ေတာင္ႀကီးၿမိဳ႕တြင္ ေဆးလိပ္ေငြ႕ကင္းစင္ လူထုစက္ဘီးစီးပြဲအား လစဥ္ ေနာက္ဆံုးရက္သတၱပတ္မ်ားတြင္ က်င္းပမည္

ေတာင္ႀကီးၿမိဳ႕တြင္ ေဆးလိပ္ေငြ႕ကင္းစင္ လူထုစက္ဘီးစီးပြဲအား လစဥ္ ေနာက္ဆံုးရက္သတၱပတ္မ်ားတြင္ က်င္းပမည္
သြဂုတ် 27, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ ေဆးလိပ္ေငြ႕ကင္းစင္ လူထုစက္ဘီးစီးပြဲအား လစဥ္ ေနာက္ဆံုးရက္ သတၱပတ္၌ လုပ္ေဆာင္သြားမည္ျဖစ္ၿပီး အလားတူအားကစားကိုအေျခခံသည့္ ေဆးလိပ္ေငြ႔ကင္းစင္ လႈပ္ရွားမႈမ်ားကို ျပည္နယ္တြင္းမွ ၿမိဳ႕နယ္တိုင္းတြင္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ၿမိဳ႕နယ္ေတြမွာ အလ်ဥ္းသင့္သလို ကၽြန္ေတာ္တုိ႔ ျပည္နယ္အစိုးရအဖြဲ႔ဝင္ေတြက ဦးေဆာင္က်င္းပမယ္။ ကၽြန္ေတာ္တို႔ ဦးမေဆာင္ႏုိင္တဲ့ေဒသေတြမွာေတာ့ ၿမိဳ႕နယ္နဲ႕ ၿမိဳ႕နယ္က်န္းမာေရးဦးစီးမွဴးေတြကို ဦးေဆာင္ခုိင္းမွာပါ။ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးေတြကေတာ့ အစီအစဥ္ေလးေတြ တင္လာပါၿပီ။ ေတာင္ႀကီးမွာေတာ့ လစဥ္ရဲ႕ ေနာက္ဆံုးပတ္ကို စက္ဘီးစီးတဲ့ကမ္ပိန္းလုပ္သြားမွာပါ။ က်န္တဲ့ၿမိဳ႕ေတြလည္း လုပ္ဖို႔ရိွပါတယ္။ ေနာက္လေတြမွာဆို အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးေတြ ဦးေဆာင္ၿပီး က်ိဳင္းတံု၊ တာခ်ီလိတ္စတဲ့ေဒသေတြမွာလည္း လုပ္သြားဖုိ႔ရိွပါတယ္”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ ေဆးလိပ္ေငြ႕ကင္းစင္ လူထုစက္ဘီးစီးပြဲအခမ္းအနားအား ၾသဂုတ္လ (၂၇)ရက္ေန႔က က်င္းပရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ားျဖစ္သည့္ စည္ပင္သာယာေရး ဝန္ႀကီးဌာန ဝန္ႀကီး ဦးစိုိင္းစြံစိုင္း၊ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေစာင့္ေရွာက္ေရးဝန္ႀကီးဌာန ဝန္ႀကီး ေဒါက္တာညီညီေအာင္၊ လမ္းပန္းဆက္သြယ္ေရး ဝန္ႀကီးဌာနဝန္ႀကီး ဦးခြန္ရဲေထြး၊ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးဝန္ႀကီးဌာန ဝန္ႀကီး ဦးစိုင္းလံုေက်ာ္၊ လူမႈေရးဝန္ႀကီးဌာန ဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းတို႔က ေတာင္ႀကီးၿမိဳ႕မွ စက္ဘီးစီး အဖြဲ႕(၁၀၀)ေက်ာ္၊ ေက်ာင္းသား/ေက်ာင္းသူ (၂၀၀)ေက်ာ္တို႔ႏွင့္အတူ ပါဝင္လႈပ္ရွားခဲ့ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အတြင္း ေဆးလိပ္ေငြ႔ကင္းစင္ေရးလႈပ္ရွားမႈကို ေဆးလိပ္မေသာက္ဘဲ ေဆးလိပ္ေငြ႔ရွဴေနရတဲ့ တစ္ဆင့္ခံ ေဆးလိပ္ေငြ႕ရွဴရျခင္းကို ကာကြယ္ရန္၊ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးအား တစ္ဖက္တစ္လမ္းမွ အေထာက္အကူျပဳေစရန္၊ ၂၀၀၆ ခုႏွစ္က ျပဌာန္းထားသည့္ ေဆးလိပ္ႏွင့္ ေဆးရြက္ႀကီးေသာက္သံုးမႈ ထိန္းခ်ဳပ္ေရးဥပေဒအား ႏုိင္ငံသူ/သားမ်ား ေလးစားလုိက္နာတတ္သည့္ အမူအက်င့္ေကာင္းရရန္၊ အနာဂတ္ကေလးမ်ား က်န္းမာႀကံ႕ခုိင္သည့္ ကေလးမ်ားျဖစ္ရန္ ေဆးလိပ္ေငြ႕ကင္းစင္သည့္ ေလေကာင္းေလသန္႔ရရွိရန္စသည့္ ရည္ရြယ္ခ်က္(၄)ခုျဖင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ဦးေဆာင္ၿပီး ေဆာင္ရြက္ေနျခင္း ျဖစ္ေၾကာင္း သိရသည္။

