H1N1 သတင္းေၾကာင့္ေရႊ႕ဆုိင္းလိုက္သည့္ ေက်ာက္မဲေက်ာင္းေပါင္းစံုေဘာလံုးပြဲ က်င္းပမည့္ရက္ အတည္မျပဳႏုိင္ေသး

H1N1 သတင္းေၾကာင့္ေရႊ႕ဆုိင္းလိုက္သည့္ ေက်ာက္မဲေက်ာင္းေပါင္းစံုေဘာလံုးပြဲ က်င္းပမည့္ရက္ အတည္မျပဳႏုိင္ေသး
သြဂုတ် 22, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕တြင္ အားကစားႏွင့္ကာယပညာေကာ္မတီဥကၠဌဖလား ၿမိဳ႕နယ္ ေက်ာင္းေပါင္းစံု ေဘာလံုးၿပိဳင္ပြဲအား ရာသီတုပ္ေကြး H1N1 သတင္းေၾကာင့္ မူလက်င္းပမည့္ ၾသဂုတ္လ (၁၆)မွ ေရႊ႕ဆုိင္းလိုက္ၿပီးေနာက္ က်င္းပမည့္ရက္ကို ၾသဂုတ္လ(၂၂)ရက္ေန႔အထိ အတည္မျပဳ ႏိုင္ေသးေၾကာင္း သိရသည္။

“ကေလးေတြက ၿပိဳင္ပြဲအတြက္ ေလ့က်င့္တာေတြ လုပ္ထားၿပီးသားျဖစ္ေနၿပီ။ ေနာက္မၾကာခင္မွာပဲ သူတို႔ေတြ စာေမးပြဲလည္း လာေတာ့မွာျဖစ္တဲ့အတြက္ ျဖစ္ႏိုင္ရင္ ၿပိဳင္ပြဲကို ျမန္ျမန္စတင္ေပးေစလိုပါတယ္။ ရန္ကုန္လို H1N1 ဒီေလာက္ျဖစ္ပြားသူမ်ားေနတဲ့ၿမိဳ႕ႀကီးမွာေတာင္ ၿမိဳ႕ေတာ္ခန္းမေရွ႕မွာ ေဘာလံုးပြဲ ၾကည့္ဖို႔ လူစုခြင့္ရွိတာပဲ” ဟု အား/ကာ ေဘာလံုးေကာ္မတီဥကၠဌဦး ျမဝင္းက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါေဘာလံုးၿပိဳင္ပြဲအား ေဆးလိပ္ေငြ႔ကင္းစင္အထိမ္းအမွတ္အျဖစ္ က်င္းပရန္စီစဥ္ထားျခင္းျဖစ္ၿပီး အသင္း (၉)သင္း ဝင္ေရာက္ယွဥ္ၿပိဳင္သြားရန္ ျပင္ဆင္ထားေၾကာင္း သိရသည္။

ၿပိဳင္ပြဲက်င္းပရက္ သတ္မွတ္ႏုိင္ရန္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန၏ ခြင့္ျပဳခ်က္ ေစာင့္ဆိုင္းေနျခင္း ျဖစ္ေၾကာင္း သိရသည္။

ေဘာလံုးၿပိဳင္ပြဲအား ၾသဂုတ္လ (၁၆)ရက္ေန႔တြင္ က်င္းပရန္ျပင္ဆင္ေနခ်ိန္အတြင္း ၾသဂုတ္လ (၉)ရက္ေန႔က ေတာ့ဆန္ေက်းရြာအုပ္စုမွ H1N1 အတည္ျပဳ ကေလးလူနာ(၂)ဦး ေတြ႔ရိွခဲ့ၿပီးေနာက္ ေဘာလံုးပြဲအား ရက္ေရႊ႕ဆုိင္းထားျခင္းျဖစ္သည္။

ရွမ္းျပည္နယ္အတြင္း ဇူလုိင္လ (၃၁)ရက္ေန႔တြင္ H1N1 လူနာ စတင္ေတြ႔ရိွခဲ့ၿပီး ၾသဂုတ္လ (၁၇)ရက္ေန႔အထိ အတည္ျပဳလူနာ စုစုေပါင္း(၁၅)ဦးမွာ H1N1ေရာဂါကုသမႈေအာင္ျမင္ခဲ့သျဖင့္ ေဆးရံုမ်ားမွ အသီးသီး ဆင္းသြားၾကၿပီျဖစ္ေၾကာင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕က ၾသဂုတ္လ (၁၇)ရက္ေန႔တြင္ ထုတ္ေဖာ္ေျပာၾကားထားသည္။

