ေနာင္ခ်ိဳ မူးယစ္မႈႏွင့္ ဆက္စပ္၍ ေက်ာက္မဲမွ လူငယ္ႏွစ္ဦးအား မူးယစ္ေဆး၀ါးႏွင့္အတူ ဖမ္းမိ

ေနာင္ခ်ိဳ မူးယစ္မႈႏွင့္ ဆက္စပ္၍ ေက်ာက္မဲမွ လူငယ္ႏွစ္ဦးအား မူးယစ္ေဆး၀ါးႏွင့္အတူ ဖမ္းမိ
သြဂုတ် 26, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕မွ ေနအိမ္ႏွစ္လံုးအား မူးယစ္တပ္ဖြဲ႔စု(၂၄)လားရိႈး ႏွင့္ ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕တို႔ ပါဝင္သည့္ ပူးေပါင္းအဖြဲ႕က ၾသဂုတ္ လ (၂၅)ရက္ေန႔တြင္ ဝင္ေရာက္ စစ္ေဆးရာ စိတ္ၾကြရူးသြပ္ေဆးျပား (၁၄၂)ျပားႏွင့္ ဘိန္းျဖဴဟု ယူဆရသည့္ အျဖဴေရာင္အမႈန္႔ (၅)ဂရမ္ခန္႔နွင့္ လူငယ္ႏွစ္ဦးအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၂၄)လားရိႈး ႏွင့္ ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕တို႔ ပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ ေနာင္ခ်ိဳ ၿမိဳ႕မရဲစခန္းမွ မူးယစ္မႈႏွင့္ဆက္စပ္၍ ေက်ာက္မဲၿမိဳ႕၊ ရပ္ကြက္(၇)မွ ေနအိမ္တစ္လံုးအား ေန႔လယ္ (၂)နာရီခန္႔က ဝင္ေရာက္ရွာေဖြရာ စိတ္ၾကြရူးသြပ္ေဆးျပား (၉)ျပားႏွင့္ လူငယ္တစ္ဦးအား ေတြ႔ရွိရျပီး ဆက္လက္၍ ဆက္စပ္သတင္းအရ ရပ္ကြက္ (၈)၊ နယ္ေျမ(၉)မွ ေနအိမ္တစ္လံုးအား ထပ္မံရွာေဖြရာ ဘိန္းျဖဴဟု ယူဆရသည့္ ျဖဴဝါေရာင္အမႈန္႔ (၅)ဂရမ္၊ စိတ္ၾကြရူးသြပ္ေဆးျပား (၁၃၃)ျပားတို႔ႏွင့္အတူ လူငယ္တစ္ဦးကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ဘိန္းျဖဴႏွင့္ စိတ္ၾကြေဆးျပားမ်ားအား သံုးစြဲေရာင္းခ်ရန္ လက္ဝယ္ေတြ႔ရိွသူႏွင့္ ေရာင္းခ်ေပးသူ လူငယ္ႏွစ္ဦးအား ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၂၂/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၆(ဂ)/၁၉(က) ၂၁ အရ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

ေနာင္ခ်ိဳၿမိဳ႕တြင္ ဖမ္းဆီးရမိသည့္ မူးယစ္မႈႏွင့္ ဆက္စပ္၍ ေက်ာက္မဲၿမိဳ႕မွ ေနအိမ္တစ္လံုးအား ၾသဂုတ္လ (၂၀)ရက္ေန႔က ရွာေဖြရာ အိမ္ရွင္မွာထြက္ေျပးသြားၿပီး စိတ္ၾကြေဆးျပားး (၅၂)ျပား၊ ဘိန္းျဖဴ(၀.၇)ဂရမ္ေက်ာ္နွင့္ ဖမ္းဆီးရမိသည့္ လူငယ္ႏွစ္ဦးကိုလည္း ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့မှ နေအိမ်နှစ်လုံးအား မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုး နှင့် ကျောက်မဲမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က သြဂုတ် လ (၂၅)ရက်နေ့တွင် ဝင်ရောက် စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား (၁၄၂)ပြားနှင့် ဘိန်းဖြူဟု ယူဆရသည့် အဖြူရောင်အမှုန့် (၅)ဂရမ်ခန့်နှင့် လူငယ်နှစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုး နှင့် ကျောက်မဲမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် နောင်ချို မြို့မရဲစခန်းမှ မူးယစ်မှုနှင့်ဆက်စပ်၍ ကျောက်မဲမြို့၊ ရပ်ကွက်(၇)မှ နေအိမ်တစ်လုံးအား နေ့လယ် (၂)နာရီခန့်က ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား (၉)ပြားနှင့် လူငယ်တစ်ဦးအား တွေ့ရှိရပြီး ဆက်လက်၍ ဆက်စပ်သတင်းအရ ရပ်ကွက် (၈)၊ နယ်မြေ(၉)မှ နေအိမ်တစ်လုံးအား ထပ်မံရှာဖွေရာ ဘိန်းဖြူဟု ယူဆရသည့် ဖြူဝါရောင်အမှုန့် (၅)ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား (၁၃၃)ပြားတို့နှင့်အတူ လူငယ်တစ်ဦးကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများအား သုံးစွဲရောင်းချရန် လက်ဝယ်တွေ့ရှိသူနှင့် ရောင်းချပေးသူ လူငယ်နှစ်ဦးအား ကျောက်မဲမြို့မရဲစခန်းတွင် မယ(ပ) ၂၂/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)/၁၉(က) ၂၁ အရ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

နောင်ချိုမြို့တွင် ဖမ်းဆီးရမိသည့် မူးယစ်မှုနှင့် ဆက်စပ်၍ ကျောက်မဲမြို့မှ နေအိမ်တစ်လုံးအား သြဂုတ်လ (၂၀)ရက်နေ့က ရှာဖွေရာ အိမ်ရှင်မှာထွက်ပြေးသွားပြီး စိတ်ကြွဆေးပြား (၅၂)ပြား၊ ဘိန်းဖြူ(ဝ.၇)ဂရမ်ကျော်နှင့် ဖမ်းဆီးရမိသည့် လူငယ်နှစ်ဦးကိုလည်း ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်နေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~