တာခ်ီလိတ္ အပါအဝင္ ျမန္မာ - ထိုင္းနယ္စပ္ရွိ ၿမိဳ႕သံုးခုတြင္ ႏုိင္ငံကူးလက္မွတ္ ထုတ္ေပးေရးရံုးမ်ား ဖြင့္လွစ္မည္

တာခ်ီလိတ္ အပါအဝင္ ျမန္မာ - ထိုင္းနယ္စပ္ရွိ ၿမိဳ႕သံုးခုတြင္ ႏုိင္ငံကူးလက္မွတ္ ထုတ္ေပးေရးရံုးမ်ား ဖြင့္လွစ္မည္
သြဂုတ် 11, 2017
By Tachileik News Agency

ထိုင္းႏုိင္ငံေရာက္ ျမန္မာႏုိင္ငံသားမ်ား ႏုိင္ငံကူးလက္မွတ္ သက္တမ္းတိုးျခင္း လုပ္ေဆာင္ရာတြင္ ပိုမို လြယ္ကူေစရန္အတြက္ ျမန္မာ - ထိုင္း နယ္စပ္ေဒသမ်ားျဖစ္သည့္ တာခ်ီလိတ္၊ ျမဝတီႏွင့္ ေကာ့ေသာင္းၿမိဳ႕မ်ားတြင္ ႏုိင္ငံကူး လက္မွတ္ထုတ္ေပးေရးရံုးမ်ား ဖြင့္လွစ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ဒီမွာ ပတ္စ္ပို႔ရံုး ဖြင့္လွစ္ဖို႔ စီမံေနတဲ့အေၾကာင္း ျပည္ထဲေရး ဒုဝန္ႀကီးလာေတာ့ ေျပာသြားပါတယ္။ ဒီမွာ ရံုးဖြင့္မယ့္ ေနရာရွာဖို႔ စီစဥ္ေနပါတယ္။ ကၽြန္ေတာ္ကေတာ့ OSS မွာဖြင့္ဖို႔ တင္ျပထားေပမယ့္ သူတို႔ဌာန အေနနဲ႔ ဘယ္လိုေနရာမွာ ဖြင့္မလဲဆိုတာ ေမးခိုင္းထားပါတယ္။ ဖြင့္မယ့္ရက္ အတိအက်ေတာ့ မသိရေသးပါဘူး”ဟု တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲေရးေကာ္မတီ ဥကၠဌ၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊက တာခ်ီီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ႏုိင္ငံကူးလက္မွတ္ထုတ္ေပးေရးရံုး ဖြင့္လွစ္ႏုိင္ေရးအတြက္ လိုအပ္သည္မ်ား စီစဥ္ေဆာင္ရြက္ေနၿပီျဖစ္ေၾကာင္း သိရသည္။

“ထုိင္းမွာ အလုပ္သြားလုပ္ၾကတဲ့ ျမန္မာႏုိင္ငံသားေတြ သံရံုးမွာပဲ သက္တမ္းတိုးရတာ သံရံုး တစ္ရံုးထဲဆိုေတာ့ မႏိုင္ဘူး။ ဒါေၾကာင့္ ျမဝတီ၊ ေကာ့ေသာင္းနဲ႔ တာခ်ီလိတ္မွာ ဖြင့္ေပးတာ။ အလုပ္သမားေတြ အေနနဲ႔ ျမန္ျမန္ဆန္ဆန္ ပတ္စ္ပို႔ သက္တမ္းတိုးတာ၊ ပတ္စ္ပို႔လုပ္တာ လုပ္လို႔ရၿပီေပါ့”ဟု ျမန္မာႏုိင္ငံကူးလက္မွတ္ထုတ္ေပးေရး ရံုးအဖြဲ႕ (တာခ်ီလိတ္)မွ တာဝန္ရိွသူတစ္ဦးက ေျပာသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိိဳ႕တြင္လည္း ႏုိင္ငံကူးလက္မွတ္ထုတ္ေပးေရးရံုးကို ဖြင့္လွစ္ထားၿပီး နယ္စပ္ၿမိဳ႕ျဖစ္သည့္ ထိုင္းႏုိင္ငံေရာက္ ျမန္မာလုပ္သားမ်ား ပိုမိုအဆင္ေျပေစရန္အတြက္ တာခ်ီလိတ္တြင္ ထပ္မံဖြင့္လွစ္ရန္ စီစဥ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း လုပ်ဆောင်ရာတွင် ပိုမို လွယ်ကူစေရန်အတွက် မြန်မာ - ထိုင်း နယ်စပ်ဒေသများဖြစ်သည့် တာချီလိတ်၊ မြဝတီနှင့် ကော့သောင်းမြို့များတွင် နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးများ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီမှာ ပတ်စ်ပို့ရုံး ဖွင့်လှစ်ဖို့ စီမံနေတဲ့အကြောင်း ပြည်ထဲရေး ဒုဝန်ကြီးလာတော့ ပြောသွားပါတယ်။ ဒီမှာ ရုံးဖွင့်မယ့် နေရာရှာဖို့ စီစဉ်နေပါတယ်။ ကျွန်တော်ကတော့ OSS မှာဖွင့်ဖို့ တင်ပြထားပေမယ့် သူတို့ဌာန အနေနဲ့ ဘယ်လိုနေရာမှာ ဖွင့်မလဲဆိုတာ မေးခိုင်းထားပါတယ်။ ဖွင့်မယ့်ရက် အတိအကျတော့ မသိရသေးပါဘူး”ဟု တာချီလိတ်ခရိုင်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည်များ စီစဉ်ဆောင်ရွက်နပြေီဖြစ်ကြောင်း သိရသည်။

“ထိုင်းမှာ အလုပ်သွားလုပ်ကြတဲ့ မြန်မာနိုင်ငံသားတွေ သံရုံးမှာပဲ သက်တမ်းတိုးရတာ သံရုံး တစ်ရုံးထဲဆိုတော့ မနိုင်ဘူး။ ဒါကြောင့် မြဝတီ၊ ကော့သောင်းနဲ့ တာချီလိတ်မှာ ဖွင့်ပေးတာ။ အလုပ်သမားတွေ အနေနဲ့ မြန်မြန်ဆန်ဆန် ပတ်စ်ပို့ သက်တမ်းတိုးတာ၊ ပတ်စ်ပို့လုပ်တာ လုပ်လို့ရပြီပေါ့”ဟု မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးအဖွဲ့ (တာချီလိတ်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင်လည်း နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို ဖွင့်လှစ်ထားပြီး နယ်စပ်မြို့ဖြစ်သည့် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ ပိုမိုအဆင်ပြေစေရန်အတွက် တာချီလိတ်တွင် ထပ်မံဖွင့်လှစ်ရန် စီစဉ်နခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~