ခရီးသည္တင္ကားေပၚမွ အမ်ိဳးသမီးႏွစ္ဦးအား စိတ္ႂကြေဆးျပား(၁၆၀၀၀၀) ႏွင့္အတူ ကေလာၿမိဳ႕အထြက္တြင္ ဖမ္းဆီးရမိ

ခရီးသည္တင္ကားေပၚမွ အမ်ိဳးသမီးႏွစ္ဦးအား စိတ္ႂကြေဆးျပား(၁၆၀၀၀၀) ႏွင့္အတူ ကေလာၿမိဳ႕အထြက္တြင္ ဖမ္းဆီးရမိ
သြဂုတ် 28, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ကေလာၿမိဳ႕အထြက္ သာစည္ပူးေပါင္း စစ္ေဆးေရးစခန္း၌ ခရီးသည္ တင္ကားတြင္ လုိက္ပါလာသည့္ အမ်ိဳးသမီးခရီးသည္ (၂)ဦး၏ထုိင္ခံုအနီးမွ စိတ္ၾကြေဆးျပား (၁၆၀,၀၀၀)ကို ရွာေဖြသိမ္းဆည္း ရမိေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕၊ တပ္ဖြဲ႕စု(၂၅) ေတာင္ႀကီးႏွင့္ ကေလာၿမိဳ႕မ ရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္တို႔ ပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ ၾသဂုတ္လ (၂၆) ရက္ေန႔ ည(၉)နာရီအခ်ိန္က စြမ္းအဆင့္ျမင့္ ခရီးသည္ပို႔ေဆာင္ေရး ယာဥ္အား ရပ္တန္႔စစ္ေဆးရာ ခရီးသည္ မသီရိကိုကို၏ ထိုင္ခုံေျခရင္းရွိ လက္ဆြဲအိတ္အတြင္းမွ WY စာတမ္းပါ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၉၀၀၀၀) ျပားႏွင့္ ခရီးသည္ မနာမီး၏ ထိုင္ခုံေျခရင္းရွိ လက္ဆြဲအိတ္အတြင္းမွ WY စာတမ္းပါ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၇၀၀၀၀) ျပားတို႔အား ရွာေဖြေတြ႔ရိွရေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသူ မသီရိကိုကိုအား ကေလာၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၄၂/ ၂၀၁၇ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)ျဖင့္ လည္းေကာင္း၊ မနာမီးအား ကေလာၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၄၃/၂၀၁၇ မူး/ စိတ္ပုဒ္မ ၁၅/၁၉(က)ျဖင့္ လည္းေကာင္း အမွဳဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့အထွက် သာစည်ပူးပေါင်း စစ်ဆေးရေးစခန်း၌ ခရီးသည် တင်ကားတွင် လိုက်ပါလာသည့် အမျိုးသမီးခရီးသည် (၂)ဦး၏ထိုင်ခုံအနီးမှ စိတ်ကြွဆေးပြား (၁၆၀,ဝဝဝ)ကို ရှာဖွေသိမ်းဆည်း ရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၂၅) တောင်ကြီးနှင့် ကလောမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သြဂုတ်လ (၂၆) ရက်နေ့ ည(၉)နာရီအချိန်က စွမ်းအဆင့်မြင့် ခရီးသည်ပို့ဆောင်ရေး ယာဉ်အား ရပ်တန့်စစ်ဆေးရာ ခရီးသည် မသီရိကိုကို၏ ထိုင်ခုံခြေရင်းရှိ လက်ဆွဲအိတ်အတွင်းမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၉၀၀၀၀) ပြားနှင့် ခရီးသည် မနာမီး၏ ထိုင်ခုံခြေရင်းရှိ လက်ဆွဲအိတ်အတွင်းမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၇၀၀၀၀) ပြားတို့အား ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသူ မသီရိကိုကိုအား ကလောမြို့မရဲစခန်းတွင် မယ(ပ)၄၂/ ၂၀၁၇ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)ဖြင့် လည်းကောင်း၊ မနာမီးအား ကလောမြို့မရဲစခန်းတွင် မယ(ပ)၄၃/၂၀၁၇ မူး/ စိတ်ပုဒ်မ ၁၅/၁၉(က)ဖြင့် လည်းကောင်း အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~