မိုင်းဖြတ်မြို့နယ် နမ့်လုံနှင့် နမ့်ကုန်းချောင်းဆုံတွင် ပုပ်ပွနေသည့် အမျိုးသားအလောင်းတွေ့ရှိ
မိုင်းဖြတ်မြို့နယ် နမ့်လုံနှင့် နမ့်ကုန်းချောင်းဆုံတွင် ပုပ်ပွနေသည့် အမျိုးသားအလောင်းတွေ့ရှိ
သြဂုတ် 29, 2017
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် ဝမ်လုံးအုပ်စု၊ နားမွန်းရွာ နမ့်လုံချောင်းနှင့် နမ့်ကုန်းချောင်းဆုံရာ ချောင်းအလယ် ကိုင်းပင်များကြားတွင် သြဂုတ်လ (၂၉)ရက်နေ့က အမျိုးသားအလောင်း တစ်လောင်း တွေ့ရှိသဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် ရဲတပ်ဖွဲ့က စစ်ဆေးပြီးနောက် မိသားစု၏ သဘောတူညီချက်ဖြင့် မြေမြှုပ်သဂြိုလ်ပေးလိုက်ကြောင်း မိုင်းဖြတ်မြို့ သင်္ဂဟ လူမှုကူညီရေးအသင်းထဲက သိရသည်။
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် ဝမ်လုံးအုပ်စု၊ နားမွန်းရွာ နမ့်လုံချောင်းနှင့် နမ့်ကုန်းချောင်းဆုံရာ ချောင်းအလယ် ကိုင်းပင်များကြားတွင် သြဂုတ်လ (၂၉)ရက်နေ့က အမျိုးသားအလောင်း တစ်လောင်း တွေ့ရှိသဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် ရဲတပ်ဖွဲ့က စစ်ဆေးပြီးနောက် မိသားစု၏ သဘောတူညီချက်ဖြင့် မြမြှေုပ်သဂြိုလ်ပေးလိုက်ကြောင်း မိုင်းဖြတ်မြို့ သဂငှ် လူမှုကူညီရေးအသင်းထဲက သိရသည်။
"အလောင်းကို ကျွန်တော်တို့ အသင်းက သွားရောက်ပြီး ဆယ်ယူလာတယ်။ အလောင်းက ပုပ်ပွနေတော့ သူ့မိသားစုရဲ့ ခွင့်ပြုချက်နဲ့ပဲ ကျွန်တော်တို့ တစ်ခါတည်း မြမြှေုပ်သဂြိုလ်ပေးခဲ့ပါတယ်"ဟု မိုင်းဖြတ်မြို့ သဂငှ် လူမှုကူညီရေးအသင်း ဥက္ကဌ ဦးလှမောင်သာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မိုင်းဖြတ်မြို့နယ် ရဲတပ်ဖွဲ့သည် သြဂုတ်လ (၂၉)ရက်နေ့ နေ့လယ်(၁၁)နာရီခွဲခန့်က အဆိုပါချောင်းဆုံတွင် ပုပ်ပွနေသည့် အမျိုးသားအလောင်းတွေ့ရှိကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့ဖြင့် အဆိုပါနေရာသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ မိုင်းဖြတ်မြို့ ဈေးတန်း(ကွက်သစ်)ရပ်ကွက်တွင် နေထိုင်သူ အသက်(၃၅)နှစ်အရွယ် ချီးထူ(ခ) ချစ်ထူး ဆိုသူဖြစ်ကြောင်း အတည်ပြုထားပြီး အလောင်းတွင် ပြင်ပဒဏ်ရာ မတွေ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။
အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ မိုင်းဖြတ်မြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ်(၂/၂၀၁၇)ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~