လက္ရိွတြင္ ျပည္နယ္တြင္း H1N1 အတည္ျပဳလူနာမ်ား ေတြ႔ခဲ့ရသည့္ေဒသမ်ားတြင္ က်န္းမာေရး ဝန္ထမ္းအဖြဲ႕မ်ားက ေရာဂါႀကိဳတင္ကာကြယ္ေရးႏွင့္ ေရာဂါေစာင့္ၾကည့္ သတင္းပို႔စနစ္ျဖင့္ ဆက္လက္ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု #ေနၿဖိဳးျမင့္




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဌဖလား မြို့နယ် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲအား ရာသီတုပ်ကွေး H1N1 သတင်းကြောင့် မူလကျင်းပမည့် သြဂုတ်လ (၁၆)မှ ရွှေ့ဆိုင်းလိုက်ပြီးနောက် ကျင်းပမည့်ရက်ကို သြဂုတ်လ(၂၂)ရက်နေ့အထိ အတည်မပြု နိုင်သေးကြောင်း သိရသည်။

“ကလေးတွေက ပြိုင်ပွဲအတွက် လေ့ကျင့်တာတွေ လုပ်ထားပြီးသားဖြစ်နပြေီ။ နောက်မကြာခင်မှာပဲ သူတို့တွေ စာမေးပွဲလည်း လာတော့မှာဖြစ်တဲ့အတွက် ဖြစ်နိုင်ရင် ပြိုင်ပွဲကို မြန်မြန်စတင်ပေးစေလိုပါတယ်။ ရန်ကုန်လို H1N1 ဒီလောက်ဖြစ်ပွားသူများနေတဲ့မြို့ကြီးမှာတောင် မြို့တော်ခန်းမရှေ့မှာ ဘောလုံးပွဲ ကြည့်ဖို့ လူစုခွင့်ရှိတာပဲ” ဟု အား/ကာ ဘောလုံးကော်မတီဥက္ကဌဦး မြဝင်းက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

အဆိုပါဘောလုံးပြိုင်ပွဲအား ဆေးလိပ်ငွေ့ကင်းစင်အထိမ်းအမှတ်အဖြစ် ကျင်းပရန်စီစဉ်ထားခြင်းဖြစ်ပြီး အသင်း (၉)သင်း ဝင်ရောက်ယှဉ်ပြိုင်သွားရန် ပြင်ဆင်ထားကြောင်း သိရသည်။

ပြိုင်ပွဲကျင်းပရက် သတ်မှတ်နိုင်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ခွင့်ပြုချက် စောင့်ဆိုင်းနခြေင်း ဖြစ်ကြောင်း သိရသည်။

ဘောလုံးပြိုင်ပွဲအား သြဂုတ်လ (၁၆)ရက်နေ့တွင် ကျင်းပရန်ပြင်ဆင်နေချိန်အတွင်း သြဂုတ်လ (၉)ရက်နေ့က တော့ဆန်ကျေးရွာအုပ်စုမှ H1N1 အတည်ပြု ကလေးလူနာ(၂)ဦး တွေ့ရှိခဲ့ပြီးနောက် ဘောလုံးပွဲအား ရက်ရွှေ့ဆိုင်းထားခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အတွင်း ဇူလိုင်လ (၃၁)ရက်နေ့တွင် H1N1 လူနာ စတင်တွေ့ရှိခဲ့ပြီး သြဂုတ်လ (၁၇)ရက်နေ့အထိ အတည်ပြုလူနာ စုစုပေါင်း(၁၅)ဦးမှာ H1N1ရောဂါကုသမှုအောင်မြင်ခဲ့သဖြင့် ဆေးရုံများမှ အသီးသီး ဆင်းသွားကြပြီဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့က သြဂုတ်လ (၁၇)ရက်နေ့တွင် ထုတ်ဖော်ပြောကြားထားသည်။

လက်ရှိတွင် ပြည်နယ်တွင်း H1N1 အတည်ပြုလူနာများ တွေ့ခဲ့ရသည့်ဒေသများတွင် ကျန်းမာရေး ဝန်ထမ်းအဖွဲ့များက ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစောင့်ကြည့် သတင်းပို့စနစ်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~