ေက်းရြာမ်ားအနီး မည္သည့္လက္နက္ကိုင္တပ္မွ စခန္းခ်ေနထိုင္ျခင္း၊ လႈပ္ရွားျခင္းမျပဳရန္ ေဒသခံမ်ားေတာင္းဆို

ေက်းရြာမ်ားအနီး မည္သည့္လက္နက္ကိုင္တပ္မွ စခန္းခ်ေနထိုင္ျခင္း၊ လႈပ္ရွားျခင္းမျပဳရန္ ေဒသခံမ်ားေတာင္းဆို
သြဂုတ် 31, 2017
By Tachileik News Agency

ကယားျပည္နယ္ ဖရူဆိုၿမိဳ႕နယ္အတြင္းရွိ ေက်းရြာမ်ားအနီး လက္နက္ကိုင္တပ္မ်ား စခန္းခ် ေနထိုင္မႈမ်ားေၾကာင့္ တပ္မ်ားအၾကား တင္းမာမႈမ်ားျဖစ္ပြားလ်က္ရွိသျဖင့္ ေက်းရြာအနီး လက္နက္ကိုင္ တပ္မ်ား စခန္းခ်ျခင္း မျပဳလုပ္ရန္ ေဒသခံမ်ားႏွင့္ အရပ္ဖက္အဖြဲ႕စည္းမ်ားက ေတာင္းဆိုလိုက္သည္။

ဖရူဆိုၿမိဳ႕နယ္ ေကးလ်ားေက်းရြာအုပ္စု ေဒါသကလဲ့ေက်းရြာအနီး တ်ိဳ႕တဲ႕ဆိုေတာင္ေပၚ တြင္ ၾသဂုတ္လ (၁၅) ရက္ေန႕က KNPP ၏ ယာယီနားေနတဲမ်ား ေဆာက္လုပ္ခဲ့ၿပီးေနာက္ KNPP ႏွင့္ ျမန္မာ့တပ္မေတာ္ အၾကား တင္းမာမႈမ်ား ျဖစ္ပြားခဲ့သျဖင့္ ေဒသခံမ်ား ႏွင့္ တပ္ႏွစ္တပ္အၾကား အျပန္အလွန္ေဆြးေႏြး ခဲ႕ၾကရကာ ၾသဂုတ္ (၁၇) ရက္ေန႕ တြင္ KNPP မွအဆိုပါတဲမ်ားကို ျပန္လည္ ျဖဳတ္သိမ္း ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေနာင္တြင္ ႏွစ္ဖက္တပ္မ်ား ရြာအနီး စခန္းခ်ေနထိုင္မႈမ်ား မျပဳလုပ္ရန္ႏွင့္ ၿငိမ္းခ်မ္းေရးကိုသာ ဦးတည္ေပးရန္ ကယားျပည္နယ္ ျငိမ္းခ်မ္းေရးႏွင့္ ေလ့လာေစာင့္ၾကည့္ေရးကြန္ရက္ ႏွင့္ အရပ္ ဖက္အဖြဲ႕စည္း (၁၂) ဖြဲ႕မွ ထုတ္ျပန္ထားသည္။

လတ္တေလာ ျဖစ္ပြားခဲ႕ေသာ တင္းမာမႈမ်ားေၾကာင့္ အဆိုပါေနရာမ်ား အနီးရွိ ေဒသခံမ်ားမွာ တိုက္ပြဲမ်ား ျပန္လည္ ျဖစ္ပြားမည္ကို စိုးရိမ္တႀကီးျဖစ္ေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။

" အဓိကကေတာ့ ႏွစ္ဖက္တပ္ေတြၾကား နားလည္မႈလြဲတာလို႕လည္း ေျပာလို႔ရတာေပါ့။ ႏွစ္ဖက္တပ္အၾကား စစ္ေရး ဗ်ဴဟာေတြအရလည္း တစ္ဖက္နဲ႕တစ္ဖက္ မတူၾကဘူး။ ၿပီးေတာ့ ျပႆနာျဖစ္လာေတာ့ အၾကမ္းနည္းေတြ သုံးျပီး ေျဖရွင္းမယ့္ အေနထားမိိ်ဳး ျဖစ္လာတာေပါ့ ။ ဒါေတြျဖစ္လာေတာ့ ေဒသခံေတြက စိုးရိမ္တယ္။ အရင္လို တိုက္ပြဲျပန္ ျဖစ္ေတာ့မလားေပါ့။ အဲဒီအေပၚ အဓိက ေဒသခံေတြအတြက္ ျပည္သူေတြအတြက္ ျငိမ္းခ်မ္းေရး ကိုသာ ေရွးရႈေပးပါ ။ႏွစ္ဖက္ အပစ္အခတ္ရပ္စဲေရး လက္မွတ္ထိုးထားတာေတြ လိုက္နာေပးၾကပါလို႕ ကြ်န္ေတာ္တို႕က ေတာင္းဆိုတာေပါ့ "ဟု ကယားျပည္နယ္ ျငိမ္းခ်မ္းေရးႏွင့္ ေလ့လာေစာင့္ၾကည့္ေရး ကြန္ရက္ မွ ကိုတူရယ္ ကေျပာသည္။

