ေက်ာက္မဲတြင္ မူးယစ္ေဆးသံုးစြဲရန္ႏွင့္ ေရာင္းခ်ရန္လက္ဝယ္ထားရိွသူႏွစ္ဦးအား ဖမ္းဆီးရမိ

ေက်ာက္မဲတြင္ မူးယစ္ေဆးသံုးစြဲရန္ႏွင့္ ေရာင္းခ်ရန္လက္ဝယ္ထားရိွသူႏွစ္ဦးအား ဖမ္းဆီးရမိ
သြဂုတ် 1, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ အမွတ္(၂)ရပ္ကြက္၊ နယ္ေျမ(၁) ေက်ာက္ေတာင္ရပ္ရွိ ေနအိမ္တြင္ အမ်ိဳးသား(၂)ဦးအား မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ၾသဂုတ္လ(၁)ရက္ေန႔ နံနက္(၆) နာရီခြဲအခ်ိန္က ဖမ္းဆီးရမိေၾကာင္း သိရသည္။

“သတင္းအရ ေစာင့္ၾကည့္ၿပီးမွ အသိသက္ေသေတြနဲ႔အတူ ရွာေဖြခြင့္ဝရမ္းနဲ႔ ဝင္ေရာက္ရွာေဖြတဲ့အခါမွာ ေနအိမ္အိပ္ခန္းအတြင္း အမ်ိဳးသား(၂)ဦးကိုေတြ႔ရတယ္။ သူတို႔အေရွ႕မွာခ်ထားတဲ့ ေကာ္ဘူးနဲ႔ ပုလင္းထဲက ဘိန္းျဖဴလို႔ ယူဆရတဲ့အမႈန္႔ေတြ၊ စိတ္ၾကြရူးသြပ္ေဆးျပားေတြနဲ႔ မူးယစ္ေဆးဝါးသံုးစြဲရာမွာအသံုးျပဳတဲ့ပစၥည္း အခ်ိဳ႕ကို ေတြ႔ရွိဖမ္းဆီးခဲ့တာျဖစ္ပါတယ္” ဟု ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႔မွ ဒုရဲအုပ္ေကာင္းျမတ္ေက်ာ္က တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ အမ်ိဳးသား(၂)ဦးႏွင့္အတူ ေတြ႔ရွိရသည့္ ဘိန္းျဖဴဟုယူဆရသည့္ ျဖဴ/ဝါေရာင္အမႈန္႔ ( ၂.၉) ဂရမ္၊ 88/1 တံဆိပ္ပါ ပန္းေရာင္ေဆးျပား(၈၇)ျပားတို႔ႏွင့္အတူ မူးယစ္ေဆးဝါးသံုးစြဲရာတြင္ အသံုးျပဳသည္ဟု ယူဆရသည့္ အေပါက္ေဖာက္၍ ပိုက္တပ္ထားသည့္ ေရသန္႔ေကာ္ဘူးတစ္ဘူး၊ ခဲျပား(၂)ခုတို႔အား ေတြ႔ရွိသိမ္းဆည္းခဲ့ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္ဆက္စပ္ပစၥည္းမ်ားအား သံုးစြဲရန္ႏွင့္ ေရာင္းခ်ရန္လက္ဝယ္ထားရွိသူ ဟန္လင္းေဇာ္ႏွင့္ စိုင္းေမာင္ေအးတို႔အား ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၈/၂၀၁၇၊ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစသည့္ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ-၁၅/၁၉(က) / ၂၁ အရ အမႈဖြင့္အေရးယူေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓာတ္ပံု #kmk


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ အမှတ်(၂)ရပ်ကွက်၊ နယ်မြေ(၁) ကျောက်တောင်ရပ်ရှိ နေအိမ်တွင် အမျိုးသား(၂)ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ သြဂုတ်လ(၁)ရက်နေ့ နံနက်(၆) နာရီခွဲအချိန်က ဖမ်းဆီးရမိကြောင်း သိရသည်။

“သတင်းအရ စောင့်ကြည့်ပြီးမှ အသိသက်သေတွေနဲ့အတူ ရှာဖွေခွင့်ဝရမ်းနဲ့ ဝင်ရောက်ရှာဖွေတဲ့အခါမှာ နေအိမ်အိပ်ခန်းအတွင်း အမျိုးသား(၂)ဦးကိုတွေ့ရတယ်။ သူတို့အရှေ့မှာချထားတဲ့ ကော်ဘူးနဲ့ ပုလင်းထဲက ဘိန်းဖြူလို့ ယူဆရတဲ့အမှုန့်တွေ၊ စိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့ မူးယစ်ဆေးဝါးသုံးစွဲရာမှာအသုံးပြုတဲ့ပစ္စည်း အချို့ကို တွေ့ရှိဖမ်းဆီးခဲ့တာဖြစ်ပါတယ်” ဟု ကျောက်မဲမြို့မရဲတပ်ဖွဲ့မှ ဒုရဲအုပ်ကောင်းမြတ်ကျော်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အမျိုးသား(၂)ဦးနှင့်အတူ တွေ့ရှိရသည့် ဘိန်းဖြူဟုယူဆရသည့် ဖြူ/ဝါရောင်အမှုန့် ( ၂.၉) ဂရမ်၊ 88/1 တံဆိပ်ပါ ပန်းရောင်ဆေးပြား(၈၇)ပြားတို့နှင့်အတူ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည်ဟု ယူဆရသည့် အပေါက်ဖောက်၍ ပိုက်တပ်ထားသည့် ရေသန့်ကော်ဘူးတစ်ဘူး၊ ခဲပြား(၂)ခုတို့အား တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်ဆက်စပ်ပစ္စည်းများအား သုံးစွဲရန်နှင့် ရောင်းချရန်လက်ဝယ်ထားရှိသူ ဟန်လင်းဇော်နှင့် စိုင်းမောင်အေးတို့အား ကျောက်မဲမြို့မရဲစခန်းတွင် မယ(ပ) ၁၈/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ-၁၅/၁၉(က) / ၂၁ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်
ဓာတ်ပုံ #kmk

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~