Update News

မေကြးတိုင္းအတြင္း ကမ္းပါးၿပိဳကာကြယ္ေရးလုပ္ငန္းမ်ား အေရးတႀကီး ေဆာင္ရြက္ေန


မေကြးတိုင္းေဒသႀကီးအတြင္း ဧရာဝတီျမစ္ ေရစီးေၾကာင္းေျပာင္းလဲမႈေၾကာင့္ ကမ္းပါးၿပိဳ ကာကြယ္ေရး လုပ္ငန္းမ်ားကို အေရးႀကီးလုပ္ငန္းအျဖစ္ ေရအရင္းအျမစ္ႏွင္႔ ျမစ္ေခ်ာင္းမ်ားဖံြ႔ၿဖိဳးတိုးတက္ေရးဦးစီးဌာနက ေဆာင္ရြက္ေနရေၾကာင္း သိရသည္။

“မေကြးတိုင္းမွာ ဧရာဝတီျမစ္ေရစီးေၾကာင္းက လြန္ခဲ႔တဲ႔ (၁၀) ႏွစ္ေလာက္ကစၿပီး သိသိသာသာ ေျပာင္းလဲလာတာနဲ႔အတူ ကမ္းၿပိဳမႈေတြကလည္း ဆိုးဆိုးရြားရြားကိုျဖစ္ေနတယ္။ ကၽြန္ေတာ္တို႔ဌာနအေနနဲ႔ ကလည္း လြန္ခဲ႔တဲ႔ ငါးႏွစ္ေလာက္ကအထိ ေရလမ္းထိန္းသိမ္းေရးလုပ္ငန္းက တစ္ႏွစ္မွ တစ္ခု ေလာက္ပဲရခဲ႔ၿပီး ဒါေတာင္ လံုလံုေလာက္ေလာက္ရတာမ်ိဳးမဟုတ္ေတာ႔ ခါးဆက္ျပတ္သြားတယ္။ အခုေတာ႔ အေရးတႀကီး ေဆာင္ရြက္ရမယ္႔ လုပ္ငန္းျဖစ္ေနၿပီ”ဟု မေကြးတိုင္းေဒသႀကီး ေရအရင္းအျမစ္ႏွင္႔ ျမစ္ေခ်ာင္းမ်ား ဖံြ႔ၿဖိဳးတိုးတက္ေရးဦးစီးဌာန ညႊန္ၾကားေရးမွဴး ဦးေဇာ္လြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မေကြးတုိင္းေဒသႀကီးအတြင္း ဧရာဝတီျမစ္ေၾကာင္းမွာ အေနာက္ဘက္သို႔ျပန္လည္ ေရြ႕လ်ားသြားေနသျဖင္႔ ျမစ္အေနာက္ဘက္ျခမ္းရိွ ေက်းရြာမ်ားမွာ ကမ္းပါးၿပိဳက်မႈအမ်ားဆံုး ႀကံဳေတြ႔ေနရၿပီး ေရစႀကိဳနယ္မွ ေက်းရြာ(၁၅)ရြာခန္႔၊ ပခုကၠဴနယ္မွ (၆)ရြာခန္႔၊ စလင္း နယ္မွ (၁၆)ရြာခန္႔၊ ပြင္႔ျဖဴနယ္မွ (၆)ရြာခန္႔၊ မင္းဘူးနယ္မွ (၄)ရြာခန္႔မွာ ကမ္းၿပိဳမႈႀကီးႀကီးမားမား ႀကံဳေတြ႔ေနရေၾကာင္း သိရသည္။

“ကမ္းၿပိဳလို႔ေရႊ႕ရေျပာင္းရရင္ တျခားရြာေတြက လက္မခံခ်င္ၾကေတာ႔ အေတာ္ဒုကၡေရာက္ရပါ တယ္။ ေျမေစ်းကလည္း ျမစ္ကမ္းေဘးမွာကိုပဲ တစ္ဧကကို သိန္း (၃၀)ကေန သိန္း (၅၀)ေလာက္အထိ ရိွေနေတာ႔ ေျမဝယ္ေနဖို႔ဆိုတာ ကၽြန္ေတာ္တို႔အေနနဲ႔ ႀကီးမားတဲ႔အခက္အခဲတစ္ခုျဖစ္လို႔ ေရကာေတြ၊ ကမ္းထိန္းနံရံေတြ ျပဳလုပ္ေပးဖို႔ကိုပဲ လိုလားပါတယ္”ဟု ကမ္းၿပိဳေက်းရြာမွ ေတာင္သူတစ္ဦးက ေျပာသည္။

မေကြးတိုင္းေဒသႀကီးအတြင္း ဧရာဝတီျမစ္ေၾကာင္းတြင္ ေခ်ာက္ၿမိဳ႕နယ္ အထက္ဘက္ လမ္းရြာမွ ေအာက္ဘက္ ကမၼၿမိဳ႕နယ္ စစၥယံ အထိ မိုင္(၁၈၀)ကို ကမ္းၿပိဳေက်းရြာမ်ားအတြက္ ေရကာရိုက္ျခင္း၊ ကမ္းထိန္းနံရံတည္ေဆာက္ျခင္းလုပ္ငန္းမ်ားအား ႏွစ္စဥ္လုပ္ေဆာင္ေပးေနရေၾကာင္း မေကြးတိုင္း ေဒသႀကီး ေရအရင္းအျမစ္ ႏွင္႔ ျမစ္ေခ်ာင္းမ်ားဖံြ႔ၿဖိဳး တိုးတက္ေရး ဦးစီးဌာနမွ သိရသည္။

