မကွေးတိုင်းအတွင်း ကမ်းပါးပြိုမှုများနေသဖြင့် မိကျောင်းရဲကျောက်ထုတ်လုပ်ကွက် လုပ်ကိုင်ခွင့်ပြုရန် ပြင်ဆင်နေဆဲ
မကွေးတိုင်းအတွင်း ကမ်းပါးပြိုမှုများနေသဖြင့် မိကျောင်းရဲကျောက်ထုတ်လုပ်ကွက် လုပ်ကိုင်ခွင့်ပြုရန် ပြင်ဆင်နေဆဲ
သွဂုတျ 25, 2017
By Tachileik News Agency
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်မှ မိကျောင်းရဲကျောက်ထုတ်လုပ်ကွက်များမှာ သတ်မှတ်ခွင့် ပြုချက်ထက် ကျော်လွန်တူးဖော်နေကြသဖြင့် ဧရာဝတီမြစ် ရေစီးကြောင်းပြောင်းလဲစေပြီး အန္တရာယ်ဖြစ် ပေါ်စေနိုင်၍ လုပ်ကိုင်ခွင့်ယာယီပိတ်ထားခြင်းဖြစ်ပြီး စနစ်တကျ ပြန်လည်လုပ်ကိုင်ခွင့်ပြုရန် ပြင်ဆင်ဆဲဖြစ်ကြောင်း သိရသည်။
ဧရာဝတီမြစ်ကူးတံတား(မလွန်)၏ မြောက်ဘက် တစ်မိုင်ခွဲခန့်အကွာရှိ မင်းလှမြို့နယ်၊ မိကျောင်းရဲ တိုက်နယ် ပေတော၊ သပြေတော ကျောက်ထုတ်လုပ်ကွက်ပေါင်း(၄၉)ကွက်ရှိနေခြင်းဖြစ်ပြီး အဆိုပါလုပ်ငန်းများမှ ရရှိသည့် အခွန်ငွေနှင့် အဆိုပါလုပ်ငန်းများကြောင့် ကမ်းပါးပြိုခြင်း၊ တံတား ထိခိုက်ခြင်း အကျိုးဆက်ကြောင့် ကုန်ကျမည့်ငွေပမာဏမှာ ချိန်ဆသုံးသပ်ရန်လိုအပ်လာသဖြင့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၁၁) ရက်နေ့မှ စတင်ကာ လုပ်ငန်းများ ယာယီရပ်ဆိုင်းထားရန် ညွှန်ကြားထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကျောက်ထုတ်လုပ်ငန်းများအနေဖြင့် မြစ်ကြမ်းပြင်မှ ကျောက်ကိုစုပ်ယူရာမှ ပါလာသည့်သဲမှ ရွှေထုတ်ယူခြင်းဖြစ်ပြီး ရွှေသီးသန့်ထုတ်လုပ်နေခြင်းမရှိကြောင်း ကျောက်ထုတ်လုပ်ငန်း လုပ်ကိုင်သူများက ဆိုသည်။
အဆိုပါလုပ်ကွက်မှာ ၂၀၁၀ ခုနှစ်ဝန်းကျင်ခန့်ကတည်းက စတင်လုပ်ကိုင်လာကြခြင်းဖြစ်ပြီး လုပ်ကွက်ပေါင်း (၄၉)ကွက်တွင် စက်လှေပေါင်း(၁၀၀)ကျော်ဖြင့် အနီးဝန်းကျင်ကျေးရွာ(၂၀)ခန့်မှ လုပ်သား(၂၀၀၀)ကျော်ခန့် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ -  #ဖီးနစ်
~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်မှ မိကျောင်းရဲကျောက်ထုတ်လုပ်ကွက်များမှာ သတ်မှတ်ခွင့် ပြုချက်ထက် ကျော်လွန်တူးဖော်နကြေသဖြင့် ဧရာဝတီမြစ် ရေစီးကြောင်းပြောင်းလဲစပြေီး အန္တရာယ်ဖြစ် ပေါ်စေနိုင်၍ လုပ်ကိုင်ခွင့်ယာယီပိတ်ထားခြင်းဖြစ်ပြီး စနစ်တကျ ပြန်လည်လုပ်ကိုင်ခွင့်ပြုရန် ပြင်ဆင်ဆဲဖြစ်ကြောင်း သိရသည်။
“တူးခွင့်ပေးထားတဲ့နေရာ၊ တူးခွင့်ပေးထားတဲ့အနက်၊ တူးခွင့်ပြုထားတဲ့ ကျင်းအရေအတွက်အတိုင်းတူးမှ ရေစီးကြောင်းကို မထိခိုက်မှာဖြစ်လို့ လုပ်ငန်းရှင်တွေအနေနဲ့ အတိအကျလိုက်နာဆောင်ရွက်ဖို့လိုတယ်။ အခုတော့ သူတို့က လိုက်နာမှု မရှိကြတော့ ဧရာဝတီမြစ်ရေစီးကြောင်းကို ပြောင်းလဲသွားစပြေီး ကမ်းပါးပြိုတဲ့ ပြဿနာတွေနဲ့ ကြုံတွေ့နေရတယ်။ မကွေးတိုင်းမှာ ကမ်းပါးပြိုတာတွေ များနေတယ်”ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးက ပြောသည်။