ေဆးလိပ္ေငြ႔ကင္းစင္ေရးလႈပ္ရွားမႈအျဖစ္ ဇြန္လအတြင္းက ျပည္နယ္တြင္း ခရိုင္(၁၂)ၿမိဳ႕တြင္ ေဆးလိပ္ေသာက္ျခင္းေၾကာင့္ ထိခိုက္မႈ၊ က်န္းမာေရးဆိုးက်ိဳးႏွင့္ ေဆးလိပ္ျဖတ္လွ်င္ရလာမည့္ လူမႈေရး၊ က်န္းမာေရးအက်ိဳးေက်းဇူးမ်ား၊ ေဆးလိပ္ႏွင့္ ေဆးရြက္ႀကီး ထိန္းခ်ဳပ္ေရးဥပေဒအေၾကာင္း၊ အာဆီယံႏုိင္ငံမ်ားတြင္ ေဆးလိပ္ေငြ႕ကင္းစင္ေဒသျဖစ္ေပၚတိုးတက္မႈအေျခအေနႏွင့္ ရွမ္းျပည္နယ္အတြင္း အေျခအေနတို႔ကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာန ႏွင့္ အားကစားႏွင့္ ကာယပညာဦးစီးဌာနတို႔ ပူးေပါင္း၍ အသိေပးရွင္းလင္းပြဲမ်ား ျပဳလုပ္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္
ဓာတ္ပံု - ျပည္နယ္အစိုးရ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ဆေးလိပ်ငွေ့ကင်းစင် လူထုစက်ဘီးစီးပွဲအား လစဉ် နောက်ဆုံးရက် သတ္တပတ်၌ လုပ်ဆောင်သွားမည်ဖြစ်ပြီး အလားတူအားကစားကိုအခြေခံသည့် ဆေးလိပ်ငွေ့ကင်းစင် လှုပ်ရှားမှုများကို ပြည်နယ်တွင်းမှ မြို့နယ်တိုင်းတွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“မြို့နယ်တွေမှာ အလျဉ်းသင့်သလို ကျွန်တော်တို့ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေက ဦးဆောင်ကျင်းပမယ်။ ကျွန်တော်တို့ ဦးမဆောင်နိုင်တဲ့ဒေသတွေမှာတော့ မြို့နယ်နဲ့ မြို့နယ်ကျန်းမာရေးဦးစီးမှူးတွေကို ဦးဆောင်ခိုင်းမှာပါ။ ခရိုင်အုပ်ချုပ်ရေးမှူးတွေကတော့ အစီအစဉ်လေးတွေ တင်လာပါပြီ။ တောင်ကြီးမှာတော့ လစဉ်ရဲ့ နောက်ဆုံးပတ်ကို စက်ဘီးစီးတဲ့ကမ်ပိန်းလုပ်သွားမှာပါ။ ကျန်တဲ့မြို့တွေလည်း လုပ်ဖို့ရှိပါတယ်။ နောက်လတွေမှာဆို အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ ဦးဆောင်ပြီး ကျိုင်းတုံ၊ တာချီလိတ်စတဲ့ဒေသတွေမှာလည်း လုပ်သွားဖို့ရှိပါတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ဆေးလိပ်ငွေ့ကင်းစင် လူထုစက်ဘီးစီးပွဲအခမ်းအနားအား သြဂုတ်လ (၂၇)ရက်နေ့က ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် စည်ပင်သာယာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးစိုင်းစွံစိုင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာညီညီအောင်၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနဝန်ကြီး ဦးခွန်ရဲထွေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန ဝန်ကြီး ဦးစိုင်းလုံကျော်၊ လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမျိုးထွန်းတို့က တောင်ကြီးမြို့မှ စက်ဘီးစီး အဖွဲ့(၁၀၀)ကျော်၊ ကျောင်းသား/ကျောင်းသူ (၂၀၀)ကျော်တို့နှင့်အတူ ပါဝင်လှုပ်ရှားခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း ဆေးလိပ်ငွေ့ကင်းစင်ရေးလှုပ်ရှားမှုကို ဆေးလိပ်မသောက်ဘဲ ဆေးလိပ်ငွေ့ရှူနေရတဲ့ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရခြင်းကို ကာကွယ်ရန်၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်၊ ၂၀၀၆ ခုနှစ်က ပြဌာန်းထားသည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေအား နိုင်ငံသူ/သားများ လေးစားလိုက်နာတတ်သည့် အမူအကျင့်ကောင်းရရန်၊ အနာဂတ်ကလေးများ ကျန်းမာကြံ့ခိုင်သည့် ကလေးများဖြစ်ရန် ဆေးလိပ်ငွေ့ကင်းစင်သည့် လေကောင်းလေသန့်ရရှိရန်စသည့် ရည်ရွယ်ချက်(၄)ခုဖြင့် ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်ပြီး ဆောင်ရွက်နခြေင်း ဖြစ်ကြောင်း သိရသည်။

ဆေးလိပ်ငွေ့ကင်းစင်ရေးလှုပ်ရှားမှုအဖြစ် ဇွန်လအတွင်းက ပြည်နယ်တွင်း ခရိုင်(၁၂)မြို့တွင် ဆေးလိပ်သောက်ခြင်းကြောင့် ထိခိုက်မှု၊ ကျန်းမာရေးဆိုးကျိုးနှင့် ဆေးလိပ်ဖြတ်လျှင်ရလာမည့် လူမှုရေး၊ ကျန်းမာရေးအကျိုးကျေးဇူးများ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်ရေးဥပဒေအကြောင်း၊ အာဆီယံနိုင်ငံများတွင် ဆေးလိပ်ငွေ့ကင်းစင်ဒေသဖြစ်ပေါ်တိုးတက်မှုအခြေအနေနှင့် ရှမ်းပြည်နယ်အတွင်း အခြေအနေတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပေးရှင်းလင်းပွဲများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - ပြည်နယ်အစိုးရ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~