားပါ၀င္သည့္ ၿငိမ္းခ်မ္းေရး၊ ညီညြတ္ေရးႏွင့္ လံုၿခံဳေရးဆိုင္ရာဘာသာေပါင္းစံုညီလာခံ (Interfaith Dialogue for Peace, Harmony and Security)ကို ရန္ကုန္ၿမိဳ႕ရိွ သီတဂူအျပည္ျပည္ဆိုင္ရာဗုဒၶတကၠသိုလ္၌ ၾသဂုတ္လ (၅) ရက္ေန႔မွ (၆) ရက္ေန႔အထိက်င္းပေနရာ အမ်ိဳးသားလုံၿခဳံေရးဆိုင္ရာ အႀကံေပးပုဂၢိဳလ္ ဦးေသာင္းထြန္း တက္ေရာက္ ေဆြးေႏြးေနျခင္းျဖစ္ၿပီး ၾသဂုတ္လ (၅)ရက္ေန႔ေဆြးေႏြးမႈတြင္ ယင္းကဲ့သို႔ ထည့္သြင္းေဆြးေႏြးသြားျခင္း ျဖစ္ေၾကာင္း ႏိုင္ငံေတာ္အတုိင္ပင္ခံရံုး၊ သတင္းထုတ္ျပန္ေရးေကာ္မတီ၏ ေဖာ္ျပခ်က္တြင္ ပါရိွသည္။

“ဖြဲ႕စည္းပုံအ‌ေျခခံဥပေဒတြင္ ႏိုင္ငံသားတိုင္းသည္ ဘာသာသာသနာေရးတြင္ လြတ္လပ္စြာ ယူဆႏိုင္ေသာ အခြင့္အေရး၊ လြတ္လပ္စြာ ကိုးကြယ္ ေဆာက္တည္ႏိုင္ေသာ အခြင့္အေရးကို အညီအမၽွရရွိေစရမည္ဟု အတိအလင္း ျပဌာန္းထားေၾကာင္း၊ ဘာသာတရားလြတ္လပ္မႈကို ထိန္းသိမ္းေဖာ္ေဆာင္ေပးရန္ ဆုံးျဖတ္ခ်က္ ရွိထားသကဲ့သို႔ တစ္ဖက္၌လည္း ဆင္းရဲဒုကၡကင္းေဝးေစေရးအတြက္ ၿငိမ္းခ်မ္းေရးကို တည္ေဆာက္ရန္ ဆုံးျဖတ္ခ်က္ အခိုင္အမာရွိထားပါေၾကာင္း၊ ေန႔စဥ္ႏွင့္အမၽွ အစြန္းေရာက္ အၾကမ္းဖက္မႈ မ်ားကို တြန္းလွန္ တိုက္ခိုက္ေနေၾကာင္း၊ အမုန္းတရားမ်ား ျဖစ္ေပၚပြားမ်ားေစမည့္ မဟုတ္မမွန္ လိမ္လည္ လုပ္ဇာတ္မ်ားကိုလည္း ရင္ဆိုင္‌ေျဖရွင္းေနရေၾကာင္း၊ ထိုလိမ္လည္ဇာတ္လမ္းမ်ားသည္ ျပည္တြင္း၊ ျပည္ပ မည္သည့္ေနရာက ထြက္ရွိလာသည္ျဖစ္ေစ ဆိုးဝါးသည့္ ျပႆနာကို ျဖစ္ေပၚေစေၾကာင္း၊ သို႔ျဖစ္၍ အေရာင္စုံ၊ အလႊာစုံေသာ လူ႕ေဘာင္အဖြဲ႕အစည္းအတြင္း မရွိအပ္သည့္အရာျဖစ္ေၾကာင္း” အမ်ိဳးသားလုံၿခဳံေရးဆိုင္ရာအႀကံေပးပုဂၢိဳလ္ ဦးေသာင္းထြန္း၏ ေဆြးေႏြးမႈတြင္ ထည့္သြင္း ေျပာၾကားသြားေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံအေနျဖင့္ အစြန္းေရာက္အၾကမ္းဖက္မႈမ်ားကို ဆန္႔က်င္ၿပီး ႏိုင္ငံအတြင္း လြတ္လပ္စြာ ကိုးကြယ္မႈကိုလည္း အေလးထား ေဖာ္ေဆာင္လ်က္ရွိေၾကာင္း ၎၏ ေဆြးေႏြးမႈတြင္ ထည့္သြင္း ေျပာၾကားသြားသည္။

ျပည္တြင္းျပည္ပအႏၱရာယ္မ်ားႏွင့္ စပ္လ်ဥ္း၍ ႏုိင္ငံေတာ္သမၼတႏွင့္ ျပည္ေထာင္စုအစိုးရအဖြဲ႔အား မဟာဗ်ဴဟာရႈေထာင့္မွ ေလ့လာသံုးသပ္အႀကံျပဳႏုိင္ေရးအတြက္ ျပည္ေထာင္စုအစိုးရအဖြဲ႕၏ အမ်ိဳးသားလံုၿခံဳေရးဆုိင္ရာ အႀကံေပးပုဂၢိဳလ္ရာထူးကို ျပည္ေထာင္စုဝန္ႀကီးအဆင့္သတ္မွတ္၍ ခန္႔အပ္တာဝန္ေပးရန္ ျပည္ေထာင္စုအစိုးရအဖြဲ႕အစည္းအေဝး အမွတ္စဥ္ (၁၈/၂၀၁၆)က သေဘာတူ ဆံုးျဖတ္ခ်က္အရ ျပည္ေထာင္စုအစိုးရအဖြဲ႕၏ အမ်ိဳးသားလံုၿခံဳေရးဆိုင္ရာ အႀကံေပးပုဂၢိဳလ္အျဖစ္ ဦးေသာင္းထြန္းအား ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလ (၁၀)ရက္ေန႔က ခန္႔အပ္တာဝန္ေပးအပ္ထားျခင္းျဖစ္သည္။