ႏွစ္ဖက္လက္နက္ကိုင္တပ္မ်ားအေနျဖင့္ ေက်းရြာမ်ားအနီး စခန္းေဆာက္ျခင္း၊ လႈပ္ရွားျခင္းမ်ား ျပဳလုပ္မည္ကို ေဒသခံမ်ားက စိတ္အေႏွာင့္အယွက္ျဖစ္ရသည္ဟု ဆိုသည္။

"ဒီကိစၥျဖစ္ေတာ့ ရြာသားေတြကလည္း ေျပာၾကတယ္။ ထပ္ျပီးအရင္လို တိုက္ပြဲေတြ ျပန္ျဖစ္မွာ စိုးရိမ္တယ္ေပါ့ ။ တပ္ေတြ ရြာေတြထဲ ဝင္လႈပ္ရွားတာ စခန္းခ်တာ အစိုးရတပ္ေကာ KNPP ဖက္ကေကာ လုံးဝ မလုပ္ေစခ်င္ဘူးေပါ့။ ကြ်န္တာ္တို႕ေဒသခံေတြ အတြက္လည္း စိုးရိမ္မႈေတြနဲ႕ပဲ မေနခ်င္ေတာ့ဘူးေပါ့ " ဟု ဖရူဆိုၿမိဳ႕မွ ေဒသခံတစ္ဦး ျဖစ္သည့္ ဦးထားရု ကေျပာသည္။

တပ္မေတာ္ႏွင့္ KNPP တို႕အၾကား ႏွစ္ဖက္တိုက္ပြဲမ်ား မျဖစ္ေစရန္ အပစ္အခတ္ရပ္စဲေရး စာခ်ဳပ္မ်ား ကိုလည္း လိုက္နာ၍ ျငိမ္းခ်မ္းေရး ရရိွေရး လုပ္ေဆာင္ေနသည္ဟု အသိအမွတ္ျပဳ ယုံၾကည္ထားသျဖင့္ ျပႆနာ ျဖစ္ပြားခဲ႕ေသာ ေတာင္ကုန္းတြင္ မည္သည့္တပ္မွ စခန္းေဆာက္လုပ္ျခင္း မျပဳရန္၊ တည္ျငိမ္ ေအးခ်မ္းေရးႏွင့္ ဖြံ႔ၿဖိဳးေရး ကိုေရွးရႈ၍ ႏွစ္ဖက္တပ္မ်ားမွ ၎တို႕ခ်ဳပ္ဆိုထားေသာ အပစ္အခတ္္ရပ္စဲေရး စာခ်ဳပ္ကို ေလးစားလိုက္နာရန္၊ တင္းမာမႈမ်ားျဖစ္သည့္အခါတိုင္း ညိႇႏိႈင္း အေျဖရွာျခင္း နည္းလမ္းကိုသာ ဦးစားေပးၾကရန္ ကယားျပည္နယ္ ျငိမ္းခ်မ္းေရး ေစာင့္ၾကည့္ေလ့လာေရးကြန္ရက္ ႏွင့္ အရပ္ဖက္အဖြဲ႕စည္း (၁၂) ဖြဲ႕မွ သက္ဆိုင္ရာတပ္မ်ားထံ ေတာင္းဆိုထားေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာများအနီး လက်နက်ကိုင်တပ်များ စခန်းချ နေထိုင်မှုများကြောင့် တပ်များအကြား တင်းမာမှုများဖြစ်ပွားလျက်ရှိသဖြင့် ကျေးရွာအနီး လက်နက်ကိုင် တပ်များ စခန်းချခြင်း မပြုလုပ်ရန် ဒေသခံများနှင့် အရပ်ဖက်အဖွဲ့စည်းများက တောင်းဆိုလိုက်သည်။

ဖရူဆိုမြို့နယ် ကေးလျားကျေးရွာအုပ်စု ဒေါသကလဲ့ကျေးရွာအနီး တျို့တဲ့ဆိုတောင်ပေါ် တွင် သြဂုတ်လ (၁၅) ရက်နေ့က KNPP၏ ယာယီနားနေတဲများ ဆောက်လုပ်ခဲ့ပြီးနောက် KNPP နှင့် မြန်မာ့တပ်မတော် အကြား တင်းမာမှုများ ဖြစ်ပွားခဲ့သဖြင့် ဒေသခံများ နှင့် တပ်နှစ်တပ်အကြား အပြန်အလှန်ဆွေးနွေး ခဲ့ကြရကာ သြဂုတ် (၁၇) ရက်နေ့ တွင် KNPP မှအဆိုပါတဲများကို ပြန်လည် ဖြုတ်သိမ်း ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောင်တွင် နှစ်ဖက်တပ်များ ရွာအနီး စခန်းချနေထိုင်မှုများ မပြုလုပ်ရန်နှင့် ငြိမ်းချမ်းရေးကိုသာ ဦးတည်ပေးရန် ကယားပြည်နယ် ငြိမ်းချမ်းရေးနှင့် လေ့လာစောင့်ကြည့်ရေးကွန်ရက် နှင့် အရပ်ဖက်အဖွဲ့စည်း (၁၂) ဖွဲ့မှ ထုတ်ပြန်ထားသည်။

