တာခ်ီလိတ္တြင္ က်င္းပမည့္ လူသစ္တန္းႏွင့္ အလြတ္တန္း ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲမ်ားအတြက္ ၾသဂုတ္လ (၂၇)ရက္ေန႔ ေနာက္ဆံုးစာရင္းေပးသြင္းႏုိင္

တာခ်ီလိတ္တြင္ က်င္းပမည့္ လူသစ္တန္းႏွင့္ အလြတ္တန္း ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲမ်ားအတြက္ ၾသဂုတ္လ (၂၇)ရက္ေန႔ ေနာက္ဆံုးစာရင္းေပးသြင္းႏုိင္
သြဂုတ် 23, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္တြင္ ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီဥကၠဌဖလား ပိုုက္ေက်ာ္ျခင္းၿပိဳင္ပြဲအား ၾသဂုတ္လ (၂၉)ရက္ေန႔၌ က်င္းပမည္ျဖစ္ရာ ခရိုင္အားကစားခန္းမ(မိုးလံုေလလံုအားကစားရံု)သို႔ လာေရာက္၍ ၾသဂုတ္လ (၂၇)ရက္ေန႔အထိ ေနာက္ဆံုးထား စာရင္းေပးသြင္းႏုိင္ေၾကာင္း သိရသည္။

“လူသစ္တန္းနဲ႔ အလြတ္တန္း ႏွစ္မိ်ဳးခြဲထားတယ္။ လူသစ္တန္းကေတာ့ ေက်ာင္းသားေလးေတြ တစ္ခါမွ မခတ္ဖူးေသးတဲ့ ကေလးေတြေပ့ါ။ အေျခခံပညာ အလယ္တန္းအဆင့္က အနိမ့္ဆံုးေပါ့။ အလယ္တန္း၊ အထက္တန္းေက်ာင္းသားေတြ စာရင္းေတာင္းထားပါတယ္။ တာခ်ီလိတ္ၿမိဳ႕ေပၚ မုိင္းကိုးအထိ စာရင္း ေတာင္းထားပါတယ္။ အလြတ္တန္းကေတာ့ အသက္အကန္႔အသတ္မရိွပါဘူး။ ၿမိဳ႕နယ္၊ခရိုင္ လက္ေရြးစင္ေတြလည္း ဝင္ၿပိဳင္လုိ႔ရပါတယ္”ဟု ခရိုင္အားကစားႏွင့္ ကာယပညာဦးစီးဌာန လက္ေထာက္ ညႊန္ၾကားေရးမွဴး ဦးေအးမင္းထြဋ္က တာခ်ီီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လူသစ္တန္းႏွင့္ အလြတ္တန္း ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲ အသီးအသီးအတြက္ ပထမႏွင့္ ဒုတိယႏွစ္သင္းစီ ဆုခ်ီးျမႇင့္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

၂၀၁၆ ခုႏွစ္ ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီဥကၠဌဖလား ပိုုက္ေက်ာ္ျခင္းၿပိဳင္ပြဲတြင္ အလြတ္တန္း (၁၄)သင္း၊ လူသစ္တန္းတြင္ အေျခခံပညာေက်ာင္း (၉)ေက်ာင္းမွ အသင္း (၁၂)သင္း ပါဝင္ယွဥ္ၿပိဳင္ခဲ့ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်တွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲအား သြဂုတ်လ (၂၉)ရက်နေ့၌ ကျင်းပမည်ဖြစ်ရာ ခရိုင်အားကစားခန်းမ(မိုးလုံလေလုံအားကစားရုံ)သို့ လာရောက်၍ သြဂုတ်လ (၂၇)ရက်နေ့အထိ နောက်ဆုံးထား စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

“လူသစ်တန်းနဲ့ အလွတ်တန်း နှစ်မျိုးခွဲထားတယ်။ လူသစ်တန်းကတော့ ကျောင်းသားလေးတွေ တစ်ခါမှ မခတ်ဖူးသေးတဲ့ ကလေးတွေပေါ့။ အခြေခံပညာ အလယ်တန်းအဆင့်က အနိမ့်ဆုံးပေါ့။ အလယ်တန်း၊ အထက်တန်းကျောင်းသားတွေ စာရင်းတောင်းထားပါတယ်။ တာချီလိတ်မြို့ပေါ် မိုင်းကိုးအထိ စာရင်း တောင်းထားပါတယ်။ အလွတ်တန်းကတော့ အသက်အကန့်အသတ်မရှိပါဘူး။ မြို့နယ်၊ခရိုင် လက်ရွေးစင်တွေလည်း ဝင်ပြိုင်လို့ရပါတယ်”ဟု ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအေးမင်းထွဋ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လူသစ်တန်းနှင့် အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ အသီးအသီးအတွက် ပထမနှင့် ဒုတိယနှစ်သင်းစီ ဆုချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အလွတ်တန်း (၁၄)သင်း၊ လူသစ်တန်းတွင် အခြေခံပညာကျောင်း (၉)ကျောင်းမှ အသင်း (၁၂)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~