တာခ်ီလိတ္ခရိုင္ မိုင္းေယာင္းၿမိဳ႕တြင္ ေရအားလွ်ပ္စစ္ ၀ါယာေရွာ့ေၾကာင့္ ေနအိမ္တစ္လံုး မီးေလာင္

တာခ်ီလိတ္ခရိုင္ မိုင္းေယာင္းၿမိဳ႕တြင္ ေရအားလွ်ပ္စစ္ ၀ါယာေရွာ့ေၾကာင့္ ေနအိမ္တစ္လံုး မီးေလာင္
သြဂုတ် 11, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မိုင္းေယာင္းၿမိဳ႕နယ္၊ ၀မ္ဘိုးေက်းရြာအုပ္စု၊ ယမ္းမြန္း ေက်းရြာတြင္ ေရအားလွ်ပ္စစ္ ၀ါယာေရွာ့ျဖစ္ပြားရာမွ ပ်ဥ္ကာ ေနအိမ္တစ္လံုး ၾသဂုတ္လ(၁၁)ရက္ေန႔ မြန္းလြဲ (၁၂း၄၅)နာရီ၀န္းက်င္ အခ်ိန္က မီးေလာင္ဆံုးရႈံးသြားေၾကာင္း သိရသည္။

ယမ္းမြန္းေက်းရြာေန ဦးအိုက္ေထာင္း၏ ေနအိမ္တြင္ ေရအားလွ်ပ္စစ္ ၀ါယာေရွာ့ျဖစ္ၿပီး မီးေလာင္မႈ ျဖစ္ပြားရာ စစ္ဗ်ဴဟာမွဴး ဗုိလ္မွဴးႀကီး ၀င္းေက်ာ္သူ ဦးစီးသည့္ တပ္ရင္းတပ္ဖြဲ႔မ်ား၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းႏိုင္ေအာင္၊ ယာယီ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးႏိုင္၀င္း ဦးစီးသည့္ တပ္ဖဲြ႕၀င္မ်ား၊ ၿမဳိ႕နယ္မီးသတ္ဦးစီးဌာန မွ ၿမိဳ႕နယ္ဦးစီးမွဴး ဦးေအးမင္းေမာင္ ဦးစီးသည့္ တပ္ဖြဲ႔၀င္မ်ားႏွင့္ ေက်းရြာေန တိုင္းရင္းသား ျပည္သူတို႔ ၀ိုင္း၀န္း ၿငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။

၀ိုင္း၀န္းမီးႃငွိမ္းသတ္ႏိုင္မႈေၾကာင့္ ေန႔လယ္ (၁း၁၅)နာရီအခ်ိန္တြင္ မီးညႊန္႔က်ဳိးသြားၿပီး (၁း၄၅)နာရီ ၀န္းက်င္တြင္ မီးလံုး၀ ၿငိမ္းသြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ေၾကာင့္ အလ်ား(၂၀)ေပ၊ အနံ(၁၅)ေပရွိ ေျခတံရွည္ အုတ္ၾကြပ္မိုး ၊ ပ်ဥ္ကာ၊ ပ်ဥ္ခင္း ေနအိမ္ တစ္လံုး မီးေလာင္ဆံုးရႈံးသြားေသာ္လည္း အနီး၀န္းက်င္ရွိ ေနအိမ္မ်ားသို႔ ကူးစက္ေလာင္းကြ်မ္းမႈ မရွိေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ အိမ္ရွင္ ဦးအိုက္ေထာင္းအား မိုင္းေယာင္းၿမိဳ႕မရဲစခန္းတြင္ ဥပေဒအရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

သတင္း - ေ၀ယံလင္း
ဓာတ္ပံု - မုိင္းေယာင္း ၿမဳိ႕နယ္ျပန္/ဆက္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဝမ်ဘိုးကျေးရွာအုပ်စု၊ ယမ်းမွန်း ကျေးရွာတွင် ရေအားလျှပ်စစ် ဝါယာရှော့ဖြစ်ပွားရာမှ ပျဉ်ကာ နေအိမ်တစ်လုံး သြဂုတ်လ(၁၁)ရက်နေ့ မွန်းလွဲ (၁၂း၄၅)နာရီဝန်းကျင် အချိန်က မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

ယမ်းမွန်းကျေးရွာနေ ဦးအိုက်ထောင်း၏ နေအိမ်တွင် ရေအားလျှပ်စစ် ဝါယာရှော့ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားရာ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းကျော်သူ ဦးစီးသည့် တပ်ရင်းတပ်ဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်၊ ယာယီ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်ဝင်း ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဦးအေးမင်းမောင် ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေ တိုင်းရင်းသား ပြည်သူတို့ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ဝိုင်းဝန်းမီးငြှိမ်းသတ်နိုင်မှုကြောင့် နေ့လယ် (၁း၁၅)နာရီအချိန်တွင် မီးညွှန့်ကျိုးသွားပြီး (၁း၄၅)နာရီ ဝန်းကျင်တွင် မီးလုံးဝ ငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် အလျား(၂၀)ပေ၊ အနံ(၁၅)ပေရှိ ခြေတံရှည် အုတ်ကြွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ် တစ်လုံး မီးလောင်ဆုံးရှုံးသွားသော်လည်း အနီးဝန်းကျင်ရှိ နေအိမ်များသို့ ကူးစက်လောင်းကျွမ်းမှု မရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အိမ်ရှင် ဦးအိုက်ထောင်းအား မိုင်းယောင်းမြို့မရဲစခန်းတွင် ဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

သတင်း -ေဝယံလင်း
ဓာတ်ပုံ - မိုင်းယောင်း မြို့နယ်ပြန်/ဆက် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~