ဧရာဝတီမြစ်ကူးတံတား(မလွန်)၏ မြောက်ဘက် တစ်မိုင်ခွဲခန့်အကွာရှိ မင်းလှမြို့နယ်၊ မိကျောင်းရဲ တိုက်နယ် ပေတော၊ သပြေတော ကျောက်ထုတ်လုပ်ကွက်ပေါင်း(၄၉)ကွက်ရှိနခြေင်းဖြစ်ပြီး အဆိုပါလုပ်ငန်းများမှ ရရှိသည့် အခွန်ငွေနှင့် အဆိုပါလုပ်ငန်းများကြောင့် ကမ်းပါးပြိုခြင်း၊ တံတား ထိခိုက်ခြင်း အကျိုးဆက်ကြောင့် ကုန်ကျမည့်ငွေပမာဏမှာ ချိန်ဆသုံးသပ်ရန်လိုအပ်လာသဖြင့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၁၁) ရက်နေ့မှ စတင်ကာ လုပ်ငန်းများ ယာယီရပ်ဆိုင်းထားရန် ညွှန်ကြားထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“မိကျောင်းရဲ ကျောက်ထုတ်လုပ်ကွက်မှာ ထုတ်လုပ်ခွင့်တင်ထားတာက ကျင်း (၃၀၀)၊ ကျင်း(၅၀၀)။ တကယ်ထုတ်တော့ အနည်းဆုံး ကျင်း (၃၀၀၀၀)ကနေ (၅၀၀၀၀)လာက်အထိ ထုတ်နကြေတယ်။ ကျွန်တော်တို့ လေ့လာ စုံစမ်းရသလောက်က ကျောက်ထုတ်ဖို့ထက် ရွှေထုတ်နိုင်ဖို့အတွက် မြစ်ကြမ်းပြင် အောက်ကို (၂၅) ပေ၊ ပေ (၃၀) လောက်အထိနှိုက် ထုတ်ကြတယ်။ သာမန် ကျောက်ထုတ်ဖို့ လောက်ပဲဆိုရင် အပေါ်ယံ လေးပေ၊ ငါးပေလောက်ပဲ စုပ်ထုတ်ရတယ်။ တွက်ချက်ချထားမှုထက် ကျော်လွန်တူးကြတော့ ရေလမ်းကြောင်းတွေ ပြောင်းသွားတယ်။ တိုင်းဒေသကြီး အတွက်လည်း ရသင့်ရထိုက်တဲ့အခွန်ငွေမရတော့ဘူးဖြစ်နေတယ်”ဟု တိုင်းဒေသကြီး ရေအရင်းအမြစ် နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်လွင်က တာချီလိတ်အေဂျင်စီသို့ ပြောကြားသည်။
ကျောက်ထုတ်လုပ်ငန်းများအနဖြေင့် မြစ်ကြမ်းပြင်မှ ကျောက်ကိုစုပ်ယူရာမှ ပါလာသည့်သဲမှ ရွှေထုတ်ယူခြင်းဖြစ်ပြီး ရွှေသီးသန့်ထုတ်လုပ်နခြေင်းမရှိကြောင်း ကျောက်ထုတ်လုပ်ငန်း လုပ်ကိုင်သူများက ဆိုသည်။
“ရွှေကျင်တယ်ဆိုတာကလည်း သီးသန့် ရွှေထုတ်တာမျိုးမဟုတ်ပါဘူး။ ကျောက်စုပ်တဲ့အခါ ကျောက်စရစ်ပဲ ရေယာဉ်ပေါ်ရောက်ပြီး စွန့်ပစ်ပစ္စည်းဖြစ်တဲ့ သဲနဲ့ရေနဲ့က မြစ်ထဲကိုပြန်ဆင်းတာ။ အဲလိုဆင်းတဲ့အခါ ရေဆင်းလမ်းမှာ ကတ္တီပါအခင်းခင်းထားတော့ အဲဒီကတ္တီပါစမှာ ကပ်ကျန်ခဲ့တဲ့ရွှေမှုန်လေးတွေကို ကျင်ယူရတာမျိုးပါ။ တစ်နေ့ သုံး/လေးသောင်းဖိုးပဲရတာပါ။ ဒါလည်း အစိုးရအဖွဲ့ကတာဝန်ရှိသူတွေကို ပြောဖူးတယ်။ တစ်နေ့လောက်အချိန်ပေးပြီး စက်လှေတွေကို နေရာခွဲချပြီး လုပ်ကြည့်မယ်ဆိုရင် ရွှေဘယ်လောက် ရတယ်ဆိုတာ သိပါလိမ့်မယ်လို့။ အဲဒီလိုစမ်းသပ်ကြည့်လို့ ဘယ်လောက်ရတယ်ဆိုတာ သိပြီဆိုရင် ရတဲ့ရွှေ အတွက် အခွန်ဆောင်ဆိုလည်း သတ်မှတ်ပေးပါ ဆောင်ပါမယ်။ နောက်ဆုံး ရွှေမထုတ်နဲ့ဆိုရင်လည်း မထုတ်ဘူး။ တွေ့ရှိရင် ဥပဒေအရ အရေးယူပါ”ဟု ကျောက်ထုတ်လုပ်ငန်းရှင် မသန်းသန်းစိုးက ပြောသည်။
အဆိုပါလုပ်ကွက်မှာ ၂၀၁၀ ခုနှစ်ဝန်းကျင်ခန့်ကတည်းက စတင်လုပ်ကိုင်လာကြခြင်းဖြစ်ပြီး လုပ်ကွက်ပေါင်း (၄၉)ကွက်တွင် စက်လှေပေါင်း(၁၀၀)ကျော်ဖြင့် အနီးဝန်းကျင်ကျေးရွာ(၂၀)ခန့်မှ လုပ်သား(၂၀၀၀)ကျော်ခန့် လုပ်ကိုင်နခြေင်းဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - #ဖီးနစ်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~