ဓာတ္ပံု -  State Counsellor Office Information Committee


~~~~~~~~⊰❂ unicode ~~~~~~~~

အမုန်းစကားများ အင်တာနက်ကွန်ရက်မှ ကျယ်ပြန့်စွာ ဖြန့်ထုတ်နခြေင်းကြောင့် တည်ငြိမ်အေးချမ်းမှုနှင့် သင့်မြတ် သဟဇာတဖြစ်မှုကို ပျက်စီးကာ ပဋိပက္ခကို ဖြစ်ပေါ်စခြေင်းသည် စိန်ခေါ်မှုအသစ်ဖြစ်နေကြောင်း အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက သြဂုတ်လ (၅)ရက်နေ့တွင် ပြောကြားလိုက်သည်။

ကမ္ဘာ့နိုင်ငံအသီးသီးမှ ဘာသာရေးခေါင်းဆောင်များနှင့် ပညာရှင်များပါဝင်သည့် ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် လုံခြုံရေးဆိုင်ရာဘာသာပေါင်းစုံညီလာခံ (Interfaith Dialogue for Peace, Harmony and Security)ကို ရန်ကုန်မြို့ရှိ သီတဂူအပြည်ပြည်ဆိုင်ရာဗုဒ္ဓတက္ကသိုလ်၌ သြဂုတ်လ (၅) ရက်နေ့မှ (၆) ရက်နေ့အထိကျင်းပနေရာ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း တက်ရောက် ဆွေးနွေးနခြေင်းဖြစ်ပြီး သြဂုတ်လ (၅)ရက်နေ့ဆွေးနွေးမှုတွင် ယင်းကဲ့သို့ ထည့်သွင်းဆွေးနွေးသွားခြင်း ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး၊ သတင်းထုတ်ပြန်ရေးကော်မတီ၏ ဖော်ပြချက်တွင် ပါရှိသည်။

“ဖွဲ့စည်းပုံအ‌ခြေခံဥပဒေတွင် နိုင်ငံသားတိုင်းသည် ဘာသာသာသနာရေးတွင် လွတ်လပ်စွာ ယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာ ကိုးကွယ် ဆောက်တည်နိုင်သော အခွင့်အရေးကို အညီအမျှရရှိစေရမည်ဟု အတိအလင်း ပြဌာန်းထားကြောင်း၊ ဘာသာတရားလွတ်လပ်မှုကို ထိန်းသိမ်းဖော်ဆောင်ပေးရန် ဆုံးဖြတ်ချက် ရှိထားသကဲ့သို့ တစ်ဖက်၌လည်း ဆင်းရဲဒုက္ခကင်းဝေးစေရေးအတွက် ငြိမ်းချမ်းရေးကို တည်ဆောက်ရန် ဆုံးဖြတ်ချက် အခိုင်အမာရှိထားပါကြောင်း၊ နေ့စဉ်နှင့်အမျှ အစွန်းရောက် အကြမ်းဖက်မှု များကို တွန်းလှန် တိုက်ခိုက်နေကြောင်း၊ အမုန်းတရားများ ဖြစ်ပေါ်ပွားများစေမည့် မဟုတ်မမှန် လိမ်လည် လုပ်ဇာတ်များကိုလည်း ရင်ဆိုင်‌ဖြေရှင်းနေရကြောင်း၊ ထိုလိမ်လည်ဇာတ်လမ်းများသည် ပြည်တွင်း၊ ပြည်ပ မည်သည့်နေရာက ထွက်ရှိလာသည်ဖြစ်စေ ဆိုးဝါးသည့် ပြဿနာကို ဖြစ်ပေါ်စေကြောင်း၊ သို့ဖြစ်၍ အရောင်စုံ၊ အလွှာစုံသော လူ့ဘောင်အဖွဲ့အစည်းအတွင်း မရှိအပ်သည့်အရာဖြစ်ကြောင်း” အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၏ ဆွေးနွေးမှုတွင် ထည့်သွင်း ပြောကြားသွားကြောင်း သိရသည်။

မြန်မာနိုင်ငံအနဖြေင့် အစွန်းရောက်အကြမ်းဖက်မှုများကို ဆန့်ကျင်ပြီး နိုင်ငံအတွင်း လွတ်လပ်စွာ ကိုးကွယ်မှုကိုလည်း အလေးထား ဖော်ဆောင်လျက်ရှိကြောင်း၎င်း၏ ဆွေးနွေးမှုတွင် ထည့်သွင်း ပြောကြားသွားသည်။

ပြည်တွင်းပြည်ပအန္တရာယ်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့အား မဟာဗျူဟာရှုထောင့်မှ လေ့လာသုံးသပ်အကြံပြုနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ရာထူးကို ပြည်ထောင်စုဝန်ကြီးအဆင့်သတ်မှတ်၍ ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁၈/၂၀၁၆)က သဘောတူ ဆုံးဖြတ်ချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ဦးသောင်းထွန်းအား ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၁၀)ရက်နေ့က ခန့်အပ်တာဝန်ပေးအပ်ထားခြင်းဖြစ်သည်။

ဓာတ်ပုံ - State Counsellor Office Information Committee

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~