Update News

ေက်ာက္မဲတြင္ အမ်ိဳးသမီးႏွစ္ဦး၏ ရင္ဘတ္ၾကား၌ ထည့္ထားသည့္ စိတ္ႂကြေဆးမ်ား ရွာေဖြေတြ႔ရိွ


ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕၊ နားအိုက္ခန္႔ေက်းရြာအုပ္စု ၊ နားအိုက္ခန္႔ေက်းရြာတြင္ ၾသဂုတ္လ(၁၆)ရက္ ေန႔လယ္ပိုင္းက ရဲတပ္ဖြဲ႕ႏွင့္ အသိသက္ေသမ်ား ပါဝင္သည့္အဖြဲ႕ျဖင့္ ေနအိမ္အတြင္း ဝင္ေရာက္ရွာေဖြရာ အမ်ိဳးသမီး ႏွစ္ဦး၏ ခႏၶာကိုယ္တြင္ဝွက္ထားသည့္ စိတ္ၾကြေဆးအခ်ိဳ႕အား ရွာေဖြေတြ႔ရေၾကာင္း သိရသည္။

“မူးယစ္ေဆးဝါးသတင္းအရ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးပါဝင္တဲ့ အသိသက္ေသေတြနဲ႔အတူ ေက်းရြာက လူေနအိမ္ တစ္အိမ္ကို ဝင္ေရာက္ရွာေဖြတာျဖစ္ပါတယ္။ အမ်ိဳးသမီးေတြရဲ့ ခႏၶာကိုယ္ကို ရွာေဖြတဲ့ေနရာမွာ အမ်ိဳးသမီးရဲေမနဲ႔ ရွာေဖြေစတာျဖစ္ပါတယ္။ အသက္(၃၀)နဲ႔(၄၀)အရြယ္ အမ်ိဳးသမီးႏွစ္ဦးရဲ႕ ရင္ဘတ္ၾကားမွာ သိမ္းထားတဲ့ စိတ္ၾကြ ေဆးျပားလို႔ ယူဆရတဲ့(WY) တံဆိပ္ပါေဆးျပားေတြကို ေတြ႔ရွိသိမ္းဆည္းခဲ့တာျဖစ္ပါတယ္”ဟု ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႔မွ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ ေကာင္းျမတ္ေက်ာ္က တာခီ်လိတ္သတင္းေအဂ်င္စီ သို႔ေျပာသည္။

ေနအိမ္တြင္ ေတြ႔ရသည့္ အသက္(၃၀)ႏွင့္ (၄၀)အရြယ္ အမ်ိဳးသမီးႏွစ္ဦး၏ ခႏၶာကိုယ္အား ရဲေမမ်ားက ရွာေဖြရာ ရင္ဘတ္ၾကားမွ WY စိတ္ၾကြေဆးျပား (၇၈၀)ျပားအား ရွာေဖြေတ႔ြရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္ အတူေတြ႔ရသည့္ နားအိုက္ခန္႔ေက်းရြာမွ အမ်ိဳးသမီး(၂)ဦးအား ေက်ာက္မဲၿမိဳ႕မ ရဲစခန္းတြင္ မယ(ပ)၂၀/၂၀၁၇၊ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစသည့္ ေဆးဝါးမ်ား ဆိုင္ရာ ဥပေဒ ပုဒ္မ (၁၅/၁၉(က)/ ၂၁ အရ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၊ နားအိုက်ခန့်ကျေးရွာအုပ်စု၊ နားအိုက်ခန့်ကျေးရွာတွင် သြဂုတ်လ(၁၆)ရက် နေ့လယ်ပိုင်းက ရဲတပ်ဖွဲ့နှင့် အသိသက်သေများ ပါဝင်သည့်အဖွဲ့ဖြင့် နေအိမ်အတွင်း ဝင်ရောက်ရှာဖွေရာ အမျိုးသမီး နှစ်ဦး၏ ခန္ဓာကိုယ်တွင်ဝှက်ထားသည့် စိတ်ကြွဆေးအချို့အား ရှာဖွေတွေ့ရကြောင်း သိရသည်။

“မူးယစ်ဆေးဝါးသတင်းအရ ကျေးရွာအုပ်ချုပ်ရေးမှူးပါဝင်တဲ့ အသိသက်သေတွေနဲ့အတူ ကျေးရွာက လူနေအိမ် တစ်အိမ်ကို ဝင်ရောက်ရှာဖွေတာဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကို ရှာဖွေတဲ့နေရာမှာ အမျိုးသမီးရဲမေနဲ့ ရှာဖွေစေတာဖြစ်ပါတယ်။ အသက်(၃၀)နဲ့(၄၀)အရွယ် အမျိုးသမီးနှစ်ဦးရဲ့ ရင်ဘတ်ကြားမှာ သိမ်းထားတဲ့ စိတ်ကြွ ဆေးပြားလို့ ယူဆရတဲ့(WY) တံဆိပ်ပါဆေးပြားတွေကို တွေ့ရှိသိမ်းဆည်းခဲ့တာဖြစ်ပါတယ်”ဟု ကျောက်မဲမြို့မရဲတပ်ဖွဲ့မှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကောင်းမြတ်ကျော်က တာချီလိတ်သတင်းအေဂျင်စီ သို့ပြောသည်။

နေအိမ်တွင် တွေ့ရသည့် အသက်(၃၀)နှင့် (၄၀)အရွယ် အမျိုးသမီးနှစ်ဦး၏ ခန္ဓာကိုယ်အား ရဲမေများက ရှာဖွေရာ ရင်ဘတ်ကြားမှ WY စိတ်ကြွဆေးပြား (၇၈၀)ပြားအား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မူးယစ်ဆေးဝါးများနှင့် အတူတွေ့ရသည့် နားအိုက်ခန့်ကျေးရွာမှ အမျိုးသမီး(၂)ဦးအား ကျောက်မဲမြို့မ ရဲစခန်းတွင် မယ(ပ)၂၀/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများ ဆိုင်ရာ ဥပဒေ ပုဒ်မ (၁၅/၁၉(က)/ ၂၁ အရ အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်  
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::