တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းကိုးေက်းရြာအုပ္စုတြင္ တစ္ရြာတည္းေနသူႏွင့္မိခင္ျဖစ္သူတို႔အား ဓါးျဖင့္ထိုးၿပီးေနာက္ မိမိကိုယ္ကို ဓါးျဖင့္ ျပန္ထိုးမႈ ျဖစ္ပြား

တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းကိုးေက်းရြာအုပ္စုတြင္ တစ္ရြာတည္းေနသူႏွင့္မိခင္ျဖစ္သူတို႔အား ဓါးျဖင့္ထိုးၿပီးေနာက္ မိမိကိုယ္ကို ဓါးျဖင့္ ျပန္ထိုးမႈ ျဖစ္ပြား
သြဂုတ် 7, 2017
By Tachileik News Agency

တစ္ရြာတည္းေနသူႏွင့္ မိခင္ျဖစ္သူကို ဓါးျဖင့္ထိုးၿပီး မိမိကိုယ္ကိုဓါးျဖင့္ျပန္ထုိးသျဖင့္ သံုးဦးလံုး တာခ်ီလိတ္ေဆးရံုတြင္ ကုသမႈခံယူေနရ

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ မုိင္းကုိးေက်းရြာအုပ္စု၊ က်သဲတုိဘုိရြာတြင္ ၾသဂုတ္လ (၆)ရက္ေန႔ညေနက တစ္ရြာတည္းေနသူတစ္ဦးႏွင့္ မိခင္ျဖစ္သူတို႔အား ဓါးျဖင့္ထိုးကာ မိမိကိုယ္ကိုလည္း ဓါးျဖင့္ထိုးသျဖင့္  သံုးဦးလံုးဒဏ္ရာ အျပင္းအထန္ရသြားၿပီး တာခ်ီလိတ္ခရိုင္ ကုတင္(၁၀၀)ဆံ့ ျပည္သူ႔ေဆးရံုတြင္ ေဆးကုသမႈခံယူေနရေၾကာင္း သိရသည္။

အဆိုပါရြာမွ အသက္ (၂၅)ႏွစ္အရြယ္ က်ေလာက်ိဳးဆိုသူက ၾသဂုတ္လ(၆)ရက္ ညေန(၅)နာရီခြဲခန္႔တြင္ တစ္ရြာတည္းေန အသက္ (၃၈)ႏွစ္အရြယ္ က်ေလာဖား၏ ေနအိမ္ေပၚတက္၍ ဓါးျဖင့္ထုိုးသျဖင့္ က်ေလာဖားမွာ ဒဏ္ရာျဖင့္ထြက္ေျပးစဥ္ က်ေလာက်ိဳးက ေနာက္မွ ေျပးလိုက္လာသည္ကို ဦးက်ကဲ၏ ေနအိမ္တြင္ အလည္အပတ္ ေရာက္ေနသည့္ က်ေလာက်ိဳး၏ မိခင္ျဖစ္သူက ျမင္သျဖင့္ ဝင္ေရာက္ တားျမစ္ျခင္းျဖစ္ေၾကာင္း သိရသည္။

က်ေလာက်ိဳးသည္ တားျမစ္လာသည့္ အသက္ (၄၇)အႏွစ္အရြယ္ မိခင္ျဖစ္သူ ေဒၚနာဖစ္အားလည္း ဓါးျဖင့္ထိုးၿပီး မိမိကိုယ္ကို ဝမ္းဗိုက္အား ဓါးျဖင့္ထိုးခဲ့သျဖင့္ (၃)ဦးလံုးတြင္ ဒဏ္ရာျပင္းထန္စြာ ရသြားျခင္းျဖစ္ေၾကာင္းသိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ က်ေလာက်ိဳးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၁၆၀/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၄၅/၃၂၆/၃၀၉ ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ဓာတ္ပံု - မိုင္းကိုး ရပ္/ေက်း


~~~~~~~~⊰❂ unicode ~~~~~~~~

တစ်ရွာတည်းနေသူနှင့် မိခင်ဖြစ်သူကို ဓားဖြင့်ထိုးပြီး မိမိကိုယ်ကိုဓားဖြင့်ပြန်ထိုးသဖြင့် သုံးဦးလုံး တာချီလိတ်ဆေးရုံတွင် ကုသမှုခံယူနေရ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ကျသဲတိုဘိုရွာတွင် သြဂုတ်လ (၆)ရက်နေ့ညနေက တစ်ရွာတည်းနေသူတစ်ဦးနှင့် မိခင်ဖြစ်သူတို့အား ဓားဖြင့်ထိုးကာ မိမိကိုယ်ကိုလည်း ဓားဖြင့်ထိုးသဖြင့် သုံးဦးလုံးဒဏ်ရာ အပြင်းအထန်ရသွားပြီး တာချီလိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

အဆိုပါရွာမှ အသက် (၂၅)နှစ်အရွယ် ကျလောကျိုးဆိုသူက သြဂုတ်လ(၆)ရက် ညနေ(၅)နာရီခွဲခန့်တွင် တစ်ရွာတည်းနေ အသက် (၃၈)နှစ်အရွယ် ကျလောဖား၏ နေအိမ်ပေါ်တက်၍ ဓားဖြင့်ထိုးသဖြင့် ကျလောဖားမှာ ဒဏ်ရာဖြင့်ထွက်ပြေးစဉ် ကျလောကျိုးက နောက်မှ ပြေးလိုက်လာသည်ကို ဦးကျကဲ၏ နေအိမ်တွင် အလည်အပတ် ရောက်နေသည့် ကျလောကျိုး၏ မိခင်ဖြစ်သူက မြင်သဖြင့် ဝင်ရောက် တားမြစ်ခြင်းဖြစ်ကြောင်း သိရသည်။

ကျလောကျိုးသည် တားမြစ်လာသည့် အသက် (၄၇)အနှစ်အရွယ် မိခင်ဖြစ်သူ ဒေါ်နာဖစ်အားလည်း ဓားဖြင့်ထိုးပြီး မိမိကိုယ်ကို ဝမ်းဗိုက်အား ဓားဖြင့်ထိုးခဲ့သဖြင့် (၃)ဦးလုံးတွင် ဒဏ်ရာပြင်းထန်စွာ ရသွားခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျလောကျိုးအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၁၆၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၄၅/၃၂၆/၃၀၉ ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

ဓာတ်ပုံ - မိုင်းကိုး ရပ်/ကျေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~