မိုင္းျဖတ္ၿမိဳ႕ ဟိုနားေက်းရြာတြင္ မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိ

မိုင္းျဖတ္ၿမိဳ႕ ဟိုနားေက်းရြာတြင္ မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိ
သြဂုတ် 29, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕ ဟိုနား(လားဟူ)ရြာရွိ ေနအိမ္ႏွစ္အိမ္အား ၾသဂုတ္လ(၂၉)ရက္ေန႔ နံနက္(၆)နာရီေက်ာ္က မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္ ပါ၀င္သည့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႔မွ ၀င္ေရာက္ စစ္ေဆးရွာေဖြရာမွ မူးယစ္ေဆး၀ါးမ်ားအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ ရဲအုပ္ ၀င္းထြန္းႏွင့္ တပ္ဖြဲ႔၀င္မ်ား အပါအ၀င္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔ တို႔မွ မိုင္းၿဖတ္ၿမိဳ႕၊ ဟိုနား(လားဟူ)ရြာရွိ က်ာအူ၏ ေနအိမ္အား ၀င္ေရာက္စစ္ေဆးရွာေဖြရာမွ မူးယစ္ေဆး၀ါးႏွင့္အတူ ၎အား ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႔မွ စစ္ေဆးရွာေဖြရာတြင္ ေနအိမ္ အိပ္ခန္းအတြင္းရွိ ဗီဒိုေနာက္မွ စတီးေရေႏြးအိုး ဓာတ္ဘူးအတြင္း ထည့္ထားသည့္ Wy စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ၾကြေဆးျပား စုစုေပါင္း (၁၀၈၀)ျပား ႏွင့္ အေလးခ်ိန္ (၁၄)ဂရမ္ခန္႔ရွိ ဘိန္းစိမ္းတို႔အား ရွာေဖြေတြ႕ရွိျခင္း ျဖစ္ေၾကာင္း သိရသည္။

ဆက္လက္၍ ပူးေပါင္းအဖြဲ႔က အဆိုပါ ေက်းရြာရွိ ၾသဂတ္စတီးႏို၏ ေနအိမ္အား ၀င္ေရာက္ စစ္ေဆး ရွာေဖြရာ ေနအိမ္ မီးဖိုေဆာင္ ဗီဒိုအတြင္းမွ Wy စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ၾကြေဆးျပား (၁၄၃)ျပားအား ရွာေဖြသိမ္းဆည္းရမိေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ား ရွာေဖြဖမ္းဆီးရမိျခင္းႏွင့္ ပတ္သက္၍ စိတ္ၾကြေဆးျပား (၁၀၈၀)ျပားႏွင့္ ဘိန္းစိမ္းမ်ားႏွင့္အတူ ဖမ္းဆီးခံရသူ က်ာအူအား မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၅/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)ျဖင့္ လည္းေကာင္း စိတ္ၾကြေဆးျပား (၁၄၃)ျပားႏွင့္အတူ ဖမ္းဆီးခံရသူ ၾသဂတ္စတီးႏို အား မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၆/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉ျဖင့္ လည္းေကာင္း အသီးသီး အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့ ဟိုနား(လားဟူ)ရွာရှိ နေအိမ်နှစ်အိမ်အား သြဂုတ်လ(၂၉)ရက်နေ့ နံနက်(၆)နာရီကျော်က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့မှ ဝင်ရောက် စစ်ဆေးရှာဖွေရာမှ မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲအုပ် ဝင်းထွန်းနှင့် တပ်ဖွဲ့ဝင်များ အပါအဝင် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့ တို့မှ မိုင်းဖြတ်မြို့၊ ဟိုနား(လားဟူ)ရွာရှိ ကျာအူ၏ နေအိမ်အား ဝင်ရောက်စစ်ဆေးရှာဖွေရာမှ မူးယစ်ဆေးဝါးနှင့်အတူ၎င်းအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့မှ စစ်ဆေးရှာဖွေရာတွင် နေအိမ် အိပ်ခန်းအတွင်းရှိ ဗီဒိုနောက်မှ စတီးရေနွေးအိုး ဓာတ်ဘူးအတွင်း ထည့်ထားသည့် Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား စုစုပေါင်း (၁၀၈၀)ပြား နှင့် အလေးချိန် (၁၄)ဂရမ်ခန့်ရှိ ဘိန်းစိမ်းတို့အား ရှာဖွေတွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပူးပေါင်းအဖွဲ့က အဆိုပါ ကျေးရွာရှိ သြဂတ်စတီးနို၏ နေအိမ်အား ဝင်ရောက် စစ်ဆေး ရှာဖွေရာ နေအိမ် မီးဖိုဆောင် ဗီဒိုအတွင်းမှ Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၁၄၃)ပြားအား ရှာဖွေသိမ်းဆည်းရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးများ ရှာဖွေဖမ်းဆီးရမိခြင်းနှင့် ပတ်သက်၍ စိတ်ကြွဆေးပြား (၁၀၈၀)ပြားနှင့် ဘိန်းစိမ်းများနှင့်အတူ ဖမ်းဆီးခံရသူ ကျာအူအား မိုင်းဖြတ်မြို့မရဲစခန်းတွင် မယ(ပ)၅/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)ဖြင့် လည်းကောင်း စိတ်ကြွဆေးပြား (၁၄၃)ပြားနှင့်အတူ ဖမ်းဆီးခံရသူ သြဂတ်စတီးနို အား မိုင်းဖြတ်မြို့မရဲစခန်းတွင် မယ(ပ)၆/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~