ဌာနအေနျဖင့္ ယခင္က ဧရာဝတီျမစ္ေရလမ္းေၾကာင္းေကာင္းမြန္ေရးႏွင္႔ ျမစ္ေၾကာင္းသြား ေရယာဥ္မ်ားအတြက္ ေရေၾကာင္းျပ အမွတ္အသားမ်ား ထားရိွေပးသည္႔လုပ္ငန္းမ်ားကိုသာ အဓိကလုပ္ေဆာင္ခဲ့ရျခင္း ျဖစ္ေသာ္လည္း လက္ရိွတြင္ ကမ္းၿပိဳကာကြယ္ေရးလုပ္ငန္းကို အေရးတႀကီးေဆာင္ရြက္ေနရျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု  - ဖီးနစ္











~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ် ရေစီးကြောင်းပြောင်းလဲမှုကြောင့် ကမ်းပါးပြို ကာကွယ်ရေး လုပ်ငန်းများကို အရေးကြီးလုပ်ငန်းအဖြစ် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်နေရကြောင်း သိရသည်။

“မကွေးတိုင်းမှာ ဧရာဝတီမြစ်ရေစီးကြောင်းက လွန်ခဲ့တဲ့ (၁၀) နှစ်လောက်ကစပြီး သိသိသာသာ ပြောင်းလဲလာတာနဲ့အတူ ကမ်းပြိုမှုတွေကလည်း ဆိုးဆိုးရွားရွားကိုဖြစ်နေတယ်။ ကျွန်တော်တို့ဌာနအနေနဲ့ ကလည်း လွန်ခဲ့တဲ့ ငါးနှစ်လောက်ကအထိ ရေလမ်းထိန်းသိမ်းရေးလုပ်ငန်းက တစ်နှစ်မှ တစ်ခု လောက်ပဲရခဲ့ပြီး ဒါတောင် လုံလုံလောက်လောက်ရတာမျိုးမဟုတ်တော့ ခါးဆက်ပြတ်သွားတယ်။ အခုတော့ အရေးတကြီး ဆောင်ရွက်ရမယ့် လုပ်ငန်းဖြစ်နပြေီ”ဟု မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ကြောင်းမှာ အနောက်ဘက်သို့ပြန်လည် ရွေ့လျားသွားနေသဖြင့် မြစ်အနောက်ဘက်ခြမ်းရှိ ကျေးရွာများမှာ ကမ်းပါးပြိုကျမှုအများဆုံး ကြုံတွေ့နေရပြီး ရေစကြိုနယ်မှ ကျေးရွာ(၁၅)ရွာခန့်၊ ပခုက္ကူနယ်မှ (၆)ရွာခန့်၊ စလင်း နယ်မှ (၁၆)ရွာခန့်၊ ပွင့်ဖြူနယ်မှ (၆)ရွာခန့်၊ မင်းဘူးနယ်မှ (၄)ရွာခန့်မှာ ကမ်းပြိုမှုကြီးကြီးမားမား ကြုံတွေ့နေရကြောင်း သိရသည်။

“ကမ်းပြိုလို့ရွှေ့ရပြောင်းရရင် တခြားရွာတွေက လက်မခံချင်ကြတော့ အတော်ဒုက္ခရောက်ရပါ တယ်။ မြေဈေးကလည်း မြစ်ကမ်းဘေးမှာကိုပဲ တစ်ဧကကို သိန်း (၃၀)ကနေ သိန်း (၅၀)လောက်အထိ ရှိနေတော့ မြေဝယ်နေဖို့ဆိုတာ ကျွန်တော်တို့အနေနဲ့ ကြီးမားတဲ့အခက်အခဲတစ်ခုဖြစ်လို့ ရေကာတွေ၊ ကမ်းထိန်းနံရံတွေ ပြုလုပ်ပေးဖို့ကိုပဲ လိုလားပါတယ်”ဟု ကမ်းပြိုကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ကြောင်းတွင် ချောက်မြို့နယ် အထက်ဘက် လမ်းရွာမှ အောက်ဘက် ကမ္မမြို့နယ် စစ္စယံ အထိ မိုင်(၁၈၀)ကို ကမ်းပြိုကျေးရွာများအတွက် ရေကာရိုက်ခြင်း၊ ကမ်းထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းများအား နှစ်စဉ်လုပ်ဆောင်ပေးနေရကြောင်း မကွေးတိုင်း ဒေသကြီး ရေအရင်းအမြစ် နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ဌာနအနဖြေင့် ယခင်က ဧရာဝတီမြစ်ရေလမ်းကြောင်းကောင်းမွန်ရေးနှင့် မြစ်ကြောင်းသွား ရေယာဉ်များအတွက် ရေကြောင်းပြ အမှတ်အသားများ ထားရှိပေးသည့်လုပ်ငန်းများကိုသာ အဓိကလုပ်ဆောင်ခဲ့ရခြင်း ဖြစ်သော်လည်း လက်ရှိတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းကို အရေးတကြီးဆောင်ရွက်နေရခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ် 
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::