က်ိဳင္းလပ္တြင္ ပူးေပါင္းအဖြဲ႕ျဖင့္စစ္ေဆးေနစဥ္ စိတ္ၾကြေဆးျပား (၄၅)ျပား သယ္ေဆာင္လာသူအား ဖမ္းဆီးရမိ

က်ိဳင္းလပ္တြင္ ပူးေပါင္းအဖြဲ႕ျဖင့္စစ္ေဆးေနစဥ္ စိတ္ၾကြေဆးျပား (၄၅)ျပား သယ္ေဆာင္လာသူအား ဖမ္းဆီးရမိ
သြဂုတ် 28, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ က်ိဳင္းလပ္ၿမိဳ႕တြင္ မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႕ဝင္မ်ားႏွင့္ သက္ဆိုင္ရာသက္ေသမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ ၾသဂုတ္လ (၂၈)ရက္ေန႔တြင္ ဆိုင္ကယ္ေမာင္းႏွင္လာသူအား စစ္ေဆးရာမွ စိတ္ၾကြေဆးျပား (၄၅)ျပား ဖမ္းဆီးရမိေၾကာင္း သိရသည္။

ပူးေပါင္းတပ္ဖြဲ႕သည္ က်ိဳင္းလပ္ၿမိဳ႕တြင္ စစ္ေဆးမႈမ်ား ေဆာင္ရြက္ေနစဥ္ နမ့္ဆီး(အာခါ)ရြာဘက္မွ နမ့္ေငါ့ရြာဘက္သို႔ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အားတုဆိုသူအား စစ္ေဆးရာ ၎၏လြယ္အိတ္အတြင္းမွ ပန္းေရာင္စိတ္ၾကြေဆးျပား (၄၅)ျပားအား ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

စိတ္ၾကြေဆးျပားမ်ားႏွင့္ဖမ္းဆီးရမိသည့္ အားတုအား က်ိဳင္းလပ္နယ္ေျမရဲစခန္းတြင္ မယ(ပ) ၃/၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာသက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သြဂုတ်လ (၂၈)ရက်နေ့တွင် ဆိုင်ကယ်မောင်းနှင်လာသူအား စစ်ဆေးရာမှ စိတ်ကြွဆေးပြား (၄၅)ပြား ဖမ်းဆီးရမိကြောင်း သိရသည်။

ပူးပေါင်းတပ်ဖွဲ့သည် ကျိုင်းလပ်မြို့တွင် စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် နမ့်ဆီး(အာခါ)ရွာဘက်မှ နမ့်ငေါ့ရွာဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် အားတုဆိုသူအား စစ်ဆေးရာ၎င်း၏လွယ်အိတ်အတွင်းမှ ပန်းရောင်စိတ်ကြွဆေးပြား (၄၅)ပြားအား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးပြားများနှင့်ဖမ်းဆီးရမိသည့် အားတုအား ကျိုင်းလပ်နယ်မြေရဲစခန်းတွင် မယ(ပ) ၃/၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~