လတ်တလော ဖြစ်ပွားခဲ့သော တင်းမာမှုများကြောင့် အဆိုပါနေရာများ အနီးရှိ ဒေသခံများမှာ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားမည်ကို စိုးရိမ်တကြီးဖြစ်နကြခြေင်းဖြစ်ကြောင်း သိရသည်။

" အဓိကကတော့ နှစ်ဖက်တပ်တွကြေား နားလည်မှုလွဲတာလို့လည်း ပြောလို့ရတာပေါ့။ နှစ်ဖက်တပ်အကြား စစ်ရေး ဗျူဟာတွေအရလည်း တစ်ဖက်နဲ့တစ်ဖက် မတူကြဘူး။ ပြီးတော့ ပြဿနာဖြစ်လာတော့ အကြမ်းနည်းတွေ သုံးပြီး ဖြေရှင်းမယ့် အနေထားမျိုး ဖြစ်လာတာပေါ့။ ဒါတွဖြေစ်လာတော့ ဒေသခံတွေက စိုးရိမ်တယ်။ အရင်လို တိုက်ပွဲပြန် ဖြစ်တော့မလားပေါ့။ အဲဒီအပေါ် အဓိက ဒေသခံတွေအတွက် ပြည်သူတွေအတွက် ငြိမ်းချမ်းရေး ကိုသာ ရှေးရှုပေးပါ။နှစ်ဖက် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားတာတွေ လိုက်နာပေးကြပါလို့ ကျွန်တော်တို့က တောင်းဆိုတာပေါ့ "ဟု ကယားပြည်နယ် ငြိမ်းချမ်းရေးနှင့် လေ့လာစောင့်ကြည့်ရေး ကွန်ရက် မှ ကိုတူရယ် ကပြောသည်။

နှစ်ဖက်လက်နက်ကိုင်တပ်များအနဖြေင့် ကျေးရွာများအနီး စခန်းဆောက်ခြင်း၊ လှုပ်ရှားခြင်းများ ပြုလုပ်မည်ကို ဒေသခံများက စိတ်အနှောင့်အယှက်ဖြစ်ရသည်ဟု ဆိုသည်။

"ဒီကိစ္စဖြစ်တော့ ရွာသားတွေကလည်း ပြောကြတယ်။ ထပ်ပြီးအရင်လို တိုက်ပွဲတွေ ပြန်ဖြစ်မှာ စိုးရိမ်တယ်ပေါ့။ တပ်တွေ ရွာတွေထဲ ဝင်လှုပ်ရှားတာ စခန်းချတာ အစိုးရတပ်ကော KNPP ဖက်ကကော လုံးဝ မလုပ်စေချင်ဘူးပေါ့။ ကျွန်တာ်တို့ဒေသခံတွေ အတွက်လည်း စိုးရိမ်မှုတွေနဲ့ပဲ မနေချင်တော့ဘူးပေါ့ " ဟု ဖရူဆိုမြို့မှ ဒေသခံတစ်ဦး ဖြစ်သည့် ဦးထားရု ကပြောသည်။

တပ်မတော်နှင့် KNPP တို့အကြား နှစ်ဖက်တိုက်ပွဲများ မဖြစ်စေရန် အပစ်အခတ်ရပ်စဲရေး စာချုပ်များ ကိုလည်း လိုက်နာ၍ ငြိမ်းချမ်းရေး ရရှိရေး လုပ်ဆောင်နေသည်ဟု အသိအမှတ်ပြု ယုံကြည်ထားသဖြင့် ပြဿနာ ဖြစ်ပွားခဲ့သော တောင်ကုန်းတွင် မည်သည့်တပ်မှ စခန်းဆောက်လုပ်ခြင်း မပြုရန်၊ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေး ကိုရှေးရှု၍ နှစ်ဖက်တပ်များမှ၎င်းတို့ချုပ်ဆိုထားသော အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လေးစားလိုက်နာရန်၊ တင်းမာမှုများဖြစ်သည့်အခါတိုင်း ညှိနှိုင်း အဖြေရှာခြင်း နည်းလမ်းကိုသာ ဦးစားပေးကြရန် ကယားပြည်နယ် ငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာရေးကွန်ရက် နှင့် အရပ်ဖက်အဖွဲ့စည်း (၁၂) ဖွဲ့မှ သက်ဆိုင်ရာတပ်များထံ တောင်းဆိုထားကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~