တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုတွင် အမျိုးသားတစ်ဦး လမ်းလျှောက်လာရင်း ရုတ်တရက် လဲကျ၍ သေဆုံး

တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုတွင် အမျိုးသားတစ်ဦး လမ်းလျှောက်လာရင်း ရုတ်တရက် လဲကျ၍ သေဆုံး
သွဂုတျ 23, 2017
By Tachileik News Agency


သြဂုတ်လ(၂၃)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်အချိန်က မိုင်းကိုးကျေးရွာအုပ်စု ဟိုရမ်း(၁)ရွာအနီး တာချီလိတ် - ကျိုင်းတုံသွား ကားလမ်းမဘေး လူတစ်ဦး လဲကျသေဆုံးနေကြောင်း သိရှိရ၍ တာချီလိတ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်ကြည့်ရှု စစ်ဆေးရာ သေဆုံးသူမှာ ပြင်ပဒဏ်ရာ ရရှိထားခြင်း မရှိဘဲ သေဆုံးနေခြင်း ဖြစ်ကြောင်း တွေ့ရှိရ၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/ မဟုတ် စစ်ဆေးနိုင်ရန်အတွက် တာချီလိတ်နာရေးကူညီမှုအသင်းက တာချီလိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။





~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု ဟိုရမ်း(၁)ရွာအနီး တာချီလိတ် - ကျိုင်းတုံသွား ကားလမ်းမဘေးတွင် လူတစ်ဦးလဲကျသေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။

သြဂုတ်လ(၂၃)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်အချိန်က မိုင်းကိုးကျေးရွာအုပ်စု ဟိုရမ်း(၁)ရွာအနီး တာချီလိတ် - ကျိုင်းတုံသွား ကားလမ်းမဘေး လူတစ်ဦး လဲကျသေဆုံးနေကြောင်း သိရှိရ၍ တာချီလိတ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်ကြည့်ရှု စစ်ဆေးရာ သေဆုံးသူမှာ ပြင်ပဒဏ်ရာ ရရှိထားခြင်း မရှိဘဲ သေဆုံးနခြေင်း ဖြစ်ကြောင်း တွေ့ရှိရ၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/ မဟုတ် စစ်ဆေးနိုင်ရန်အတွက် တာချီလိတ်နာရေးကူညီမှုအသင်းက တာချီလိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

သေဆုံးသူမှာ အသက်(၃၄)နှစ်ရှိ မျိုးမင်းဦး ဖြစ်ကြောင်းနှင့်၎င်းသည် အရက် အလွန်အကျွံ သောက်တတ်သူ တစ်ဦးဖြစ်ကြောင်း အပြင် အခင်းဖြစ်ပွားရာနေရာတွင် လမ်းလျှောက်လာစဉ် ရုတ်တရက် လဲကျသေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဥပဒေအရ တာချီလိတ်မြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ် ၃၈/၂၀၁၇ဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်း သိရသည်။

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~